ဝက်ခြံဆိုတာဘာလဲ?
ဝက်ခြံဟာဆယ်ကျော်သက်လူငယ်နှင့်သက်လတ်ပိုင်းအများစုမှာတွေ့ရလေ့စှိတဲ့အရေပြားပြသနာတစ်ခုပင်ဖြစ်သည်။ ချွေးပေါက်ထဲတွင်ဆဲလ်သေနှင့်အဆီများစုဝေးလာသောအခါ ချွေးပေါက်ပိတ်ဆို့ပြီး ဝက်ခြံဖြစ်ပေါ်လာသည်။
ဘာကြောင့်ဝက်ခြံပေါက်လာသလဲ?
ဝက်ခြံဖြစ်ပေါ်စေသော အဓိကအကြောင်းရင်း နှစ်ခုမှာ ဟိုမုန်းအပြောင်းအလဲနှင့် ဘက်တီးရီးယားကြောင့်ပင်ဖြစ်သည်။
လူငယ်များ အပျို/လူပျိုဝင်စအချိန်တွင် ဟိုမုန်းအပြောင်းအလဲကြောင့်အဆီဂလင်းမှ အဆီထုတ်မှုပိုများလာသည်။
ထိုအဆီနှင့်ဆဲလ်သေပိတ်ဆို့မှုဟာ ဘက်တီးရီးယားပေါက်ပွားမှုကိုအားပေးပြီး ရောင်ရမ်းဝက်ခြံများကိုဖြစ်ပေါ်စေနိုင်ပါတယ်။
အခြားဝက်ခြံကိုပိုဆိုးစေသောအရာများကတော့ အရေပြားညစ်ပတ်ခြင်း၊ ဝက်ခြံညစ်ခြင်း၊ အစားအစာမျှတမှုမရှိခြင်း၊ ပင်ပန်းခြင်းတို့ပါဝင်သည်။
ဘယ်လိုဝက်ခြံအမျိုးအစားတွေရှိသလဲ?
● ဆားဝက်ခြံခေါင်းဖြူ
ချွေးပေါက်ရှိဆဲလ်သေ၊အဆီပိုများနှင့် ဘတ်တီးရီးယားများစုပေါင်းပြီး အရေပြားပေါ်သို့ အဖြူရောင်အစေ့သေးသေးများအဖြစ်ထွက်ပေါ်လာတတ်ပြီး အရေပြားကြမ်းတမ်းလာတတ်သည်။
● ဆားဝက်ခြံခေါင်းမဲ
ဆားဝက်ခြံခေါင်းဖြူကဲ့သို့ပင် ဖြစ်ပုံခြင်းတူညီပြီး ချွေးပေါက်ပွင့်၍အောက်ဆီဂျင်နှင့်ထိတွေ့ကာ မဲလာခြင်းဖြစ်သည်။ နှစ်ခုစလုံးမှာ သေချာကုသမှုမခံယူပါက ဝက်ခြံအကြီးစားထိဖြစ်သွားနိုင်သည်။
- အနာဖတ်
ဝက်ခြံပေါက်သွားသောအခါအထဲမှ ဘက်တီးရီးယားများအနားရှိအရေပြားကိုရောင်ရမ်းနီရဲစေသည်။
- အနာဖု
အတွင်းထဲထိလှိုက်စားရောင်ရဲနေသော အနာဖုများသည် ထိလိုက်သည့်အခါတိုင်းတွင် နာနေတတ်သည်။
- ပြည်ဖု
ဝက်ခြံတွင် ပြည်စုလာသောအခါ ပြည်ဖုဖြစ်လာသည်။
- အရည်ကြည်ဖု
ဝက်ခြံရောင်ရမ်းမှုအရမ်းဆိုးဝါးလာသောအခါ သားငန်ရည်၊ ပြည်များစုသွားပြီး အရည်ကြည်ဖုအဖြစ်ပြောင်းလဲသွားသည်။
ဝက်ခြံပျောက်အောင်ဘယ်လိုလုပ်ကြမလဲ?
ပုံမှန်အရမ်းမဆိုးသော ဝက်ခြံများကို ဝက်ခြံပျောက်ဆေးလိမ်းပေးရင်ပျောက်တတ်ပါသည်။ သို့သော် အရမ်းရောင်ရမ်းနေသောဝက်ခြံများ၊ ဝက်ခြံပျောက်ဆေးနှင့်မသက်သာသောဝက်ခြံများကို အရေပြားဆရာဝန်နှင့်တိုင်ပင်ကုသဆွေးနွေးသင့်သည်။ ဝက်ခြံကိုကုသနိုင်သောတခြားနည်းလမ်းကုထုံးများမှာ
● အရေပြားအားဖြည့်ဆေးများထိုးခြင်း
● အရေပြားပြုပြင်ခြင်း
● လေဆာပစ်ခြင်း တို့ဖြစ်ကြသည်။
Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmi]