backup og meta

ဆယ်ကျော်သက်အရွယ်ဝက်ခြံပေါက်ခြင်း၊ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားတွေ့ရမလဲ

အပျိုဖော်၊ လူပျိုဖော်ဝင်ရင် ဆယ်ကျော်သက် အတော်များများဟာ ဝက်ခြံပေါက်ခြင်းကို ခံစားရကြပါတယ်။ ဆယ်ကျော်သက်အရွယ်ကျော်လွန် သွားတာနဲ့ အမျှ ဝက်ခြံတွေဟာ သဘာဝအတိုင်း ပျောက်သွားကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဝက်ခြံပေါက်ခြင်းဟာ အလွန်ဆိုးဝါးပြီး ဆေးကုသဖို့ လိုအပ်တဲ့ အခြေအနေမျိုးတွေ ရှိနိုင်ပါတယ်။

ဆယ်ကျော်သက်အရွယ်ဝက်ခြံပေါက်ခြင်း၊ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားတွေ့ရမလဲ

ဆယ်ကျော်သက်တွေမှာ ဘာလို့ ဝက်ခြံပေါက်တာလဲ။

ဆယ်ကျော်သက်တွေဟာ လူပျိုဖော်၊ အပျိုဖော်ဝင်ချိန်တွေမှာ အဆီထွက်ခြင်း ပိုမိုများပြားလာပြီး ချွေးပေါက်တွေ ပိတ်နိုင်ပါတယ်။ အဆီဟာ ဟော်မုန်းနဲ့ လူပျိုဖော်ဝင်ချိန်မှာ တိုးလာတဲ့ ဟော်မုန်း androgens တွေကြောင့် ပိုထွက်တာ ဖြစ်ပါတယ်။

ဆယ်ကျော်သက်အရွယ် ပေါက်တဲ့ ဝက်ခြံ အမျိုးအစားတွေက ဘာတွေလဲ။

ဝက်ခြံတွေကို မျက်နှာ၊ နောက်ကျော၊ လည်ပင်း၊ ပုခုံးတွေမှာ အတွေ့များတတ်ပြီး အမျိုးအစားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Whiteheads – သူတို့ဟာ အဆီတွေ ချွေးပေါက်အတွင်း ဖြစ်ပေါ်လာလို့ ဖြစ်တာဖြစ်ပြီး အရေပြား တစ်ထပ်နဲ့ ကာကွယ်ထားပါတယ်။

Blackheads – သူတို့ဟာ ချွေးပေါက်အတွင်း အဆီစုပြုံလို့ ဖြစ်လာတဲ့ အမဲရောင်အဖုလေးတွေ ဖြစ်ပြီး မွေးညင်းပေါက်တွေကနေ တိုးထွက်လာနိုင်ပါတယ်။ အမဲရောင်ဟာ မသန့်စင်တဲ့အရာတွေ အောက်စီဂျင်နဲ့ ဓါတ်ပြုခြင်းကြောင့် ဖြစ်လာတာ ဖြစ်ပါတယ်။

Papules, pustules or nodules – သူတို့ဟာ အနီရောင်ဖြစ်ပြီး ရောင်ရမ်းနာကျင်ကာ မာတတ်ပါတယ်။ သူတို့ဟာ မွေးညင်းပေါက်မှာ ရှိတဲ့တစ်ရှူးတွေ ရောင်ခြင်း (သို့) ရောဂါပိုးဝင်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။

ပည်တည်အိတ် – ပြည်တွေပြည့်နေပြီး အရေပြားနက်တဲ့ နေရာမှာ တည်ရှိတတ်ပါတယ်။

ဆယ်ကျော်သက်အရွယ် ပေါက်တဲ့ ဝက်ခြံတွေကို ဘယ်လိုကုသမလဲ။

ဆယ်ကျော်သက်အရွယ် ပေါက်တဲ့ ဝက်ခြံတွေဟာ ဆယ်ကျော်သက်အရွယ်ကျော်လွန်သွားရင် လျော့ပါးသွားတတ်ပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့သူတွေမှာတော့ ကျွမ်းကျင်သူတွေနဲ့ ဆေးကုသဖို့ လိုအပ်ပါတယ်။

ဆယ်ကျော်သက်အရွယ် ပေါက်တဲ့ ဝက်ခြံကို ကုသဖို့ နည်းမျိုးစုံ ရှိပါတယ်။

ပထမဦးစွာ လူနာတွေဟာ benzoyl peroxide ကို စမ်းသပ်ကြည့်နိုင်ပါတယ်။ ဒီအရာဝတ္ထုဟာ ဘက်တီးရီးယားတွေကို တိုက်ထုတ်နိုင်ပြီး ချွေးပေါက်ပိတ်ခြင်းကို ကာကွယ်ပေးပါတယ်။ သူ့ကို မျက်နှာသစ်ဆေး၊ ခရင်မ်၊ ဂျယ် အနေနဲ့ ရရှိနိုင်ပါတယ်။ ပျော့တဲ့ထုတ်ကုန်ကို အရင်သုံးသင့်ပါတယ်။ သူက အစွမ်းထက်နိုင်ပြီး အရေပြားယားယံမှု ဖြစ်စေခြင်း နည်းပါးပါတယ်။

နောက်တစ်နည်းကတော့ salicylic acid ပါတဲ့ ထုတ်ကုန်တွေကို သုံးစွဲခြင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် အခြေအနေက မသက်သာရင် ဆယ်ကျော်သက်တွေဟာ ဆရာဝန်တွေကို သွားတွေ့သင့်ပါတယ်။

ဆရာဝန်တွေက အောက်ဖေါ်ပြပါ ကုသမှုတွေကို အကြံပေးနိုင်ပါတယ်။

  • Retinoids – ချွေးပေါက် မပိတ်စေဖို့နဲ့ whiteheads, blackheads တွေ ပျောက်စေဖို့
  • ပိုးသတ်ဆေး – ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ဖို့ အသုံးပြုနိုင်ပါတယ်။ ဆေးပြား (သို့) အရေပြားပေါ်ကို လိမ်းတဲ့ ဆေးအနေနဲ့ ရရှိနိုင်ပါတယ်။
  • ပြင်းတဲ့ benzoyl peroxide

တခါတလေမှာ ဆရာဝန်တွေဟာ လူတစ်ဦးစီပေါ်ကို မူတည်ပြီး ကုသနည်းများစွာကို ပေါင်းစပ်ကုသနိုင်ပါတယ်။

ဆေးကုသမှုအပြင် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ကိုယ်လက် လှုပ်ရှားမှုပုံမှန် ပြုလုပ်ခြင်းတွေဟာ ဝက်ခြံကို လျော့ကျစေနိုင်ပါတယ်။ ဒီနည်းနှစ်မျိုးကို ပေါင်းသုံးခြင်းဟာ အရေပြားလှပစေပြီး ယုံကြည်မှုကို တက်စေပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Teenage Acne Pimples: Types, Causes, Treatments – WebMD . http://www.webmd.com/skin-problems- and-treatments/acne/teenage-acne Accessed January 17, 2017

From WebMD: Teen Acne Solutions. http://www.webmd.com/skin-problems- and-treatments/acne/features/teen-acne-solutions#1 Accessed January 17, 2017

ယခုပုံစံ

12/05/2020

Dr . Phyu Mon Latt မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝက်ခြံဖြစ်ခြင်းကို ကာကွယ်ပေးမည့် အသားရေထိန်းပစ္စည်းများ

သင့်အရေပြားဆရာဝန်က ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်များကို ဖယ်ရှားနိုင်သလား


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။