backup og meta

ဝက်ခြံအတွက်အသုံးပြုသင့်သော အရေပြားထိန်းသိမ်းပေးသည့် ပစ္စည်းများ

လူတိုင်းကြည့်ကောင်းချင်ကြသည် လှချင်ကြသည်ချည်းဖြစ်သည်။ နေ့စဉ်သုံး အသားရေထိန်းပစ္စည်းများက သင့် အသားရေကို အဆီပြန်ခြင်းလျှော့ချခြင်း၊ ချွေးပေါက်များကို သန့်စင်ပေးခြင်းနှင့် ဝက်ခြံများကို သက်သာစေခြင်း၊ ကာကွယ်ပေးခြင်း စသည်တို့ဖြင့်များစွာအထောက်အကူပြုနိုင်ပါသည်။ ဝက်ခြံမဖြစ်အောင်ထိန်းသိမ်းရာတွင် အချိန်သိပ်ပေးရန်မလိုသလို ဈေးကြီးသောပစ္စည်းများကိုသာ အသုံးပြုရန်လည်းမလိုပါ။ အောက်ပါနည်းလမ်းများသည် သင့်အတွက် သန့်စင်ကြည်လင်သော အသားရေကို ပိုင်ဆိုင်နိုင်ရန် ကူညီပေးလိမ့်မည်။

အဆင့် ၁။ သင့် အသားရေအမျိုးအစားကို သိအောင်လုပ်ပါ

  • အဆီပြန်သော အသားရေများတွင် မွှေးညင်းပေါက်များလည်း ကျယ်နေတတ်သည်။
  • ခြောက်သွေ့သော အသားရေဆိုလျှင် အဖတ်များကွာကျပြီး ကြမ်းတမ်းသည်။
  • အလယ်လတ်အနေအထားရှိသူများသည် ပါးပြင်နေရာများတွင် အစက်အပြောက်များရှိနေတတ်ပြီး နဖူး နှာခေါင်းနှင့်မေးစေ့များတွင် အဆီပြန်တတ်သူများဖြစ်သည်။
  • အချို့သည် မိတ်ကပ်နှင့် အလှကုန်ပစ္စည်းများနှင့် ထိတွေ့လျှင် ယားခြင်း လောင်ခြင်းတို့ဖြစ်သော နုနယ်သော အရေပြားများဖြစ်သည်။
  • ပုံမှန်အသားရေအမျိုးအစားရှိသူများသည် ရေဓါတ်မျှတပြီး ၊ ကြည်လင်သော၊ အလွန်တရာ မနုနယ်သော အရေပြားပိုင်ရှင်များဖြစ်ကြသည်။

အဆင့်၂။ ပုံမှန်နှင့် အလယ်လတ်အမျိုအစားရှိ အသားရေများကို သန့်စင်ခြင်း

  • သင့်မျက်နှာကို သစ်ရာတွင် တွေ့ရာ ဆပ်ပြာဖြင့်မသစ်ပါနှင့်။
  • ပေါ်ပင် ၊ ဈေးကြီးသော အလှကုန်များကိုလည်း ဝယ်သုံးရန်မလိုပါ။ သင့် အသားရေနှင့် သင့်တော်မည့်ပစ္စည်းမျိုးကိုသာ မှန်ကန်စွာရွေးချယ်ပါ။
  • သင့် အသားရေနှင့် သင့်တော်သည့် သန့်စင်ဆေးရည်မျိုးကိုသာ မှန်ကန်စွာရွေးချယ်ပါ။ ဝက်ခြံပေါက်နေလျှင် ဆေးဆိုင်များတွင်ရောင်းသော ဝက်ခြံပျောက်ဆေးများကိုဝယ်သုံးပါ။ မျက်နှာကို လက်နှင့်ပွတ်ခြင်း၊ ကုပ်ခြင်းမပြုရ။
  • မျက်နှာကိုရေနွေးဖြင့် သန့်စင်ပြီး သန့်ရှင်းသည့် အဝတ်ဖြင့်ခြောက်အောင်သုတ်ပါ။ သင့်မျက်နှာသစ်ဆေးက သင့်ကို အဆီပိုပြန်စေသော်လည်းကောင်း အသားရေပိုခြောက်စေလျှင်သော်လည်းကောင်း ဖြစ်ပါက ဆက်မသုံးပါနှင့်။
  • သင်သည် အသားရေခြောက်သူဖြစ်ပါက အရက်ပြန် ၊ အမွှေးအကြိုင်ပါသော မျက်နှာသစ်မျိုးကိုရှောင်ပါ။ ၎င်းတို့သည် သင့်အရေပြားတွင်ရှိသော သဘာဝဆီများကို ဖယ်ရှားပစ်နိုင်သောကြောင့်ဖြစ်သည်။
  • သင်သည် အဆီပြန်သော အသားရေပိုင်ရှင်ဖြစ်ပါက အဆီမပါသော မျက်နှာသစ်မျိုးကို သုံးရမည်။ ထို့နောက် မျက်နှာကိုရေနွေးဖြင့် သန့်စင်ပြီး သန့်ရှင်းသည့် အဝတ်ဖြင့်ခြောက်အောင်သုတ်ပါ။
  • သင်သည် နုနယ်သော အသားရေပိုင်ရှင်ဖြစ်ပါက ဓါတုဗေဓနည်းသော အပျော့စား မျက်နှာသစ်မျိုးကို သုံးရမည်။ ထို့နောက် မျက်နှာကိုရေနွေးဖြင့် သန့်စင်ပြီး သန့်ရှင်းသည့် အဝတ်ဖြင့်ခြောက်အောင်သုတ်ပါ။ မျက်နှာကို ပွတ်ခြင်းမလုပ်ရ။ ဠင်းသည် သင့်နုနယ်သော အရေပြားကို ပိုဆိုးစေနိုင်သည်။ အရက်ပြန် ၊ အက်ဆစ်၊ ဆပ်ပြာနှင့်အမွှေးအကြိုင်ပါသော မျက်နှာသစ်မျိုးကိုရှောင်ပါ။

အဆင့် ၃။ အစိုဓါတ်ကို ထိန်းသိမ်းပါ။

  • လူအတော်များက အစိုဓါတ်ထိန်းသိမ်းမှုကို အသက်ကြီးမှ ပြုလုပ်သင့်သည်ဟုထင်ထားကြသည်။ အမှန်မှာ အဆီပြန်သော အသားရေအပါအဝင် မည်သူမဆို အသားရေခြောက်သွေ့မှုမဖြစ်စေရန် အစိုဓါတ်ထိန်းပစ္စည်းများကို လိမ်းသင့်သည်။
  • အစိုဓါတ်ထိန်းခရင်မ်ကို သင်မျက်နှာသစ်ပြီးခါစ စိုဖန့်ဖန့်အချိန်တွင်လိမ်းပေးခြင်းက စိမ့်ဝင်အားပိုကောင်းသည်။
  • အသားရေခြောက်ခြင်းနှင့် အဖတ်များကွာကျခြင်းကို ကာကွယ်ရန် ဓါတ်မပြင်းသော အစိုဓါတ်ထိန်းမရင်မ်ကို တနေ့လျှင် ၂ ကြိမ်လိမ်းသင့်သည်။
  • အကယ်၍သင်သည် အဆီပြန်သော၊ ဝက်ခြံပေါက်သော အသားရေဖြစ်ပါက မစေးပျစ်သော အဆီမပါသော အစိုဓါတ်ထိန်းခရင်မ်ကို ရွေးချယ်သုံးစွဲခြင်းက သင့်မွှေးညှင်ပေါက်များ ပိတ်ဆို့ပြီး ဝက်ခြံများကို သက်သာစေလိမ့်မည်။

အဆင့်၄။ နေရောင်ကာခရင်မ်များကို လိမ်းပါ။

  • သင်သုံးနေသော အစိုဓါတ်ထိန်းခရင်မ်တွင် နေရောင်ကာပစ္စည်းပါကောင်းပါနိုင်သည်။ သို့သော် သင့် အရေပြားသည် နေရောင်နှင့် ၁၅ မိနစ်ကြာထိတွေ့ရုံနှင့် ပျက်စီးနိုင်သောကြောင့် နေရောင်ကာခရင်မ်ကို သီးသန့် ထပ်လိမ်းခြင်းက အကောင်းဆုံးဖြစ်သည်။
  • သင့်အသက်ငယ်ရွယ်သော်လည်း အရေပြားကင်ဆာဖြစ်နိုင်ချေရှိကြောင်း သတိပြုပါ။
  • ခရမ်းလွန်ရောင်ခြည် A နှင့် B ကို ကာကွယ်ပေးသော SPF အနည်းဆုံး ၃၀ ပါဝင်သည့် ခရင်မ်မျိုးကို ရွေးချယ်ပါ။

အချုပ်ဆိုရသော် ဝက်ခြံကိုကာကွယ်ရန် မှန်ကန်သော ပစ္စည်းများဖြင့် သင့် အရေပြားကို ထိန်းသိမ်းခြင်းသည် အရေးကြီးပါသည်။ အထက်ပါအကြံပေးချက်များကို လိုက်နာခြင်းဖြင့် ကျန်းမာသော အရေပြားပိုင်ရှင်များဖြစ်ကြပါစေ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Building Your Perfect Skincare Routine

http://www.webmd.com/beauty/ss/slideshow-skincare-routine.

Accessed 10 November, 2016.

Create the Perfect Acne-Prone Skin Care Routine

https://www.verywell.com/how-to-create-the-perfect-skin-care-routine-15658.

Accessed 10 November, 2016.

ယခုပုံစံ

12/05/2020

Dr. K Zin Thwe မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ဝက်ခြံကို ပိုဆိုးလာစေမယ့် အမူအကျင့် ၇ မျိုး

ဝက်ခြံအမာရွတ်နဲ့ နေလောင်ဒဏ်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. K Zin Thwe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement