brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လိင်မှုဘဝမှာ သက်လုံကောင်းစေဖို့ ကိုယ့်ရဲ့ လက်တွဲဖော်ကို ဘယ်လို ကူညီပေးမလဲ!

သင့်ရဲ့ လက်တွဲဖော်က ချစ်တင်းနှောရာမှာ သက်လုံကောင်းစေဖို့ ကြိုးပမ်းနေရပြီလား! ဒါဆိုရင်တော့ လိင်မှုဘဝမှာ သက်လုံကောင်းစေဖို့ ကိုယ့်ရဲ့ လက်တွဲဖော်ကို ဘယ်လို ကူညီပေးမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ 

လိင်မှုဘဝမှာ သက်လုံကောင်းစေဖို့ ကိုယ့်ရဲ့ လက်တွဲဖော်ကို ဘယ်လို ကူညီပေးမလဲ!

လိင်မှုဘဝ သာယာဖို့ လိုအပ်ချက် တစ်ခု 

လက်တွဲဖော် ၂ ဦးကြားမှာ သာယာတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်နိုင်စေဖို့ဆိုရင်တော့ သက်လုံကောင်းစေဖို့ လိုပါမယ်။ လက်တွဲဖော် ၂ ဦးမှာ တစ်ဦးဦးက သက်လုံ မကောင်းဘူးဆိုရင်ဖြစ်ဖြစ် ၂ ဦးစလုံး သက်လုံမကောင်းရင်ဖြစ်ဖြစ် ကောင်းမွန်ပျော်ရွှင်တဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ဖို့ ခက်မှာပါ။ ဒါကြောင့် လိင်မှုဘဝမှာ သာယာစေဖို့ဆိုရင် သက်လုံကောင်းစေဖို့ လိုပါမယ်။

ဘာတွေက သက်လုံမကောင်းတာကို ဖြစ်စေနိုင်တာလဲ!

လိင်မှုဘဝမှာ သက်လုံမကောင်းတာကို ဖြစ်စေနိုင်တဲ့ အချက်တွေကတော့ အများကြီးပါ။ 

  • အဝလွန်နေတာ
  • ရောဂါအခံ တစ်ခုခု ရှိနေတာ
  • ကိုယ်ဝန်ဆောင်နေရတာ
  • သွေးဆုံးခါနီးအချိန် ဖြစ်နေတာ
  • ကိုယ်တွင်းဟော်မုန်း ပြောင်းလဲတာ
  • ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို ခံစားနေရတာ
  • စိတ်ဖိစီးတာ
  • စိုးရိမ်စိတ် များတာ
  • နေထိုင်မှုပုံစံ မှားယွင်းနေတာ
  • သောက်သုံးနေရတဲ့ ဆေးဝါးတွေက လိင်မှုဘဝမှာ သက်လုံမကောင်းတာကို ဖြစ်စေနိုင်ပါတယ်။

လိင်မှုဘဝမှာ သက်လုံကောင်းစေဖို့ ကိုယ့်ရဲ့ လက်တွဲဖော်ကို ဘယ်လို ကူညီပေးမလဲ!

သက်လုံကောင်းစေဖို့က မာရသွန်ပြေးမှ ရေကူးမှ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်မှ လိုအပ်တာမျိုး မဟုတ်ပါဘူး။ လက်တွဲဖော် ၂ ဦးကြားက ကိုယ်လက်နှီးနှောမှု လုပ်ဆောင်ရာမှာလည်း သက်လုံကောင်းဖို့ လိုအပ်ပါမယ်။ 

အိပ်ရာပေါ်မှာ သက်လုံမကောင်းတာက လက်တွဲဖော်ကို ပြည့်ဝတဲ့ သာယာမှုကို မပေးနိုင်ပါဘူး။ ဒီလိုနဲ့ ပျော်ရွှင်စရာကောင်းတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ဖို့ ခက်ခဲလာတာကြောင့် အမျိုးသား အများစုက လိင်မှုဘဝမှာ သက်လုံကောင်းစေဖို့ နည်းလမ်းတွေကို ရှာဖွေနေတတ်ပါတယ်။ ဒီတော့ လိင်မှုဘဝမှာ သက်လုံကောင်းစေဖို့ ကိုယ့်ရဲ့ လက်တွဲဖော်ကို ဘယ်လို ကူညီပေးမလဲ! ဆိုရင်တော့ 

အစပျိုးပါ

အစပျိုးမှုက အရေးပါပါတယ်။ အမျိုးသား တော်တော်များများ ယုံကြည်ထားတာက ထိုးသွင်းဆက်ဆံမှုက လိင်မှုဘဝမှာ သာယာမှုကို ပေးစွမ်းနိုင်မယ့် အရေးပါတဲ့ အချက်တစ်ခုလို့ပေါ့။ တကယ်ကတော့ ထိုးသွင်း ဆက်ဆံမှုကို အဓိကထားနေတာက စိတ်ဖိစီးမှုကို ဖြစ်စေပြီး သက်လုံကောင်းမှုကို ထိခိုက်စေနိုင်ပါတယ်။

တကယ်ကတော့ အမျိုးသားတွေမှာ သက်လုံကောင်းပြီး ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ဆက်ဆံရေးကို ဖန်တီးဖို့ဆိုရင် အားမစိုက်ရဘဲ သာယာမှုကို ပေးစွမ်းနိုင်မယ့် နည်းလမ်းလေးတွေ ဖြစ်တဲ့ ထိတွေ့မှုလေးတွေ လုပ်ဆောင်တာ၊ အနမ်းခြွေတာနဲ့ ပါးစပ်နဲ့ လိင်ဆက်ဆံတာမျိုးတွေကလည်း နည်းလမ်းကောင်းပါ။ 

အစပျိုးမှုကို ကြာကြာလေး လုပ်ပေးနိုင်လေလေ အမျိုးသမီးတွေကိုလည်း စိတ်ကျေနပ်မှု ရစေပြီး အမျိုးသားတွေကိုလည်း သက်လုံကောင်းစွာနဲ့ သာယာတဲ့ အခိုက်အတန့်လေးကို ဖန်တီးနိုင်မှာပါ။ အမျိုးသမီးတွေရဲ့ ဆန္ဒပြီးမြောက်မှုက ထိုးသွင်းမှုလုပ်မှ မဟုတ်ဘဲ အခြားအရာတွေကြောင့်လည်း ပြီးမြောက်နိုင်တယ်ဆိုတာကို သိထားဖို့ လိုပါမယ်။ 

စတင်မယ် ခဏနားမယ် ဆိုတဲ့ နည်းလမ်းကို သုံးပါ

လိင်မှုဘဝမှာ သက်လုံကောင်းစေဖို့ အမျိုးသားတွေအနေနဲ့ အစပျိုးလိုက် ခဏနားလိုက် နည်းလမ်းကို သုံးတာ နည်းလမ်းကောင်းပါ။ ဒီနည်းလမ်းကို လုပ်ဆောင်ဖို့ အသက်ကို ဝဝ ရှူရင်း ဖြည်းဖြည်းချင်း အစပျိုးဖို့ လိုပါမယ်။ စိတ်အားထက်သန်မှုကို လျော့မသွားစေဘဲ သက်တောင့်သက်သာ ဖြစ်စွာနဲ့ ကိုယ်လက်နှီးနှောနိုင်စေဖို့ ကိုယ့်ရဲ့ လက်တွဲဖော်ကို လေဒီလေးတွေဘက်က ကူညီပေးဖို့လည်း လိုပါမယ်။

အသစ်အဆန်းတွေကို စမ်းသပ်ပါ

နှစ်ကိုယ်ကြား ဆက်ဆံရေးမှာလည်း အသစ်အဆန်းလေးတွေကို ဖန်တီးဖို့ လိုအပ်ပါမယ်။ အမြဲလိုလို ဒီအခြေအနေကိုပဲ ကြုံတွေ့နေရတဲ့အခါ စိတ်လှုပ်ရှားမှု ကင်းမဲ့ပြီး စိတ်အားထက်သန်မှု မရှိသလောက်ဖြစ်လာပြီး သက်လုံကောင်းမှုကို ထိခိုက်စေမှာပါ။ 

ဒါကြောင့် အသစ်အသစ်သော အရာတွေကို အတူ စမ်းသပ်တာမျိုး လုပ်ဆောင်ပေးတာအပြင် နှစ်ယောက်တည်း ခရီးသွားတာ၊ တစ်ဦးနဲ့ တစ်ဦး ပွင့်ပွင့်လင်းလင်း ပြောဆိုတာမျိုးတွေ လုပ်ဆောင်ပေးတာကလည်း တစ်ယောက်အကြောင်း တစ်ယောက် ပိုသိစေပြီး နှစ်ကိုယ်ကြား ဆက်ဆံရေးမှာ သက်လုံကောင်းစေဖို့ တစ်ယောက်နဲ့ တစ်ယောက် ကူညီပေးနိုင်မှာပါ။ 

အစားအသောက်တွေကို ဂရုစိုက်ပါ

လင်မှုဘဝမှာ သက်လုံကောင်းစေဖို့အတွက် နေ့စဉ် စားသုံးမှုမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ အခွံမာသီးတွေ၊ စွံပလွန်သီး၊ အိုမီဂါ သရီး ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ကြတဲ့ ပင်လယ်ငါး၊ နို့ထွက်ပစ္စည်းတွေကို ပြင်ဆင်ပေးတာ၊ ဖရဲသီး၊ ချောကလက်၊ ကမာ စတာတွေကို ပြင်ဆင်ပေးတာ နည်းလမ်းကောင်းပါ။ 

စိတ်ဖိစီးမှုကို ဖြေလျှော့ပါ 

စိတ်ဖိစီးမှု များတာက အမျိုးသားမှာ လိင်တံထောင်မတ်မှုကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှု များတာက လိင်မှုဘဝမှာ စိတ်အားထက်သန်မှု နည်းစေပြီး လိင်မှုဘဝမှာ သက်လုံမကောင်းတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ လက်တွဲဖော်ကို လိင်မှုဘဝမှာ သက်လုံကောင်းစေဖို့ ကူညီချင်တယ်ဆိုရင် စိတ်ဖိစီးမှုကို ပြေလျော့အောင် လုပ်ဆောင်ပေးပါ။ 

အိပ်ရေးဝအောင် ဂရုစိုက်ပါ

အိပ်ရေးပျက်တာ များလာတာ ပြည့်ဝတဲ့ အိပ်စက်မှုကို မရရှိတာက လိင်မှုဘဝ သာယာမှုကို ထိခိုက်စေနိုင်ပါတယ်။ ညစဉ် အိပ်ချိန် ၇ နာရီ ကနေ ၉ နာရီလောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှ လိင်မှုဘဝမှာ သက်လုံကောင်းစေမှာပါ။ ဒါကြောင့် သာယာကြည်နူးစရာ ကောင်းတဲ့ ဆက်ဆံရေး ပိုင်ဆိုင်ဖို့ဆိုရင် ကိုယ်တိုင်ရော လက်တွဲဖော်ကိုပါ ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိအောင် ဂရုစိုက်ပါ။ 

ဒီနည်းလမ်းလေးတွေနဲ့ လက်တွဲဖော်ကို လိင်မှုဘဝမှာ သက်လုံကောင်းစေဖို့ ကူညီပေးလို့ ရပါတယ်။ 

Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/03/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။