backup og meta

ဝက်ခြံကြောင့်ဖြစ်တဲ့ အမည်းစက်တွေကို ဘယ်လိုရင်ဆိုင်မလဲ

ဝက်ခြံကြောင့်ဖြစ်တဲ့ အမည်းစက်တွေကို ဘယ်လိုရင်ဆိုင်မလဲ

ဝက်ခြံ ဒါမှမဟုတ် အရေပြားမှာဖြစ်တဲ့ ဒဏ်ရာတွေကတဆင့် ကြွင်းကျန်ရစ်တဲ့ အမာရွတ်တွေ၊အမည်းစက်တွေဟာ ယေဘုယျအားဖြင့် အချိန်ကြာလာတာနဲ့အမျှ အလိုလို ပျောက်ကွယ်သွားလေ့ ရှိပါတယ်။ ဒါပေမယ့် တစ်ခါတလေ ဒီအမည်းစက်တွေ လုံးဝပျောက်ကွယ်သွားဖို့ နှစ်နဲ့ချီပြီးတော့လည်း ကြာတတ်ပြန်ပါတယ်။ ဓာတ်မတည့်ခြင်း ဒါမှမဟုတ် အသက်အရွယ် ကြီးရင့်လာခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အမည်းစက်တွေကတော့ အလိုလိုပျောက်မသွားရုံသာမက အချိန်ကြာလာလေ ပိုလို့ဆိုးလာလေတောင် ဖြစ်သွားနိုင်ပါတယ်။

စိတ်ရှည်ပါ။

· ဝက်ခြံအမာရွတ်တွေ ပျောက်ကင်းဖို့ အဓိကသော့ချက်က စိတ်ရှည်ဖို့ပဲ ဖြစ်ပါတယ်။ ဝက်ခြံဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်ကြာလို့ အမာရွတ်တွေထွက်လာပြီဆိုရင် အဆိုပါနေရာကို သွေးနဲ့အာဟာရတွေ ထောက်ပံ့ပေးဖို့အတွက် သွေးကြောအသစ်တွေ ရောက်ရှိလို့ လာပါပြီ။ ဒါကြောင့် ဖြစ်ခါစ အမာရွတ်အများစုဟာ ပန်းရောင်ဖြစ်နေတာပဲ ဖြစ်ပါတယ်။

· လအနည်းငယ်ကြာတဲ့အခါ collagen (ကော်လဂျင်) ဓာတ်တွေ စတင်ဖြစ်ပေါ်လာပြီး အမာရွတ်ဖြစ်နေတဲ့ နေရာမှာ စုပုံလို့ လာပါတယ်။ အရည်ကြည်လေးတွေပါဝင်တဲ့ ဝက်ခြံဟာ အရေပြားနဲ့ အဆီတွေကို ဖျက်ဆီးပစ်လိုက်နိုင်တဲ့အတွက် အမာရွတ်တွေ ပျောက်ကွယ်သွားဖို့ နှစ်နဲ့ချီပြီး အချိန်ယူရတာ ဖြစ်ပါတယ်။

နေလောင်ခံခရင်မ်လိမ်းပါ

သင့်မှာ အမာရွတ်တွေ ရှိရှိ မရှိရှိ နေလောင်ခံခရင်မ်လိမ်းဖို့ အရမ်းပဲ အရေးကြီးပါတယ်။ နေလောင်ခံခရင်မ်တွေဟာ ခရမ်းလွန်ရောင်ခြည်ဒဏ် နဲ့ ကင်ဆာရောဂါတွေကနေ ကာကွယ်ပေးနိုင်တဲ့အတွက် ပုံမှန်အသားအရေထိန်းသိမ်းမှုထဲမှာ သူတို့ကို ထည့်သွင်းပြုလုပ်ရပါလိမ့်မယ်။

တကယ်လို့ သင့်အနေနဲ့ အမာရွတ်တွေကို မြန်မြန်ပျောက်ချင်တယ်ဆိုရင် နေလောင်ခံခရင်မ်တွေကို မှန်မှန်အသုံးပြုပေးဖို့ ပိုအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ နေလောင်ခံခရင်မ်တွေဟာ နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးရုံသာမက ရှိရင်းစွဲ အမာရွတ်တွေနဲ့ အမည်းစက်တွေ ပိုပြီး ညိုမည်းမလာအောင် ကာကွယ်ပေးတဲ့အတွက်ပဲ ဖြစ်ပါတယ်။

ချေးချွတ်ခြင်း

ချေးချွတ်ခြင်းဟာလည်း သင့်အရေပြားအဟောင်းကို ကွာကျစေပြီး အပေါ်ယံမျက်နှာပြင်မှာ အရေပြားအသစ် ဖြစ်ပေါ်စေတာမို့ အမာရွတ်တွေကို အမြန်ပျောက်စေပါတယ်။ Scrubs လို့ခေါ်တဲ့ ချေးချွတ်ဆပ်ပြာသုံးတာ၊ ချေးတွန်းအဝတ် အသုံးပြုတာ စသဖြင့် နည်းအမျိုးမျိုးနဲ့ ချေးချွတ်နိုင်ပါတယ်။

ချေးချွတ်တာဟာ အမည်းစက်တွေကို အလျင်အမြန်ပျောက်ကင်းစေတဲ့ နည်းလမ်းတစ်ခု ဖြစ်ပေမယ့် ဒီလိုမျိုးချေးချွတ်ရာမှာ အသုံးပြုတဲ့ အရာတွေနဲ့ နည်းလမ်းတွေဟာ အရေပြားနီရဲရောင်ရမ်းခြောက်သွေ့တာ၊အရေပြားကွာတာတွေကို ဖြစ်စေနိုင်တယ်ဆိုတာကိုလည်း သတိထားသင့်တဲ့အပြင် ချေးချွတ်ခြင်းကြောင့် သင့်အသားအရေဟာ နေလောင်ဒဏ်ကို ပိုခံရစေနိုင်တဲ့အတွက် နေလောင်ခံခရင်မ်ကောင်းကောင်း အသုံးပြုဖို့ဟာ ပိုလို့တောင် အရေးကြီးပါသေးတယ်။

အသားဖြူဆေး အသုံးပြုခြင်း

ချေးချွတ်ခြင်းအပြင် kojic acid၊ နွယ်ချို၊ ဘယ်ရီသီး တစ်မျိုးက ရရှိတဲ့ arbutin ဓာတ်၊ မယ်လ်ဘယ်ရီသီး၊ ဗီတာမင် စီ အစရှိတဲ့ အသားအရေကို ဖြူစင်စေတဲ့ အရာတွေနဲ့လည်း အမည်းစက်တွေကို တိုက်ထုတ်နိုင်ပါတယ်။

အမာရွတ်ပေါ်မှာ ဗီတာမင် အီး ကို အသုံးမပြုရပါဘူး။ ဗီတာမင် အီး ဟာ အမာရွတ်တွေကို လျင်မြန်စွာ ပျောက်ကင်းစေတယ်လို့ သင့်အနေနဲ့ ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ ဒါပေမယ့် မိုင်ယာမီတက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာချက်တခုအရ အာဟာရဓာတ်တွေကို အမာရွတ်နဲ့ တိုက်ရိုက်ထိတွေ့ အသုံးပြုမယ်ဆိုရင် အမာရွတ်ပျောက်ဖို့ ပိုလို့တောင် ကြာမြင့်စေတယ်လို့ ဆိုပါတယ်။ ဗီတာမင် အီး ဟာ ကောင်းကျိုးမရှိရုံမျှမက လူနာကိုးဆယ်ရာခိုင်နှုန်းမှာ ပိုလို့တောင် ဆိုးသွားစေတယ်ဆိုတာကို အဆိုပါ လေ့လာမှုကတဆင့် သိရှိခဲ့ရတာပါ။

တကယ်လို့ သင့်အမာရွတ်တွေဟာ သူ့အလိုလို ပျောက်ကွယ်မသွားဖူးဆိုရင် သင့်အနေနဲ့ အရေပြားဆရာဝန်နဲ့ ပြသဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ လေဆာရောင်ခြည်အသုံးပြု ကုသခြင်းဟာ သင့်အရေပြားမျက်နှာပြင်ကို ချောမွေ့ညီညာစေတဲ့အပြင် collagen (ကော်လဂျင်) ဓာတ်အသစ်တွေ ဖြစ်ပေါ်မှုကိုလည်း အားပေးပါတယ်။ collagen ဓာတ်ဟာ အရေပြားရဲ့ ဖွဲ့စည်းတည်ဆောက်မှုမှာ အရေးပါတဲ့ ပရိုတင်းတမျိုး ဖြစ်တဲ့အတွက် အသစ်ဖြစ်ပေါ်လာတဲ့ collagen ဓာတ်တွေဟာ ဝက်ခြံအမာရွတ် ချိုင့်ခွက်နဲ့ အမာရွတ်တွေကို ညီညာချောမွေ့သွားစေမှာပဲ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to Fade Post-Acne Red Marks, Dark Spots, Pigmentation, Etc.
http://www.skinacea.com/how-to/fade- acne-marks.html#.WCVH75A2sds. Accessed 11
November, 2016

Dark Marks and Acne Scars: Your Complete Guide

http://www.teenvogue.com/story/how-to-treat-acne- scars-and- dark-marks. Accessed 11 November, 2016

Guide to Treating Acne Scars and Skin Damage

http://www.webmd.com/skin-problems- and-treatments/acne/features/acne-scars#1. Accessed 11 November, 2016.

ယခုပုံစံ

17/08/2020

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အလှအပအတွက်တင်မက ကျန်းမာရေးအတွက်ပါ အသုံးဝင်တဲ့ မြန်မာ့ သနပ်ခါး

သခွားသီးက ပေးစွမ်းနိုင်တဲ့ အလှအပ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 17/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement