backup og meta

ဆံသားထူထပ်စေဖို့ နည်းလမ်း ၇ သွယ်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆံသားထူထပ်စေဖို့ နည်းလမ်း ၇ သွယ်

    လူတွေဟာ တစ်ချိန်ချိန်မှာ ဆံပင်ကျွတ်ခြင်းကို မလွှဲမရှောင်သာကြုံရမှာပါ။ ဒါဟာ ဝမ်းနည်းစရာကောင်းတဲ့ အမှန်တရားပါပဲ။ ဆံသားဆုံးရှုံးမှုတွေ အများကြီးမဖြစ်ခင်ကတည်းက ကာကွယ်မှုတွေပြုလုပ်ထားသင့်ပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်ခြင်း စတင်ပြီဆိုတာနဲ့ အခုဖော်ပြမယ့် နည်းလမ်း ၇ မျိုးအတိုင်းပြုလုပ်ကြရအောင်ပါ။ ဒါက သင့်ဆံပင်တွေ ပြန်လည်ထူထပ်လာဖို့ အထောက်အကူပြုမှာပါ။

    ၁။ ဆံသားထူထပ်စေမယ့် ခေါင်းလျှော်ရည်မျိုးကိုသုံးပါ။

    Ketoconazole( ဗောက်ပျောက်ဆေးတစ်မျိုး) က ဆံသားတွေကိုထူထပ်တဲ့ပုံပေါက်စေကြောင်း အတည်ပြုပြီးပါပြီ။ ဒါကြောင့် ဒီပစ္စည်းပါဝင်တဲ့ ခေါင်းလျှော်ရည်မျိုးကိုသုံးပါ။

    ဆရာဝန်ဆေးစာမပါဘဲ ဝယ်လို့ရတဲ့ Nizoral A-D ဆိုတဲ့ခေါင်းလျှော်ရည်မှာ ketoconazole တွေအများကြီးပါဝင်ပါတယ်။ ဒါက သင့်ဆံသားတွေကို အမြဲတမ်း အကောင်းဆုံးပုံစံဖြစ်နေစေမှာပါ။ အကောင်းဆုံးရလဒ်ရရှိစေဖို့ သင့်ဦးရေပြားကို လေးပုံတစ်ပုံပမာဏခန့်ဖြင့် တစ်ပတ်မှာအကြိမ်ပေါင်းများစွာ စိုရွှဲအောင်လိမ်းပေးနိုင်ပါတယ်။ အလွန်အကျွံအသုံးပြုမယ်ဆိုရင် ဆံသားခြောက်သွေ့ခြင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် တခြားအချိန်တွေမှာတော့ စပ်ဖျဉ်းဖျဉ်းမဖြစ်စေတဲ့ ခေါင်းလျှော်ရည်မျိုးကိုသုံးပေးပါ။

    ၂။ သင့်ရဲ့ဘီးကို မြောင်းထဲသို့ပစ်လိုက်ပါ။

    ခေါင်းဖြီးခြင်းကြောင့် သင့်ဆံပင်တွေဟာပြားကပ်ပြီး အဆီတွေနဲ့ ချောကျိကျိဖြစ်စေပါတယ်။ ဘီးဖြီးမယ့်အစား လက်ချောင်းလေးတွေကိုသုံးပြီး ဆံပင်ကိုပုံသွင်းကြည့်ပါ။ သင့်ဆံပင်တွေရဲ့ထူထဲတဲ့ပုံစံကြောင့် အလွန်အံ့အားသင့်ကျေနပ်မိမှာပါ။

    ၃။ ဆေးလိပ်သောက်ခြင်းကို ရပ်တန့်လိုက်ပါ။

    ဆေးလိပ်သောက်ခြင်းအကြောင်း ပြောရတာ သိပ်မကောင်းပါဘူး။ ဆေးလိပ်သောက်ခြင်းက သွေးထဲမှာရှိတဲ့ ဆံပင်ကျွတ်စေတဲ့ ဟော်မုန်းတွေကို တိုးပွားစေပါတယ်။ ပြီးတော့ ဦးရေပြားကို အာဟာရဓါတ်တွေပေးနေတဲ့ သွေးကြောတွေကို ကျဉ်းစေပါတယ်။ အကျိုးဆက်ကတော့ ဦးရေပြားမှာ အာဟာရဓါတ်ချို့တဲ့ပြီး ဆံပင်တွေကျဲလာတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်းက ခန္ဓါကိုယ်ရဲ့ မည့်သည့်အစိတ်အပိုင်းကိုမှ ကောင်းကျိုးမပေးပါဘူး။

    ၄။ ဆံပင်ကို သဘာဝအတိုင်းအခြောက်ခံပါ။

    ရေစိုနေတဲ့အချိန်မှာ ဆံပင်တွေဟာ အပျော့ပြောင်းဆုံးပါပဲ။ ထိုအချိန်မှာ ဘီးအလွန်အကျွံဖြီးခြင်း ခြောက်သွေ့တဲ့သဘက်နဲ့ ကြမ်းကြမ်းတမ်းတမ်းသုတ်ခြင်းကြောင့် ဆံပင်တွေကျိုးကြေကုန်ပါတယ်။ ဆံပင်နည်းပါးပြီးကျဲတဲ့ ပြဿ နာကို ပိုဆိုးစေပါတယ်။ ဒါကြောင့် ဆံပင်ကို သဘာဝအတိုင်းအခြောက်ခံကြည့်ပါ။ ခြောက်သွားတဲ့အခါ လက်နဲ့ပုံသွင်းကြည့်လိုက်ရင် ပိုမိုကောင်းမွန်ချောမွေ့တဲ့ ပုံစံလေးရရှိစေမှာပါ။

    ၅။ ဆံပင်အခြောက်ခံစက်ကိုသုံးပြီး လေမှုတ်၍အခြောက်ခံကြည့်ပါ။

    လေမှုတ်အခြောက်ခံစက်တွေဟာ အံ့သြစရာကောင်းလောက်အောင် သင့်ဆံသားတွေကို ထူထပ်ပွယောင်းစေမှာပါ။ ဒါပေမယ့် ဆံပင်အခြောက်ခံစက်ကို အပူချိန်အများကြီးမှာချိန်မထားပါနဲ့။ မဟုတ်ရင် ဆံသားမှာရှိတဲ့ သဘာဝprotein(အသားဓါတ်တွေ) ပျက်စီးပြီး ဆံသားတွေ ကျိုးကြေကုန်ပါလိမ့်မယ်။

    ၆။ နေပူထဲထွက်ရင် ဦးထုပ်ဆောင်းပါ။

    နေရောင်ခြည်ရဲ့အပူဒဏ်က သင့်ဆံသားတွေကို ပျက်စီးစေနိုင်တဲ့အတွက် အများကြီးမထိတွေ့ပါစေနဲ့။ နေလောင်ဒဏ်က သင့်ဆံသားတွေကို အားနည်းစေပြီး ခြောက်သွေ့ကျိုးကြေစေပါတယ်။ ဒါဟာ ဦးရေပြားကနေ superoxide လို့ခေါ်တဲ့ ဦးရေလဲတဲ့ ဒြပ်ပေါင်းတစ်မျိုး ထုတ်ပေးလို့ဖြစ်ပါတယ်။

    ၇။ ပိုပြီး ကောင်းမွန်သင့်တော်မယ့် ဆံပင်ပုံစံမျိုးညှပ်ပါ။

    အချို့လူတွေက ထိပ်ပြောင်တာကို ဖုံးကွယ်ဖို့ ဆံပင်ကို ပုံစံအမျိုးမျိုးပြုလုပ်တတ်ကြပါတယ်။ အမြဲတမ်း ဆံပင်တိုတိုညှပ်ခြင်းက ပိုပြီးကြည့်ကောင်းစေမှာပါ။ သင့်ဆံပင်ပုံစံ ဘယ်လိုပဲဖြစ်နေပါစေ ဖုံးကွယ်ဖို့ ကြိုးစားမနေပါနဲ့။ သင့်ဆံပင်အပေါ် ယုံကြည်မှုအပြည့်ထားပြီး သူများတွေစံနမူနာယူစရာဖြစ်အောင်လုပ်ကြပါစို့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Phyo Wai Yan မှ ရေးသားသည်။ · 12/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement