ဝက်ခြံဆိုတာ အရေပြားပေါ်မှာဖြစ်တတ်တဲ့ စိတ်ညစ်စရာ၊ ကသိကအောက်ဖြစ်စရာ၊ ပိုဆိုးမယ်ဆိုရင် ကိုယ့်ကိုကိုယ်ယုံကြည်မှုကိုပါ ပေျာက်ဆုံးစေနိုင်တဲ့ ဝေဒနာတစ်ခုပါ။ ဝက်ခြံဖြစ်ရတဲ့အကြောင်းရင်းတွေက အတော်များပါတယ်။ ဝက်ခြံက ခန္ဓါကိုယ်ရဲ့ အဆီဂလင်းတွေအများအပြားရှိနေတဲ့ မျက်နှာ၊လည်ပင်း၊ရင်ဘတ်၊ကျော နဲ့ ပခုံးတွေမှာ အများဆုံးပေါက်တတ်ပေမယ့် တခြားနေရာတွေမှာလည်း ပေါက်တတ်ပါသေးတယ်။ လူတိုင်းလိုလို အနည်းဆုံး တစ်ကြိမ်လောက်တော့ဝက်ခြံထွက်ဖူးကြမှာပါ။ အချို့က ကလေးအရွယ်၊အချို့က ဆယ်ကျော်သက်လောက်မှာဖြစ်နိုင်ပြီး အချို့ကတော့ အသက်ကြီးမှဝက်ခြံထွက်လာတာမျိုးဖြစ်နိုင်ပါတယ်။ ဘယ်အရွယ်မှာပဲဝက်ခြံပေါက်ပေါက် နီရဲပြီး ရုပ်ဆိုးတဲ့ ဒီအဖုအပိန့်တွေက ခံစားရအင်မတန်ခက်ပါတယ်။ တကယ်လို့သာ အသေအချာ ဂရုမစိုက်ဘူးဆိုရင်တော့ ဒီဝက်ခြံတွေက အမာရွတ်တွေအဖြစ်လည်းပြောင်းလဲသွားနိုင်ပါသေးတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။