backup og meta

မျက်နှာပေါ်မှာ ဝက်ခြံပေါက်တာ ဖုန်းစခရင်ခ်ကြောင့်များလား

မျက်နှာပေါ်မှာ ဝက်ခြံပေါက်တာ ဖုန်းစခရင်ခ်ကြောင့်များလား

တစ်နေ့တစ်နေ့ မျက်နှာပေါ်မှာ မလိုချင်ဘဲ တိုးလာနေတာက ဝက်ခြံ တွေ များလား။ မနက်နိုးလို့ မှန်ထဲကြည့်လိုက်မိတိုင်း မျက်နှာပေါ်မှာ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်က အကျအနကို နေရာယူလို့ မောင်းထုတ်မယ် ကြံပြန်တော့လည်း ချန်ခဲ့တဲ့ အမာရွတ်ကို အမှတ်တရ အနေနဲ့ သိမ်းထားရပြန်ရောလေ။

ဒီပြဿနာကို မကျေနပ်ခြင်းများစွာနဲ့ အဖြေထုတ်ကြည့်တော့ ဘာရယ် ရေရေရာရာ မသေချာဘဲ ကောက်ချက်ချလိုက်မိတာက မျက်နှာပေါ်မှာ ဝက်ခြံပေါက်တာ ဖုန်းစခရင်ခ်ကြောင့်များလား ဆိုပြီး ဖြစ်နေပြီလား။ ဒါဆိုရင်တော့ ကိုယ်ထုတ်ထားတဲ့ အဖြေက မှန်ရဲ့လားဆိုတာကို ဒီဆောင်းပါးလေး ထဲမှာ ကြည့်လိုက်နော်။

မျက်နှာပေါ်မှာ ဝက်ခြံပေါက်တာ ဖုန်းစခရင်ခ်ကြောင့်များလား

မျက်နှာပေါ်မှာ ဝက်ခြံ ပေါက်တာ ဖုန်းစခရင်ခ်ကြောင့်များလား ……. ဒီအဖြေက ရာနှုန်းပြည့်မမှန်ပါဘူး။ ဘာလို့ဒီလိုပြောရတာလဲဆိုတော့ လူတိုင်း ဖုန်းသုံးနေ၊ ဖုန်းနဲ့ မျက်နှာနဲ့ ကပ်ပြီး ပြောနေပေမဲ့ လူတိုင်း ဝက်ခြံ မထွက်ဘူးလေ။

ဖုန်းစခရင်မ်နဲ့ မျက်နှာကို ကပ်ပြောတဲ့အခါ ပုံမှန်အားဖြင့်ကတော့ ဘာမှ သိပ်မဖြစ်ပါဘူး။ ဒါပေမယ့် ဖုန်းကို အကြာကြီး ပြောမယ် ဖုန်းမျက်နှာပြင် ပူလာတဲ့အထိ ပြောမယ်ဆိုရင်တော့ အပူဒဏ်ကြောင့် အသားအရေကို ထိခိုက်နိုင်ပါတယ်။

နောက်တစ်ချက်ကတော့ ဖုန်းစခရင်မ်မှာ ဖုန်တွေရှိနေမယ်။ အဆီပြန်နေတဲ့ မျက်နှာပြင်မှာ ကပ်ပြောတဲ့အခါ ဖုန်မှုန့်တွေ မျက်နှာမှာ ကပ်ညှိပြီး ချွေးပေါက်တွေကို ပိတ်စေမှု ကနေတဆင့် မျက်နှာမှာ ဆားဝက်ခြံ နဲ့ အဖြူဆံတွေ ထွက်တဲ့ ဝက်ခြံတွေ ဖြစ်လာနိုင်ပါတယ်။

ဖြစ်နိုင်ခြေ အရှိဆုံးကတော့ ဖုန်းက touch screen ဆိုတဲ့အတွက်ကြောင့် ဘာပဲလုပ်လုပ် လက်ချောင်းလေးတွေကို သုံးပြီးလုပ်တယ်ဟုတ်။ ခန္ဓာကိုယ်ပေါ်က ရောဂါပိုးတွေ အများဆုံး ရှိနေနိုင်တဲ့ အစိတ်အပိုင်းကလည်း လက်ချောင်းလေးတွေပါ။ ဒီတော့ လက်ချောင်းတွေနဲ့ ဖုန်းစခရင်မ်ကို ထိတွေ့မှုက ဖုန်မှုန့်တွေ၊ ရောဂါပိုးတွေကို ပေါင်းကူးပေးသလို ဖြစ်သွားတာပေါ့။

သူတို့က ချွေးပေါက် ပိတ်ဆို့တာ၊ ချွေးပေါက်ထဲကနေ ဝင်ရောက်ပြီး အရေပြားကို ထိခိုက်စေတာတွေ ဖြစ်လာတဲ့အခါ ထိခိုက်လွယ်တဲ့ အသားအရေမှာ ဝက်ခြံဖြစ်တာ၊ အမည်းစက်တွေဖြစ်တဲ့ ဆားဝက်ခြံတွေ ဖြစ်တာအပြင် အခြား အသားအရေ ထိခိုက်တာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ ဖုန်းစကရင်ကြောင့် ဝက်ခြံထွက်တယ်လို့ ရာနှုန်းပြည့်ပြောလို့မရဘူး ဆိုပေမယ့် အားပေးနေတဲ့ အရာတစ်ခု ဆိုတာကတော့ မှန်ပါတယ်။

ဝက်ခြံဖြစ်လွယ်သူတွေက အခြားသူတွေထက် အသားအရေကို ပိုဂရုစိုက်ဖို့လိုမယ်

ဒီတော့ ဝက်ခြံ ပေါက်တတ်သူ တစ်ဦးအနေနဲ့ အစစအရာရာကို ဂရုစိုက်နိုင်မှ တော်ကာကျတော့မပေါ့။ ဒီတော့ ဝက်ခြံ ကင်းပြီး ကြည်လင်လှပချင်တယ်ဆိုရင်

• မျက်နှာကို ဝက်ခြံ အတွက် သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆေးနဲ့ သန့်စင်ပါ

• မိတ်ကပ်တွေကို သေချာဖျက်ပါ (Micellar water၊ Cleansing oilတွေ သုံးပါ)

တိုနာ သုံးပါ

ဆဲလ်သေတွေကို ပုံမှန် ဖယ်ရှားပေးပါ

• တစ်နေ့ နှစ်ကြိမ် မျက်နှာ သန့်စင်ပါ

• ဖုန်းစခရင်မ် အပါအဝင် တစ်နေ့တာမှာ ထိတွေ့မယ့် အရာတွေကို သန့်စင်အောင်လုပ်ပါ (အနည်းဆုံး တစ်နေ့ တစ်ကြိမ် လုပ်ပါ)

မျက်နှာကို ခဏခဏ မကိုင်ပါနဲ့

• ဝက်ခြံတွေကို ဆိတ်ဆွတာမျိုး မလုပ်ပါနဲ့

ရေများများ သောက်ပါ

• ဆေးလိပ် နဲ့ အရက်ကို တတ်နိုင်သမျှ လျှော့ပါ

• သွေးလည်ပတ်မှု ကောင်းစေတဲ့ လေ့ကျင့်ခန်း လုပ်ပါ

အိပ်ရေးဝဝ အိပ်ပါ

• အသားအရေ ထိန်းသိမ်းမှု လုပ်ပေးပါ။

နိဂုံးချုပ် အနေနဲ့ ပြောပြချင်တာက သင့်ကို ဝက်ခြံ ထွက်စေတဲ့အချက်က ဖုန်းစခရင်မ် တစ်ခုထဲကြောင့် မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ဟော်မုန်းအပြောင်းအလဲတွေ၊ နေထိုင်စားသောက်မှုပုံစံတွေကလည်း ဝက်ခြံဖြစ်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် နေ့စဉ် ဘဝနေထိုင်မှုပုံစံကိုပါ ပြောင်းလဲ ကြည့်ဖို့ ပြောပါရစေ ဝက်ခြံကြောင့် စိတ်ညစ်နေရသူလေးတို့ရေ………………

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

18/01/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝက်ခြံကင်းတဲ့ အသားအရေပိုင်ဆိုင်လိုသူတိုင်း လိုက်နာသင့်တဲ့အချက်

ဝက်ခြံတွေတိုင်း ကုသနည်းကအတူတူပဲလား..........


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 18/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement