backup og meta

ဝက်ခြံပျောက်ကင်းဖို့အတွက် ဆေးတွေကို ဘယ်လိုပေါင်းစပ်သုံးစွဲမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံပျောက်ကင်းဖို့အတွက် ဆေးတွေကို ဘယ်လိုပေါင်းစပ်သုံးစွဲမလဲ

    ဝက်ခြံကုသရာမှာအရေးပါတဲ့အချက်ကဝက်ခြံတွေကိုအမြန်ပျောက်ကင်းအောင်နဲ့အမာရွတ်တွေမကျန်ခဲ့အောင်ကုသဖို့ပဲ ဖြစ်ပါတယ်။ ဝက်ခြံအမျိုးအစား၊အခြေအနေနဲ့သင့်အရေပြားအနေအထားပေါ်မူတည်ပြီးကုသမှုပုံစံတွေကွဲပြားနိုင်ပါတယ်။ ဆေးတွေကိုတမျိုးတည်းဖြစ်စေ၊ (အာနိသင်ပိုကောင်းစေဖို့အတွက်) ပေါင်းစပ်ပြီးဖြစ်စေသုံးစွဲနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ဝက်ခြံကုသရာမှာမှာဆေးတွေကိုဘယ်လိုပေါင်းစပ်သုံးစွဲမလဲဆိုတာကိုတင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

    သင့်အရေပြားဆရာဝန်အနေနဲ့သင့်ဝက်ခြံတွေကိုထိန်းချုပ်နိုင်ဖို့၊အမာရွတ်တွေမကျန်ခဲ့စေဖို့နဲ့အမာရွတ်တွေ ဖြစ်လာရင်လည်းအမြန်ဆုံးသက်သာလျော့ပါးသွားစေဖို့အကူအညီပေးပါလိမ့်မယ်။

    လိမ်းဆေးများ

    ဝက်ခြံတွေကိုကုသဖို့ရာလိမ်းဆေးတွေကိုလည်းအသုံးပြုနိုင်ပါတယ်။ ဒါပေမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာတော့သိသာထင်ရှားတဲ့အကျိုးရလာဒ်ကို မြင်ရဦးမှာမဟုတ်ပါဘူး။ ဒါ့အပြင်အရေပြားနီရဲခြင်း၊ခြောက်ကပ်ခြင်းစတဲ့ဘေးထွက်ဆိုးကျိုးတွေကိုလည်းခံစားရဦးမှာ ဖြစ်ပါတယ်။ ဒီလိုပြဿနာတွေခံစားလာရပြီဆိုရင်သင့်အနေနဲ့အရေပြားဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ ဆေးပမာဏကိုလျှော့ဖို့ဒါမှမဟုတ်ဆေးပြောင်းဖို့ဆရာဝန်ကအကြံပြုပါလိမ့်မယ်။ သန့်ရှင်းပြီးခြောက်သွေ့တဲ့အရေပြားကိုပဲလိမ်းဆေးလိမ်းသင့်ပါတယ်။

    အများဆုံးအသုံးပြုလေ့ရှိတဲ့ဆေးတွေက

    • Retinoids (ရက်တီနွိက်ဒ်စ်) : Retinoidsတွေကိုခရင်မ်၊ဂျဲလ်ဒါမှမဟုတ်လိုးရှင်းတွေအဖြစ်သုံးစွဲနိုင်ပြီးမွေးညင်းပေါက်တွေမပိတ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ တပတ်ကိုသုံးခါလောက်လိမ်းပေးရမှာဖြစ်ပြီးတညလုံးလိမ်းထားရမှာ ဖြစ်ပါတယ်။
    • ပဋိဇီဝပိုးသတ်ဆေးများ : ဝက်ခြံဖြစ်စေတဲ့ဘက်တီးရီးယားပိုးမွှားတွေကိုပဋိဇီဝပိုးသတ်ဆေးတွေကဖယ်ရှားရှင်းလင်းပေးပါတယ်။ အဆိုပါပိုးသတ်ဆေးတွေကိုRetinoidsတွေနဲ့ပူးတွဲသုံးစွဲနိုင်ပါတယ်။benzoyl peroxide နဲ့လည်းအတူတကွသုံးစွဲနိုင်ပြီးဒီလိုသုံးစွဲပေးခြင်းအားဖြင့်ဆေးယဉ်ပါး၊ဆေးမတိုးတော့တာမျိုးတွေကိုလျော့နည်းစေမှာပါ။

    Aczone : Aczone (အက်ဇုန်း)တွေကိုretinoidsတွေနဲ့အများဆုံးပေါင်းစပ်သုံးစွဲလေ့ရှိပါတယ်။

    သောက်ဆေးများ

    ဝက်ခြံကုသဖို့ရာသုံးလေ့ရှိတဲ့သောက်ဆေးတွေကအောက်ပါအတိုင်း ဖြစ်ပါတယ်။

    • ပဋိဇီဝပိုးသတ်ဆေးတွေ : ဝက်ခြံအခြေအနေဆိုးရင်ပိုးသတ်ဆေးတွေသောက်ဖို့လိုပါလိမ့်မယ်။ ဒီဆေးတွေဟာဘက်တီးရီးယားပိုးမွှားတွေရဲ့ပမာဏကိုလျှော့ချပေးနိုင်ပါတယ်။ လိမ်းဆေးနဲ့သောက်ဆေးကိုတွဲသုံးဖို့သင့်ဆရာဝန်ကညွှန်ကြားပါလိမ့်မယ်။ ဆေးသောက်တဲ့အခါဆရာဝန်ညွှန်ကြားတဲ့အတိုင်းဆေးပတ်လည်အောင်ရက်အတိအကျသောက်ရမှာ ဖြစ်ပါတယ်။ ဒါမှသာဆေးယဉ်ပါး၊ဆေးမတိုးတော့တာတွေကိုကာကွယ်နိုင်မှာပါ။ ပိုးသတ်ဆေးတွေကြောင့်မူးဝေထိုင်းမှိုင်းခြင်း၊ဗိုက်အောင့်ခြင်းစတဲ့ဘေးထွက်ဆိုးကျိုးလေးတွေကိုတော့ခံစားကောင်းခံစားရတတ်ပါတယ်။ ဒါ့အပြင်ပဋိဇီဝပိုးသတ်ဆေးတွေကိုကိုယ်ဝန်ဆောင်ချိန်မှာအထူးသတိထားပြီးသောက်သင့်ပါတယ်။
    • ပဋိသန္ဓေတားဆေးတွေ : မဟော်မုန်းပါဝင်တဲ့သန္ဓေတားဆေးတွေကိုသောက်ဖို့တချို့အရေပြားဆရာဝန်တွေကညွှန်ကြားလေ့ရှိပါတယ်။ ဒီနည်းလမ်းကိုအမျိုးသမီးတွေမှာအများဆုံးအသုံးပြုလေ့ရှိပါတယ်။ ဒါပေမယ့်သန္ဓေတားဆေးတွေဟာခေါင်းကိုက်တာ၊ပျို့အန်တာဒါမှမဟုတ်ကိုယ်အလေးချိန်တက်တာအစရှိတဲ့ဘေးထွက်ဆိုးကျိုးတွေကိုခံစားရစေနိုင်ပါတယ်။

    ကျားဟော်မုန်းဆန့်ကျင်ဆေးတွေ : androgens ဆိုတဲ့ကျားဟော်မုန်းဟာအဆီဂလင်းကနေအဆီထွက်ရှိမှုကိုများပြားစေပြီးအဆိုပါမလိုလားအပ်တဲ့အဆီတွေဟာအရေပြားဆဲလ်သေတွေနဲ့ပူးပေါင်းပြီးမွေးညင်းပေါက်တွေကိုပိတ်ဆို့ကာဝက်ခြံဖြစ်စေပါတယ်။

    ဝက်ခြံအမာရွတ်တွေကိုဘယ်လိုကုသမလဲ။

    ဝက်ခြံပျောက်သွားပြီးတဲ့အခါအမာရွတ်တွေကျန်နေတတ်ပါတယ်။ အမာရွတ်အများစုဟာအချိန်ကြာလာတာနဲ့အမျှမှေးမှိန်ပျောက်ကွယ်သွားတတ်ပေမယ့် ပြင်းထန်တဲ့ဝက်ခြံရောဂါတွေကနေကျန်ရစ်ခဲ့တဲ့အမာရွတ်အချို့ကတော့ပျောက်ကွယ်သွားလေ့မရှိပါဘူး။ ဒီအမာရွတ်တွေကိုဂရုမစိုက်ဘဲထားလို့ရသလိုဆေးကုသပေးလို့လည်းရပါတယ်။ ဆေးတွေဟာအမာရွတ်ဖြစ်ပေါ်တာကိုကာကွယ်တားဆီးပေးနိုင်သလို ဖြစ်ပြီးသားအမာရွတ်တွေကိုလည်းပျောက်ကွယ်သွားစေနိုင်ပါတယ်။ အသေးစိတ်သိရှိဖို့သင့်ဆရာဝန်နဲ့ဦးစွာဆွေးနွေးသင့်ပါတယ်။

    ဆရာဝန်ဆေးစာမပါဘဲအလွယ်တကူဝယ်ယူသုံးစွဲလို့ရတဲ့ဆေးတွေနဲ့အလုပ်မဖြစ်ဖူးဆိုရင်သင့်ဆရာဝန်အနေနဲ့ဆေးတွေကိုပေါင်းစပ်သုံးစွဲဖို့အကြံပြုပါလိမ့်မယ်။ ဝက်ခြံရဲ့အမျိုးအစားနဲ့အခြေအနေပေါ်မူတည်ပြီးသင့်တော်တဲ့ကုသမှုနည်းလမ်းကိုဆရာဝန်ကရွေးချယ်ပေးပါလိမ့်မယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement