backup og meta

ဝက်ခြံဖြစ်ပြီးနောက် ကျန်ရစ်သော အမာရွတ်ပုံစံ ၂မျိုး

ဝက်ခြံဖြစ်ပြီးနောက် ကျန်ရစ်သော အမာရွတ်ပုံစံ ၂မျိုး

ဝက်ခြံအမာရွတ်များသည် ဝက်ခြံဖြစ်ပြီးနှစ်ပေါင်းများစွာ အထိ ကျန်ရှိနေနိုင်ပါသည်။

ပထမအဆင့် ဝက်ခြံပေါက်မည်။ ဒုတိယ သင်သည် အမာရွတ်များနှင့် ရင်ဆိုင်ရမည်။ ထိုအမာရွတ်များကိုကုသရန် သင့်အမာရွတ်ပုံစံများကို ရှင်းလင်းစွာသိထားသင့်သည်။

ဝက်ခြံ အမာရွတ်ဟူသည် ဝက်ခြံပေါက်ပြီး အနာကျက်နေသော အချိန်တွင် အရေပြားပျက်စီးသွားသောကြောင့် ဖြစ်လာရခြင်းဖြစ်သည်။ ဝက်ခြံ အမာရွတ်တွင် သေးကျုံ့သွားသော အမာရွတ်နှင့် ပိုကြီးလာသော ကီးလွိုက်အမာရွတ်ဟူ၍ ၂ မျိုးရှိသည်။

သေးကျုံ့သွားသော အမာရွတ်

သေးကျုံ့သွားသော အမာရွတ်များသည် ပိုကြီးလာသော ကီးလွိုက်အမာရွတ်များထက် ပိုအဖြစ်များသည်။ ယင်းတွင် အောက်ဖော်ပြပါအတိုင်း အမျိုးအစား ၃ မျိုးရှိပါသည်။

၁။ Rolling scars

ထိုအမာရွတ်များသည် ၄-၅ မီလီမီတာခန့်ရှိပါသည်။ လုံးဝန်းသောပုံစံနှင့် ပြေလျောသော အနားသတ်တို့ရှိကြသည်။ ထိုအမာရွတ်များသည် သင့် မျက်နှညပေါ်တွင် ဒလှိမ့်တုံးနှင့် လှိမ့်ထားသလို သို့မဟုတ် M ပုံသဏ္ဍာန်ရှိကြသည်။ ဠင်းပုံစံ အမာရွတ်များသည် ကာလရှာကြည်စွာရောင်ရမ်းနေသော ဝက်ခြံများကြောင့်ဖြစ်ရသည်။

လေဆာရောင်ခြည်ဖြင့်ကုသခြင်း၊ မျက်နှာအရေပြားအပေါ်ယံလွှာကို ဓါတုဗေဒနည်းဖြင့်ဖယ်ရှားခြင်း၊ အရေပြားအပေါ်ယံလွှာကို စားချခြင်း၊

အနီရောင်ကုထုံး စသည်တို့ဖြင့် အမာရွတ်များကို သက်သာစေသည်။

၂။ Boxcar scars

ဠင်းတို့သည် စက်ဝိုင်းပုံ၊ ဘဲဥပုံများရှိကြပြီး U ပုံသဏ္ဍာန်ကဲ့သို့ထောင်လိုက်ဖြစ်သော အမာရွတ်များဖြစ်သည်။ ဠင်းအမာရွတ်များ သည် နက်နိုင်သလို တိမ်သောအမာရွတ်များလည်းရှိသည်။ ၎င်းတို့သည် ပုံမှန်အရေပြားအတိုင်းဖြစ်စေရန် ကုရခက်သည်။

လေဆာရောင်ခြည်ဖြင့်ကုသခြင်း၊ အရေပြားတင်းဆေးများထိုးခြင်းဖြင့် အမာရွတ်များမှေးမှိန်သွားနိုင်သည်။ မျက်နှာအရေပြားအပေါ်ယံလွှာကို ဓါတုဗေဒနည်းဖြင့်ဖယ်ရှားခြင်း၊ခွဲစိတ်ခြင်းတို့လည်းပြုလုပ်နိုင်သည်။

၃။ Icepick scars

၎င်းအမာရွတ်များသည် ၂ မီလီမီတာခန့်ရှိပြီး စောက်နက်ပါသည်။ V ပုံသဏ္ဍာန်ရှိသည်။ ထိုအမာရွတ်များသည် ပိုကုရခက်သည်။ ခွဲစိတ်ကုခြင်းက လေဆာရောင်ခြည်ဖြင့်ကုသခြင်း၊ မျက်နှာအရေပြားအပေါ်ယံလွှာကို ဓါတုဗေဒနည်းဖြင့်ဖယ်ရှားခြင်း၊ အရေပြားအပေါ်ယံလွှာကို စားချခြင်း စသည့်နည်းများထက်ပို အသုံးတည့်သည်။

အချို့သောသူများသည် အမာရွတ်ပုံစံမျိုးစုံရှိသည်ဖြစ်ရာ တိကျစွာခွဲခြမ်းစိတ်ဖြာပြီးမှ သင့်တော်သော ကုသမှုမျိုးကိုပေးရသည်။

ပိုကြီးလာသော ကီးလွိုက်အမာရွတ်

ဠင်းတို့သည် အရေပြားတွင် ကော်လဂျင် ပမာဏလွန်ကဲခြင်း သို့မဟုတ် ကော်လဂျင်နေ့စ် အင်ဇိုင်းများလျော့နည်းခြင်းကြောင့် အရေပြားပေါ်တွင် ပုံစံမလှဘဲဖြစ်သွားခြင်းဖြစ်သည်။

ယင်းတို့သည် သေးကျုံ့သွားသော အမာရွတ်များထက် အဖြစ်နည်းပြီး မျိုးရိုးရှိသူတွင်ပိုဖြစ်နိုင်ချေများသည်။ အနာကျက်နေချိန်တွင် ထပ်ဆင့် ရောဂါပိုးများဝင်နိုင်ချေရှိပါသည်။

င်းတို့သည် ပန်းရောင်ရှိပြီး ထူပိန်းသော အမာရွတ်များဖြစ်သည်။ အသားညိုသူများတွင် ပိုတွေ့ရသည်။

ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်အမျိုးမျိုးရှိပါသည်။ သင်မလိုချင်သော်လည်း သင့်ကို စိတ်အနှောက်အယှက်ပေးနေသော ထိုအမာရွတ်များကို သက်သာစေမည့် နည်းလမ်းများကို ရှာဖွေပါရန် အကြံပေးလိုက်ပါသည်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. Fabbrocini G, Annunziata MC, D’Arco V, et al. Acne Scars: Pathogenesis, Classification and Treatment. Dermatology Research and Practice. 2010;2010:893080. doi:10.1155/2010/893080.
2. The Types of Acne Scars. http://thescienceofacne.com/the-types-of-acne-scars/. Accessed January 2, 2017.
3. Guide to Treating Acne Scars and Skin Damage. http://www.webmd.com/skin-problems-and-treatments/acne/features/acne-scars#1. Accessed January 2, 2017.
Cosmetic Procedures: Scars. http://www.webmd.com/beauty/cosmetic-procedures-scars#1. Accessed January 2, 2017.

ယခုပုံစံ

12/05/2020

Hello Sayarwon မှ ရေးသားသည်။

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခရမ်းသီး အသားအရေ လှစေသလား!

လက်သည်းဖျက်ဆေး နဲ့ ကျန်းမာရေးအန္တရာယ်



Hello Sayarwon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement