backup og meta

ဝက်ခြံပေါက်နေစဉ် ရှောင်သင့်သော အစားအစာများ

ဝက်ခြံပေါက်နေစဉ် ရှောင်သင့်သော အစားအစာများ

ဝက်ခြံရှိနေရင် ဆေးသောက်စရာမလိုဘဲ ကုနိုင်တဲ့နည်းတွေ အများကြီး ရှိပါတယ်။ အကောင်းဆုံးကတော့ စားသောက်ပုံကို ပြောင်းလဲပစ်တာပါပဲ။ ဝက်ခြံနဲ့ အစားအသောက်နဲ့ ဆက်စပ်မှုရှိတယ်ဆိုတာ ပြသထားတဲ့ လေ့လာမှုတွေ အများကြီး ရှိပါတယ်။ ဝက်ခြံဖြစ်စေတဲ့ အစားအစာတွေကိုရှောင်ကြဉ်ခြင်းဟာ ဝက်ခြံလျော့နည်းစေရုံတင်မကပဲ ဝက်ခြံထွက်ခြင်းကိုပါ ထိန်းချုပ်နိုင်ပါတယ်။ အောက်ဖော်ပြပါ အစားအစာတွေကတော့ ရှောင်ကြဉ်သင့်တဲ့ အစားအစာ ခြောက်ခု ဖြစ်ပါတယ်။

၁။ ချောကလက်

ချောကလက်ဟာ ဝက်ခြံကိုဖြစ်စေတယ်လို့ ကြားဖူးပါလိမ့်မယ်။ အမှန်ကတော့ ချောကလက်က တိုက်ရိုက်တော့ ဝက်ခြံမဖြစ်စေပါဘူး။ ချောကလက်က ဝက်ခြံဖြစ်စေတယ်ဆိုတာကို ပြနိုင်တဲ့ သက်သေ အလွန်နည်းပါးပါတယ်။ တကယ်ကတော့ သူ့မှာ သကြားဓါတ်နဲ့ အဆီဓါတ်များစွာ ပါဝင်တာမို့ ကိုယ်ခန္ဓါမှာ အဆီထွက်ခြင်းကို အားပေးပါတယ်။ ပြီးတော့ ချွေးပေါက်တွေကို ပိတ်စေတာမို့ ရောင်ရမ်းခြင်းတွေ ဖြစ်ပြီး ဝက်ခြံပေါက်လာပါ လိမ့်မယ်။

ဒါဟာ ချောကလက်မစားသင့်ဘူးလို့ မဆိုလိုပါဘူး။ သကြားဓါတ်နဲ့ အဆီဓါတ်များတဲ့ အစားအစာတွေကို ရှောင်ကြဉ်သင့် ခြင်းသာဖြစ်ပါတယ်။ သင်စားနေတဲ့အစာတွေမှာ အသီးတွေထည့်စားခြင်းဟာ အချိုစားချင်စိတ်ကို လျော့ကျစေပါတယ်။

၂။ စပ်တဲ့အစာများ

စပ်တဲ့အစာတွေဟာလည်း ဝက်ခြံဖြစ်စေတယ်ဆိုပေမယ့် သေတော့မသေချာပါဘူး။ ငရုတ်သီးနဲ့ ဝက်ခြံနဲ့ ဆက်စပ်မှုရှိတယ်ဆိုတာ ပြသဖို့ လေ့လာမှုတွေတော့ လိုအပ်ပါသေးတယ်။ ဆရာဝန်တွေကတော့ စပ်တဲ့ အစားတွေကို စားတဲ့အခါမှာ ချွေးပိုထွက်နိုင်ပါတယ်။ ချွေးထွက်ခြင်းဟာ ချွေးပေါက်တွေကို ပိတ်နိုင်ပါတယ်။ အရေပြားကို သန့်ရှင်းခြောက်သွေ့အောင် ထားပါ။ ဒါဆိုရင်တော့ စပ်တဲ့အစာတွေကို စားသောက်နိုင်ပါတယ်။

၃။ ချိစ့်

ချိစ့်နဲ့ ဝက်ခြံပေါက်ခြင်းနဲ့ ဆက်သွယ်နေတာကို ပြသခဲ့တဲ့ လေ့လာမှုတွေရှိပါတယ်။ ချိစ့်စားခြင်းဟာ ကိုယ်ခန္ဓါကို သကြားဓါတ်စုပ်ယူစေတဲ့ အင်ဆူလင် ပိုမိုထုတ်စေပါတယ်။ ဒါဘာကိုဆိုလိုလဲဆိုတော့ ချိစ့်စားရင် သင့်အရေပြားဟာ အဆီကိုပိုထုတ်ပါလိမ့်မယ်။ ဒါဆိုရင်တော့ အဆီပိုပြန်လာပြီး ဝက်ခြံပိုထွက်လာနိုင်ပါတယ်။

၄။ အစေ့

အစေ့တွေဟာ ဝက်ခြံပိုပေါက်စေတယ် ဆိုသော်လည်း လေ့လာမှုတွေတော့ လိုအပ်ပါသေးတယ်။ တကယ်တော့ အစေ့တွေဟာ glycaemic index နိမ့်ပါတယ်။ Glycaemic index ဟာ အစားအစာတစ်ခုက သကြားဓါတ်နဲ့ အင်ဆူလင် ကို ဘယ်လိုသက်ရောက်သလဲဆိုတာ ဖော်ပြပါတယ်။ Glycaemic index မြင့်နေရင် သကြားဓါတ်များတာကို ဆိုလိုတာဖြစ်ပါတယ်။ အစေ့တွေဟာတော့ သကြားဓါတ်ကို မြင့်တက်စေခြင်းမရှိပါဘူး။ Glycaemic index နိမ့်ခြင်းဟာ ကိုယ်ခန္ဓါက အစေ့တွေကို ဖြည်းညင်းစွာ စုပ်ယူပြီး ခြေဖျက်မယ်လို့ ဆိုလိုတာမို့ အစေ့တွေကို စားသုံးနိုင်ပါတယ်။

၅။ မြေပဲထောပတ်

မြေပဲထောပတ်စားတဲ့ အခါ ဝက်ခြံပေါက်တာကို မြင်ဖူးကောင်း မြင်ဖူးပါလိမ့်မယ်။ ဒါပေမယ့် ဝက်ခြံနဲ့ မြေပဲထောပတ် ဆက်စပ်မှုကို ပြသတဲ့ သက်သေ မရှိပါဘူး။ မြေပဲထောပတ်ဟာ Glycaemic index နိမ့်ပြီးတော့ သကြားအများကြီး မပါဝင်ပဲ အာဟာရဓါတ်တွေပါဝင်ပါတယ်။ သူ့တို့ဟာ ယောက်ျားဟော်မုန်း ပမာဏကို မြင့်တက်စေပြီး ဝက်ခြံပေါက်စေနိုင်ပါတယ်။

အဆီထွက်တာများခြင်း၊ ဘက်တီးရီးယားရောဂါပိုး တွေနဲ့ ဟော်မုန်း မညီမျှမှုတွေကြောင့် ဝက်ခြံပိုဆိုးစေပါတယ်။ မြေပဲထောပတ်ဟာ ဟော်မုန်းမညီမျှမှုတွေကို ဖြစ်စေတာကြောင့် ဝက်ခြံရှိရင် ရှောင်ကြဉ်သင့်ပါတယ်။

၆။ နွားနို့

ချိစ့်လိုမျိုးပဲ နွားနို့ဟာလည်း ဝက်ခြံပေါက်စေနိုင်ပါတယ်။ သုတေသီတွေကတော့ ဒါဟာ မှန်တယ်လို့ ယူဆကြပါတယ်။ နွားနို့ထဲမှာ ဟော်မုန်းတွေပါဝင်ပြီး အရေပြားပေါ်က အဆီဂလင်းတွေကို လှုံ့ဆော်လိုက်ပါတယ်။ ဒါဟာ အရေပြားကို ချွေးပေါက်ပိုမိုပိတ်စေပြီး ဝက်ခြံပေါက်စေပါတယ်။

နွားနို့မှာ ဗီတာမင်ဒီနဲ့ ကယ်လ်စီရမ်ဓါတ်ပါဝင်ပါတယ်။ နွားနို့ သောက်တာကို ကန့်သတ်လိုက်မယ်ဆိုရင် ဗီတာမင်ဒီနဲ့ ကယ်လ်စီရမ်တွေပါတဲ့ အခြားအစားအသောက်တွေကို စားသုံးသင့်ပါတယ်။ သူတို့ဟာ အရိုးတွေကို ကျန်းမာစေပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Acne Trigger Foods: Avoid These Foods to Prevent Breakouts! http://www.activebeat.com/diet-nutrition/13-acne-trigger-foods-avoid-these-foods-to-prevent-breakouts/. Accessed September 20,2016.

Can Foods Make You Break Out? http://www.webmd.com/skin-problems-and-treatments/acne/features/worst-foods-for-your-skin. Accessed September 20, 2016.

Foods to Avoid If You Have Acne. http://articles.mercola.com/sites/articles/archive/2014/06/16/food-causing-acne.aspx. Accessed September 20, 2016.

ယခုပုံစံ

12/05/2020

Dr . Phyu Mon Latt မှ ရေးသားသည်။

Dr. Kaung Thar မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခရမ်းသီး အသားအရေ လှစေသလား!

လက်သည်းဖျက်ဆေး နဲ့ ကျန်းမာရေးအန္တရာယ်



Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement