brand logo
Discover
Health Tools
Communities

Share

တစ်ပတ်မှာ ဘယ်နှစ်ကြိမ် လိင်ဆက်ဆံသင့်သလဲဆိုတာ အဖြေရှာကြမယ်

လူ အတော်များများဟာ လိင်ဆက်ဆံမှု နဲ့ပတ်သက်ပြီး မသိစိတ်မှာ ကြိတ်စိုးရိမ်နေကြတာတွေ ရှိတတ်ပါတယ်။ ဖြစ်သင့်တဲ့ ပုံမှန်ပမာဏအတွင်း လိင်ဆက်ဆံ နေမိရဲ့လား၊ ကိုယ့် လိင်စိတ်ဟာ အရမ်း နည်းနေသလား၊ အရမ်း များနေသလား စသဖြင့် အစုံ တွေးမိတတ်ကြပါတယ်။ ဒီတော့ တစ်ပတ်မှာ ဘယ်နှစ်ကြိမ် လိင်ဆက်ဆံသင့်သလဲဆိုတာ အဖြေရှာကြမယ် ……

တစ်ပတ်မှာ ဘယ်နှစ်ကြိမ် လိင်ဆက်ဆံသင့်သလဲဆိုတာ အဖြေရှာကြမယ်

တကယ်တော့ ဒါတွေ အားလုံးဟာ စိုးရိမ်စရာ အကြောင်းအချက်တွေ မဟုတ်ပါဘူး။ လိင်ဆက်ဆံခြင်းဟာ မိမိ နဲ့ မိမိ လက်တွဲဖော်ပေါ်မှာသာ လုံးလုံးလျားလျား မူတည်နေတာမို့လို့ မိမိတို့ နှစ်ဦးစလုံး အဆင်ပြေနေသရွေ့ ဘယ်ရွေ့ ဘယ်မျှ ပမာဏ လိင်ဆက်ဆံတယ် ဆိုတာ ထည့်သွင်းစဉ်းစားနေစရာ အကြောင်း တစ်ခု မဟုတ်ပါဘူး။

အသက်အရွယ် ဘယ်လောက်ပဲဖြစ်ဖြစ် လူတစ်ဦး နဲ့ တစ်ဦးဟာ လိင်စိတ်လိုအင်၊ လိုအပ်ချက်နဲ့ လိင်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုတွေ ရယူတဲ့နေရာမှာ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ ဒါကြောင့် မိမိနဲ့ မိမိ partner ပျော်ရွှင် ကျေနပ်နေသရွေ့ လိင်ကိစ္စကို တစ်ပတ်မှာ အကြိမ် ပေါင်းများစွာ ဆောင်ရွက်သည် ဖြစ်စေ၊ လုံး၀ မဆောင်ရွက်ဘူး ဖြစ်စေ ပြဿနာ မဟုတ်ပါဘူး။

 ဒါပေမယ့် လူအတော်များများ ကတော့ တစ်ပတ်မှာ ဘယ်နှစ်ကြိမ်လောက် အခြားသူတွေရဲ့ လိင်ဆက်ဆံတဲ့ နှုန်းကို သိချင်ကြပါတယ်။အသက်အရွယ်ဟာ လိင်ဆက်ဆံတဲ့ အကြိမ်ရေကို ဘယ်လို ပြောင်းလဲစေသလဲလည်း သိချင်ကြပါတယ်။

တစ်ပတ်မှာ ဘယ်နှစ်ကြိမ် လိင်ဆက်ဆံသင့်သလဲဆိုတာ အဖြေရှာကြမယ်

အသက်အရွယ် ရလာတာ နဲ့အမျှ လူအများစုဟာ လိင်ဆက်ဆံနှုန်း လျော့နည်းလာကြတယ်။

သု​တေသန ပြုချက်တွေအရ အသက် ဆယ့်ရှစ်နှစ်ကနေ နှစ်ဆယ့်ကိုးနှစ်ကြား လူငယ်တွေဟာ ပျမ်းမျှအနေနဲ့ တစ်နှစ်မှာ လိင်ဆက်ဆံမှုပေါင်း ၁၁၂ ကြိမ် ၊ တစ်ပတ်ကို နှစ်ကြိမ်လောက် လုပ်ကြတယ် ဆိုပါတယ်။ အသက် သုံးဆယ်ကနေ သုံးဆယ့်ကိုးနှစ်လောက် အရွယ်တွေကျတော့ တစ်နှစ်လုံးကို ပျမ်းမျှ ရှစ်ဆယ့်ခြောက်ကြိမ်လောက် လိင်ဆက်ဆံလေ့ ရှိပြီး တစ်ပတ်ကိုတော့ ၁.၆ ကြိမ်နဲ့ညီမျှပါတယ်။

လေးဆယ်ကနေ လေးဆယ့်ကိုးနှစ် အရွယ်တွေ မှာတော့ ပိုနည်း သွားပြီး တစ်နှစ်လုံးမှာ ခြောက်ဆယ့်ကိုးကြိမ်လောက်၊ တစ်ပတ်မှာ တစ်ကြိမ်လောက်ပဲ ဆက်ဆံလေ့ ရှိကြတာ များတဲ့အတွက် အသက်ဆယ့်ရှစ်ကနေ နှစ်ဆယ့်ကိုး လူငယ်တွေရဲ့ တစ်ဝက်နှုန်းလောက်သာ ဆက်ဆံကြတယ် ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ ယေဘူယျ ဖော်ပြချက်သာဖြစ်ပြီး ရွယ်တူတန်းတူတွေထက် လိင်ဆက်ဆံမှု အကြိမ်ရေ များနေတဲ့သူတွေက မိမိကိုယ်ကို ပိုမို နုပျိုတယ်လို့ ခံစားရလေ့ရှိတယ် ဆိုပါတယ်။

နိဂုံးချုပ် ဆိုရရင် အသက်အရွယ်ဟာ လိင်ဆက်ဆံမှု အကြိမ် အရေအတွက်ပေါ် သက်ရောက်မှု ရှိတာ မှန်ပေမယ့် ကိုယ့်ကိုယ်ကို ငယ်ရွယ်နေသေးတယ်လို့ ခံယူတဲ့သူတွေကသာ ဘ၀ကို ရှင်သန်အသက်ဝင်တယ်လို့ ခံယူမှု များတဲ့အတွက် အသက်အရွယ်ဆိုတာ နံပါတ်တွေလို့သာ သတ်မှတ်ပြီး မိမိ အပါအ၀င် မိမိရဲ့ ပါတနာကို ချစ်ခြင်းမေတ္တာတွေနဲ့ ထုံးလွှမ်းစေသင့်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
Hello Sayarwon Panel
Fact Checked by Hello Sayarwon Panel · Written by Hello Sayarwon Panel · Updated 01/03/2023

Was this article helpful?