၎င်းဟာ အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်ပြီး သင့်ရဲ့ endorphin ဟော်မုန်း ပမာဏ ကို မြင့်တက်စေပါတယ်။ ဒီလိုမြင့်တက်ခြင်း အားဖြင့် ၎င်းဟာ ကာမခွန်အားတိုးဆေးအဖြစ် ဆောင်ရွက်ပေးကာ သင့်ရဲ့ စိတ်စွမ်းရည်ကို မြှင့်တင်ပါတယ်။ Phenylalanine အကြွယ်ဝဆုံးဖြစ်သော အစားအသောက်တွေမှာ ချောကလက်ဖြစ်ပြီး မက်မွန်စေ့၊ ထောပတ်သီး ၊နာနတ်သီး၊ မြေပဲနှင့် ဟင်းနုနွယ် စတဲ့အခြားသော အစားအသောက်တွေထဲမှာလည်း အများကြီးတွေ့ရပါတယ်။
လိင်မှုဆိုင်ရာ ကျန်းမာရေးမှာဆိုရင် ဗီတာမင်အီးရဲ့ အကျိုးသက်ရောက်မှုဟာ သင့်ကို ပီတိဖြစ် စေပြီး ဘဝင်ကျစေမှာဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ လိင်ပိုင်းဆိုင်ရာ ဟော်မုန်း၊ စွမ်းဆောင်နိုင်စွမ်းနဲ့ စိတ်ခံစားမှု တွေ ထွက်ပေါ်လာခြင်းကို များစွာ ထောက်ပံ့ကူညီပေးပါတယ်။ ဗီတာမင် အီးဟာ အသက်ကြီးလို့ အိုမင်းရင့်ရော်လာတဲ့ လက္ခဏာ တွေကို နှေးကွေးစေတဲ့ အားပြင်းသော ဓါတ်တိုး ဆန့်ကျင် ပစ္စည်းဖြစ်ရုံသာမကပဲ သင့်ရဲ့ လိင်မှုဆိုင်ရာဘဝကိုလည်း ပိုပြီး သက်တန်းရှည်အောင် သွယ်ဝိုက်ပြုလုပ်ပေးနေပါတယ်။ ဗီတာမင် အီး အများဆုံးကို မက်မွန်သီးစေ့၊ မြေပဲ၊ စား၍ရသော ထင်းရှူးသီးစေ့နဲ့ ဟင်းနုနွယ်စတာတွေမှာ အလွယ်တကူတွေ့ရပါတယ်။
Citrulline ဆိုတာအပင်မှရတဲ့ အာဟာရဓါတ် တစ်မျိုးဖြစ်ပြီး သဘာဝ ကာမခွန်အားတိုးဆေးဆိုပြီး “Longevity Medicine Review” ကနေ ဖော်ပြခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၎င်းဟာ နိုက်ထရစ် အက်စစ် ပမာဏများစွာကို ထုတ်ပေးနိုင်တဲ့အတွက်ကြောင့်လို့ ဆိုနိုင်ပါတယ်။ ၎င်းဟာသွေးလည်ပတ်မှု ကောင်းစေပြီး ကလီစာများတွင် သွေးစီးဆင်းမှုအား ပိုကောင်းလာကာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကိုလည်း ပိုကောင်းစေတယ်လို့ ဆိုလိုပါတယ်။ ဖရဲသီးမှာဆိုရင် citrulline ဓါတ် ပမာဏ များစွာ ပါဝင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။