ကျွန်ုပ်တို့အများစုသည် ကိုယ်တွေးထားသည်ထက်ပို၍ စိတ်ဖိစီးမှုများသောဘဝများတွင် နေထိုင်နေကြရပါသည်။ အလုပ်တွင်သာမက မိသားစုတွင်ပါ အလုပ်များသောသူများသည် ဖိအားများသော ဘဝတွင်နေထိုင်ကြရသည်။ လေ့လာမှုအများစုတွင် စိတ်ဖိစီးမှုနှင့် နေမကောင်းဖြစ်ခြင်းတို့ ဆက်စပ်မှုရှိကြောင်း ဖော်ပြကြသည်။ စိတ်ဖိစီးမှုကို ဖြေဖျောက်ရန် ကျွန်ုပ်တို့သုံးကြသော နည်းလမ်းများသည်လည်း မကောင်းသောကျန်းမာရေးရလဒ်များဖြစ်လာစေသည်။ ထိုအခြေအနေများတွင် ဝက်ခြံပေါက်ခြင်းသည်လည်း ကျွန်ုပ်တို့ကို စိတ်ဖိစီးမှုများစေသော အကြောင်းရင်းတစ်ရပ်ဖြစ်လာပြန်သည်။ သို့သော် စိတ်ဖိစီးမှုသည် ဝက်ခြံပေါက်ခြင်းကို ဖြစ်စေသလား ဟူသောမေးခွန်းကို မူ မဟုတ်ပါ ဟုဖြေရပေမည်။
