backup og meta

အဖြစ်များသော ဝက်ခြံအမျိုးအစား (၅)မျိုးနှင့်ကုသဖြေရှင်းနည်းများ

ဝက်ခြံအမျိုးအစား အမျိုးမျိုးကွဲပြားသည်ကို သင်သိပါသလား။ သင့်ဝက်ခြံသည် မည်သည့်ဝက်ခြံအမျိုးအစားဖြစ်သည်ကို သိပါ သလား။ တစ်ခါတရံတွင် သင့်ဝက်ခြံကို ပျောက်ကင်းအောင် ကုသရန် ခက်ခဲပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင့်ဝက်ခြံအမျိုးအစားအတွက် သင့်လျော်သောဖြေရှင်းနည်းကို အသုံးမပြုသောကြောင့် ဖြစ်ပါသည်။ အဖြစ်များသော ဝက်ခြံအမျိုးအစားနှင့် ကုသနည်းများကိုအောက်တွင် ဖော်ပြထားပါ သည်။

ဝက်ခြံအမျိုးအစားများ

ဆားဝက်ခြံအမည်းဆံနှင့် ဝက်ခြံဖြူ (အဆီဖုဝက်ခြံ)

ဝက်ခြံသည် အဆီနှင့် အရေပြားဆဲ(လ်) အသေများ စုပေါင်းပြီး ချွေးပေါက်ထိပ်တွင် ပိတ်ဆို့ရာမှ ဖြစ်ပေါ်လာသည်။ ထိုဆဲလ်အသေနှင့် အဆီလုံးများသည် အရေပြားအောက်တွင် ရှိနေပါက ဝက်ခြံဖြူဖြစ်ပြီး Close comedo ဟုခေါ် သည်။ Close comedoသည် အရေပြားပေါ်တွင် ပေါ်လာပြီး လေနှင့်ထိတွေ့၍ အမဲရောင်ဖြစ်သွားပါက open comedo (သို့) အမည်းဆံဟုခေါ်သည်။ အညစ်အကြေးများကြောင့် အမည်းရောင် ဖြစ်သွားခြင်းမဟုတ်ပါ။

Papules

တစ်ခါတရံတွင် ဝက်ခြံသည် ရောင်ရမ်းကာ ပြည်ဖုများစုလာပြီး papules ဖြစ်လာပါသည်။ papules များကို လက်ဖြင့် ဆိတ်ဆွပါက အနာကျက်ပြီးသောအခါ အမာရွတ်ကျန်နိုင်ပါသည်။

Pustules (ပြည်ဖုများ)

Pustules သည်လည်း ဆဲလ်အသေနှင့် အဆီလုံးများရောင်ရမ်းရာမှ ဖြစ်ပေါ်လာသည်။ Pustules ကို အလယ်မှ အဖြူဆံနှင့် ဘေးတွင် အနီရောင်အဖုအနေဖြင့် တွေ့ရသည်။ Pustules များသည် ပြည်နှင့်ပြည့်နေပြီး လက်ဖြင့်ဆိတ်ဆွပါက အမာရွတ်ထင်ကျန်နိုင်သည်။ သင့်အသားအရေကိုထိကိုင်ကြည့်လျှင် ကော်ဖတ်ကိုထိကိုင်နေသကဲ့သို့ ခံစားရမည်။

Nodules (အဖုလုံးများ)

Nodules အမျိုးအစား ဝက်ခြံများသည် တခြားသောအမျိုးအစားများထက် ပို၍ ဆိုးသောအမျိုးအစား ဖြစ်သည်။ ၎င်းတို့သည် အရေပြားအတွင်းထဲမှဖြစ်ပေါ်လာပြီးရောင်ရမ်းကာ မာသောပုံစံရှိပြီး နာကျင်တတ်သည်။ ၎င်းတို့သည် ပျောက်ကင်းသွားပါက အနီရောင်အကွက်(သို့)အမာရွတ်ကျန်ခဲ့တတ်သည်။

Cyst acne (ဝက်ခြံအိတ်)

ဝက်ခြံအိတ်များသည် nodule နှင့် ပုံစံတူသည်။ သို့ သော်လည်း ပို၍ကြီးသည်။ အရေပြားအတွင်းထဲမှ ဖြစ်ပေါ်လာ ပြီးအတွင်းတွင် ပြည်နှင့်ပြည့်နေသည်။ ဝက်ခြံအိတ်များသည် ပျော့၍နာကျင်စေသည်။ ပျောက်ကင်းသောအခါ အမာရွတ်ကျန် စေနိုင်သည်။ သင့်တွင် ဝက်ခြံအိတ် ရှိသောအချိန်တွင်မည်သူနှင့်မျှ တွေ့ချင်တော့မည် မဟုတ်ပါ။

ကုသနည်း

ဝက်ခြံကုသနည်းများသည် အခြေအနေပေါ်မူတည်၍ ကွဲပြား ကြသည်။

ဝက်ခြံအနုစား

• ဝက်ခြံအနုစားများတွင် အမည်းဆံ နှင့် ဝက်ခြံဖြူ (အဆီဖု ဝက်ခြံ) ပြည်ဖုသေးသေးလေးများ ပါဝင်သည်။ ၎င်းတို့ကိုကုသရန် နည်းလမ်းများစွာရှိ သည်။ မလိုအပ်သောအဆီပိုများ၊ ဆဲလ်အသေများနှင့် အညစ် အကြေးများဖယ်ရှားနိုင်ရန် သင့်အသားအရေကို မျက်နှာသစ်ဆေးအပျော့စား နှင့် ရေနွေးနွေးဖြင့် တစ်နေ့ (၂)ကြိမ် ဆေးကြောပါ။ အရေပြားကို မပွတ်ပါနှင့်။ ဆေးဆိုင်မှာ ကိုယ်တိုင်ဝယ်ယူနိုင်သော မျက်နှာသစ်ဆေးများကို အသုံးပြုနိုင်ပါသည်။ သို့သော် သင့်အသားအရေကို ခြောက်သွေ့ခြင်းများဖြစ်နိုင်ပါသည်။ သင့်တွင် အခက်အခဲရှိလျှင်ဆရာဝန်နှင့်တိုင်ပင်သင့်ပါသည်။

• အဆီပိုများဖယ်ရှားနိုင်ရန် benzoyl peroxide ကိုအသုံးပြုနိုင် ပါသည်။

• ဆားဝက်ခြံအမည်းဆံ နှင့် ဝက်ခြံဖြူ များကို ဖယ်ရှားနိုင်ရန် salicylic acid နှင့် sulfurကို အသုံးပြုနိုင်ပါသည်။

၈ပတ်ကြာကုသပြီး၍ တိုးတက်မှုမရှိလျှင် တခြားဆေးဝါးများ ညွှန်ကြားနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

အသင့်အတင့် ဆိုးရွားသောဝက်ခြံ

အသင့်အတင့်ဆိုးသော ဝက်ခြံများတွင် မျက်နှာအနှံ့တွင် ပျံ့နှံ့နေသော ဆားဝက်ခြံအမည်းဆံ၊ ဝက်ခြံဖြူ ၊ Nodules၊ Papules များ ပါဝင်သည်။ ၎င်းတို့၏ ကုသနည်းမှာ ပို၍ခက်ခဲပါသည်။ ဆရာဝန်သည် ပိုးသတ်ဆေးလိမ်းဆေး (သို့) retinoic acid ပါသော creams (သို့) Lotions ကိုလိမ်းရန် ညွှန်ကြားပါလိမ့်မည်။ retinoic acid သည် ဆားဝက်ခြံမထွက်အောင် ကာကွယ်ပေးသည်။ ထို့ပြင် အနာကျက်စေရန် ပိုးသတ်ဆေးသောက်ဆေးကိုလည်း ညွှန်ကြားပါလိမ့်မည်။ အကယ်၍ သင်သည် ကိုယ်ဝန်တားဆေးသောက်သုံးနေသူဆိုလျှင် ပိုးသတ်ဆေး၏ အာနိသင်ကို နှောင့်ယှက်စေနိုင်ပါသည်။ ထို့ကြောင့် သင့်ဆရာဝန်ကို သင့် တော်သော ကိုယ်ဝန်တားနည်းပေးရန် တိုင်ပင်သင့် သည်။ Benzoyl peroxide ကိုလည်း ဝက်ခြံကုသရန် အသုံးပြု နိုင်သည်။ အသေားအရေသည် ပိုးသတ်ဆေးသောက်သောအခါ နေရောင်ဒဏ်ကိုပို၍မခံနိုင်ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် နေလောင်ဒဏ်ကာသည့်ပစ္စည်းများ၊ အဝတ်များဖြင့် သင့်အသားအရေကို ကာကွယ်ရန် သတိရပါ။

ပြင်းထန်သောဝက်ခြံ

ပြင်းထန်သောဝက်ခြံတွင် နက်ရှိုင်းသော ဝက်ခြံအိတ် (deep cyst) ပါဝင်ပြီး ပို၍ခက်ခဲသောကုသမှု လိုအပ်ပါသည်။ ပြင်းထန်ဝက်ခြံသည် ရောင်ရမ်း၍ နီရဲနေပြီးအသားအရေကို ပျက်စီးစေပါသည်။ အိမ်တွင်းကုသနည်းနှင့် ကုသ၍မရဘဲ အရေပြားဆရာဝန်နှင့် ကုသသင့်ပါသည်။ သင့်ကို ပိုးသတ်ဆေးသောက်ဆေးတချို့ ညွှန် ကြားပါလိမ့်မည်။ အရည်ကြည်ဖုအကြီးများကို သေးသွားစေရန် ကုသ၍ ရပါသည်။ တခြားသောဆေးများနှင့် မသက်သာလျှင် ပို၍ကောင်းမွန်သော Accutane ဆိုသော ဆေးဝါးကို အသုံးပြု နိုင်ပါသည်။ သို့သော်လည်း ဆရာဝန်၏ ညွှန်ကြားချက်ရှိမှ အသုံးပြုသင့်သည်။ ဆေးဝါးကို အချိန်မှန်စွာအသုံးမပြုပါက (သို့) အလွန်အကျွံအသုံးပြုပါက ဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။ တစ်ခါတစ်ရံတွင် အဆီအိတ်များသည် ဖယ်ရှားသင့်ပါသည်။ သို့သော်လည်း မိမိဖာသာအိမ်တွင်ဖယ်ခြင်း၊ ဆိတ်ဆွခြင်းမျိုး မလုပ်ပါနှင့်။ ထိုသို့ပြုလုပ်ပါက ပိုးဝင်ပြီးအမာရွတ် ဖြစ်နိုင်ချေ ပိုများပါသည်။ အရေပြားဆရာဝန်တွင် အဖုများကိုဖယ်ရှားရန် စွမ်းရည်နှင့်ပစ္စည်းကိရိယာအစုံရှိပါသည်။ (၆)ပတ်၊ (၈)ပတ်ကြာ၍ တိုးတက်မှုမရှိလျှင် အရေပြားဆရာဝန် နှင့် ပြသပါ။

ဝက်ခြံများသည် အမျိုးအမည်များစွာရှိပြီးတစ်ခုချင်းစီတွင် သက်ဆိုင်ရာကုသနည်းများရှိပါသည်။ မကုသမီ သင့်ဝက်ခြံအမျိုးအစားကို သိရှိအောင်ပြုလုပ်ပြီး ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးကာ ကုသမှုခံယူနိုင်ပါသည်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Acne – Treatment Overview.
http://www.webmd.com/skin-problems-and-treatments/acne/acne-vulgaris-treatment-overview. Accessed January 9, 2017.

Acne.
https://www.womenshealth.gov/a-z-topics/acne. Accessed January 9, 2017.

Acne.
http://www.mayoclinic.org/diseases-conditions/acne/basics/symptoms/con-20020580. Accessed January 9, 2017.
Slideshow: Acne Visual Dictionary.

http://www.webmd.com/skin-problems-and-treatments/acne/ss/slideshow- acne-dictionary. Accessed January 9, 2017.

ယခုပုံစံ

15/02/2022

Dr. Sandar Lin မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝက်ခြံဖြစ်ခြင်းကို ကာကွယ်ပေးမည့် အသားရေထိန်းပစ္စည်းများ

ဝက်ခြံအမာရွတ်တွေကိုကုသကြမယ်


Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr. Sandar Lin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/02/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။