backup og meta

သင့်အရေပြားဆရာဝန်က ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်များကို ဖယ်ရှားနိုင်သလား

သင့်အရေပြားဆရာဝန်က ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်များကို ဖယ်ရှားနိုင်သလား
သင့်အရေပြားဆရာဝန်က ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်များကို ဖယ်ရှားနိုင်သလား

ဝက်ခြံပေါက်ခြင်းသည် သေစေလောက်သော ပြဿနာ မဟုတ်သော်လည်း ဝက်ခြံပေါက်ပြီးကျန်ခဲ့သော အမာရွတ်များသည် သင့် ရုပ်ရည်ကိုထိခိုက်စေသည်။ ထိုအမာရွတ်များကို ကုသရန် အိမ်တွင်းကုထုံးများဖြင့်သော်လည်းကောင်း အရေပြားဆရာဝန်ကိုသွားပြခြင်းဖြင့်သော်လည်းကောင်းကုသနိုင်သည်။

အရေပြားဆရာဝန်က ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်များကို ဖယ်ရှားနိုင်သလား။

ဝက်ခြံပေါက်ပြီးလျှင် အမာရွတ်များကျန်ခဲ့တတ်သည်။ ဝက်ခြံကို နောက်ဆက်တွဲဆိုးကျိုးများမရှိအောင် ကုနိုင်သော်လည်း အမာရွတ်များကိုမူ အပြီးပျောက်ရန်ကုဖို့ရာ မလွယ်ပါ။ ဝက်ခြံပေါက်လျှင် ရက်သတ္တပတ် အနည်းငယ်သာကြာမြင့်သော်လည်း ဝက်ခြံအမာရွတ်များသည် တသက်လုံးမပျောက်ဘဲရှိနေတတ်သည်။

သို့သော် သင့်တွင် ဝက်ခြံအမာရွတ်များရှိနေပါက မစိုးရိမ်ပါနှင့်။ ယခုခေတ်တွင် ကုသနိုင်သော ဝက်ခြံအမာရွတ်များ၏ အရောင်နှင့် ပုံစံကို ပြောင်းလဲနိုင်သောနည်းလမ်းများစွာရှိပါသည်။

သင်အသုံးပြုနေသော မိတ်ကပ်ဖြင့်လည်း သင့် အမာရွတ်ကိုမမြင်ရအောင်ဖုံးနိုင်ပါသည်။

ဝက်ခြံအမာရွတ်အတွက် ကုသမှုများ

ယင်းကုသမှုများသည် အောက်ဖော်ပြပါ အချက်များအပေါ်မူတည်ပြီး လူတဦးနှင့် တဦး ကွဲပြားနိုင်သည်။

  • အသက်
  • ကျန်းမာရေးအခြေအနေ
  • ယခင် ဆေးမှတ်တမ်း
  • ဝက်ခြံအမာရွတ်အမျိုးအစား
  • သင့်ထင်မြင်ချက်
  • ဝက်ခြံအမာရွတ်အတွက် ကုသနိုင်သော နည်းလမ်းများစွာရှိပါသည်။

လေဆာရောင်ခြည်နှင့် အလင်းရောင်ကုထုံး

၎င်းသည် အမာရွတ်ကိုသေးငယ်အောင်လုပ်သော ကုထုံးဖြစ်သည်။ သင့်အရေပြားပေါ်တွင်ရှိသော အခြားသော အမှတ်အစက်များကိုပါ ဖျောက်ပေးနိင်ပြီး သင့်အရေပြားကို ပိုချောမွေ့ပြီး ပိုကျန်းမာစေသည်။ သင်လည်းပိုနုပျိုသွားပေလိမ့်မည်။ ထိုကုသမှုအတွက် မိနစ် ၃၀ မှ ၂နာရီအထိကြာမြင့်ပေသည်။

ရက် ၁၀ မှ၂၀ အတွင်းတွင် အရေပြားဆဲလ်အသစ်များပြန်လည်မွေးဖွားလာမည်ဖြစ်ပြီး ၂လမှ ၃လအတွင်းတွင် သင့် အမာရွတ်များ မှေးမှိန်သွားမည်ဖြစ်သည်။

ထ်ုကုသမှုခံယူနေစဉ် မည်သည့်ဆေးများသောက်နေကြောင်းကို ဆရာဝန်အားပြောပါ။ အထူးသဖြင့် Aspirin, Ibuprofen, Vitamin E တို့သည် သွေးမတိတ်စေနိင်သောကြောင့်ဖြစ်သည်။

သင့်အရေပြား ကို SPF 30 နှင့်အထက်ပါဝင်သောနေကာ ခရင်မ်များလိမ်းခြင်း၊ အကျီၤလက်ရှည်များဝတ်ခြင်းဖြင့် ကာကွယ်ပါ။

အရေပြားတင်းဆေးများထိုးခြင်း

ထိုဆေးများကို အရေပြားအောက်တွင် collagen ဟုခေါ်သော အရေပြားတင်းရင်းစေသောဓါတ်ရရှိရန်ထိုးရခြင်းဖြစ်ပြီး ၎င်း၏အာနိသင်သည် ၁ နှစ်ကြာလျှင် ပျောက်ကွယ်သွားမည်ဖြစ်သည်။

မျက်နှာအရေပြားအပေါ်ယံလွှာကို ဓါတုဗေဒနည်းဖြင့်ဖယ်ရှားခြင်း

၎င်းနည်းကို နေလောင်ထားသူများနှင့် အမာရွတ်ရှိသူများတွင် ပြုလုပ်သည်။

ပြုလုပ်နေစဉ်တွင် ဆရာဝန်က ဓါတုဗေဒပစ္စည်းတမျိုးကိုသင့် အရေပြားပေါ်တွင်လိမ်းပြီး ခဏကြာတွင် အရေပြားအပေါ်ယံလွှာကိုဖယ်ရှားလိုက်ခြင်းဖြစ်သည်။ ထိုနည်းဖြင့် သင့် အရေပြားဆဲလ်အသစ်များကို မွေးဖွားပေးပြီး အမာရွတ်များကိုလည်း မှေးမှိန်သွားစေနိုင်ပါသည်။

အရေပြားအပေါ်ယံလွှာကို စားချခြင်း

၎င်းသည် အမာရွတ်ပုံစံမလှသူများနှင့် အရောင်ထင်းသူများတွင် အသုံးပြုသောနည်းဖြစ်သည်။ ဝိုင်ယာပွတ်တံ သို့မဟုတ် စိန်သွားကို အသုံးပြုရခြင်းဖြစ်ပြီး ကုသပြီး ၅ရက် ၁ပတ်ခန့်အကြာတွင် အရေပြားဆဲလ်အသစ်များပြန်ဖြစ်လာမည်ဖြစ်သည်။ ၆ ပတ်မှ ၁၂ပတ်အကြာတွင် အမာရွတ်များ မှေးမှိန်သွားမည်ဖြစ်သည်။

အထက်ဖော်ပြပါ ကုသမှုများအပြီးတွင် သင့် အသားရေကို အထူးဂရုစိုက်ရမည်ဖြစ်သည်။

  • သင့် အရေပြားကို သန့်စင်သောရေဖြင့်နေ့စဉ်ဆေးကြောပါ။ ပိုးဝင်ခြင်းကို ကာကွယ်ရန် သန့်စင်ဆေးရည်ကိုသုံးပါ။ ပိုးဝင်လျှင် အမာရွတ်များထင်ကျန်စေနိုင်သောကြောင့်ဖြစ်သည်။
  • သင့်အနာအတွက် ပတ်တီးကိုမှန်မှန်လဲပေးပါ။ ယင်းသည် သင့် အတွက်အနာကျက်မြန်စေရန်နှင့် အရေပြားမခြောက်စေရန် ကူညီပေးလိမ့်မည်။ အစိုဓါတ်ရှိသော အသားရေက အသားခြောက်ခြင်းထက် အနာကျက်မြန်စေသည်။
  • ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ရန် သင့်အရေပြား ကို SPF 30 နှင့်အထက်ပါဝင်သောနေကာ ခရင်မ်များလိမ်းပေးပါ။
  • ဝက်ခြံ အမာရွတ်များသည် အလျှင်းမပျောက်ကင်းနိုင်သော်လည်း ယင်းတို့ကို သက်သာ စေမည့်ကုသမှုများကို ခံယူခြင်း၊ မိတ်ကပ်အမျိုးမျိုးတို့ဖြင့် ဖုံးအုပ်ခြင်းစသည့်နည်းလမ်းများစွာရှိပါသည်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. Acne Scar Removal.

http://www.hopkinsmedicine.org/healthlibrary/conditions/dermatology/acne_scar_removal_85,P00255/.

Accessed December 26, 2016.

2. Guide to Treating Acne Scars and Skin Damage.

http://www.webmd.com/skin-problems-and-treatments/acne/features/acne-scars#1.

Accessed December 26, 2016.

3. Cosmetic Procedures: Scars.

http://www.webmd.com/beauty/cosmetic-procedures-scars#1.

Accessed December 26, 2016.

Acne scarring.

http://www.webmd.boots.com/healthy-skin/guide/acne-scarring.

Accessed December 26, 2016.

ယခုပုံစံ

12/05/2020

Hello Sayarwon မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝက်ခြံအမာရွတ်တွေ ဖြစ်စေတဲ့ အဓိက အကြောင်းရင်းက ဘာလဲ

ဝက်ခြံကို ပိုဆိုးစေနိုင်မယ့် အလေ့အထ ၈ ခု



Hello Sayarwon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement