backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Decreased Libido (လိင်စိတ်နည်းလာခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 25/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Decreased Libido (လိင်စိတ်နည်းလာခြင်း)

Decreased Libido (လိင်စိတ်နည်းလာခြင်း) ဆိုတာ ဘာလဲ။

လိင်စိတ်နည်းလာခြင်း က အမျိုးသား ၅ယောက်မှာ ၁ယောက်နဲ့ အမျိုးသမီးများအထိပါ သက်ရောက်နိုင်ပြီး အဖြစ်များတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ကာမစိတ်လျော့နည်းခြင်းက စိတ်ဖိစီးမှုများခြင်း သို့မဟုတ် ကိုယ်ဝန်ရခြင်း၊ ကလေးမွေးခြင်း၊ နို့တိုက်ခြင်းလိုမျိုး ဘဝအပြောင်းအလဲကိစ္စတွေနဲ့ ဆက်နွယ်တတ်ပါ။

ကာမစိတ်လျော့နည်းခြင်းက ကိုယ့်အမူအကျင့်၊ ရောဂါနဲ့ နေထိုင်မှုဘဝဆိုင်ရာ ပြဿနာများကြောင့် ဖြစ်နိုင်ပါတယ်။ ဇနီးမောင်နှံ နှစ်ယောက်လုံးကိုလည်း စိတ်မသက်မသာ ဖြစ်စေနိုင်ပါတယ်။

အထူးသဖြင့် လိင်စိတ်လျော့နည်းခြင်းက သင်နဲ့ သင့်အိမ်ထောင်ရေးကို ထိခိုက်စေတယ်လို့ ယူဆရင် ဆရာဝန်နဲ့သွားရောက်တွေ့ဆုံပြီး အကြောင်းအရင်းကို ရှာဖွေကာ ကုသမှုများကို ဆွေးနွေးသင့်ပါသည်။

Decreased Libido (လိင်စိတ်နည်းလာခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အသက် ၆၀ ကျော်အရွယ်မှာ အဖြစ်များပြီး အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်တတ်ပါတယ်။

Decreased Libido (လိင်စိတ်နည်းလာခြင်း) ရဲ့ လက္ခဏာတွေက ဘာတွေလဲ

လိင်စိတ်လျော့နည်းခြင်းရဲ့ ရောဂါလက္ခဏာများက တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားနိုင်ပါတယ်။ အောက်ပါရောဂါလက္ခဏာများကတေ့ အတွေ့ရအများဆုံး လက္ခဏာတွေ ဖြစ်ပါတယ်။

  • အမျိုးသား လိင်အင်္ဂါထောင်မတ်ရန် ခက်ခဲခြင်း
  • သုက်ရည် ပမာဏနည်းပါးခြင်း
  • ဆံပင်များ ကျွတ်ခြင်း
  • မောပန်းနွမ်းနယ်ခြင်းနဲ့ အားအင်ကုန်ဆုံးခြင်း
  • ကြွက်သားထုထည်များ လျော့ကျခြင်း
  • စိတ်ပြောင်းလဲခြင်း
  • အတူနေရန် စိတ်မပါခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာရောဂါအဖြေရှာခြင်းနဲ့ ကုသခြင်းက လိင်စိတ်လျော့ကျမှုကို ပိုမဆိုးအောင် ကာကွယ်ပေးနိုင်ပါတယ်။ အထက်မှာ ပြောထားတဲ့ လက္ခဏာတွေ ခံစားရရင် ဒါမှမဟုတ် ကိုယ့်ကိုယ်ကို လိင်စိတ်နည်းတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။

Decreased Libido (လိင်စိတ်နည်းလာခြင်း) ကို ဘာတွေက ဖြစ်စေသလဲ

ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာများက လိင်စိတ်လျော့နည်းခြင်းကို ဖြစ်စေပါတယ်။ ရုပ်ပိုင်းဆိုင်ရာပြဿနာများမှာ

  • ကျားဟော်မုန်းများ လျော့ကျခြင်း
  • ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုးများ
  • လေ့ကျင့်ခန်းမလုပ်ခြင်း သို့မဟုတ် များလွန်းခြင်း
  • အရက်နဲ့ မူးယစ်ဆေးအသုံးပြုခြင်းတို့ ပါဝင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာပြဿနာတွေမှာတေ့

  • စိတ်ဓာတ်ကျခြင်း
  • စိတ်ဖိစီးမှုဖြစ်ခြင်း
  • အိမ်ထောင်ရေး ပြဿနာများပါဝင်ပါသည်။

အသက် ၄၅ နှစ်ကျော်တဲ့ အမျိုသား ၁၀ ယောက်မှာ ၄ယောက်က ကျားဟော်မုန်းနည်းပါးခြင်း ဖြစ်နိုင်ပါတယ်။ ကျားဟော်မုန်းနည်းခြင်းက လိင်စိတ်လျော့ကျခြင်းကို ဖြစ်စေပါသည်။ တချို့လူနာတွေမှာ ကျားဟော်မုန်းဆေးတွေ ပြန်ပေးလိုက်တဲ့အခါ လိင်စိတ်ပြန်ရလာတာကို တွေ့ရပါတယ်။

တချို့သော ဆေးဝါးတွေ သောက်သုံးတဲ့အခါ ဘေးထွက်ဆိုးကျိုးအနေနဲ့ ကာမစိတ်လျော့နည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဥပမာ သွေးပေါင်ကျဆေးတွေဖြစ်တဲ့ ACE inhibitors, beta blockers များက လိင်တံထောင်မတ်ခြင်းနှင့် သုက်လွှတ်ခြင်းတို့ကို ထိခိုက်နိုင်ပါတယ်။

တစ်ခါတလေ လူနာတစ်‌ယောက်မှာ လိင်စိတ်လျော့နည်းရတဲ့ အကြောင်းရင်း တစ်ခုမက ရှိနိုင်ပါတယ်။

Decreased Libido (လိင်စိတ်နည်းလာခြင်း) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

လိင်စိတ်လျော့နည်းခြင်း ဖြစ်ပွားနိုင်ခြေကို မြင့်စေတဲ့ အကြောင်းရင်းတွေကတေ့

  • စိတ်ဓာတ်ကျခြင်း

စိတ်ဓာတ်ကျခြင်းက လူတစ်ယောက်ရဲ့ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ဓာတ်ကျနေတဲ့သူတွေက လိင်ဆက်ဆံမှုအပါအဝင် တစ်ချိန်က ပျော်ရွှင်မှုရခဲ့တဲ့ ကိစ္စများကိုပါ စိတ်ဝင်စားမှု နည်းပါးနေမှာ ဖြစ်ပါတယ်။

  • ကင်ဆာ

ကင်ဆာလိုမျိုး ရောဂါတွေအပြင် ကင်ဆာကုထုံးတွေကလည်း သုက်ရည်ထုတ်လုပ်မှုကို ထိခိုက်တာ၊ လိင်စိတ်နည်းပါးတာတွေကို ဖြစ်စေနိုင်ပါတယ်။

  • Obstructive sleep apnea

ညဖက်အိပ်တဲ့အခါ အသက်ရှူလမ်းကြောင်းပိတ်ဆို့တာကြောင့် အလွန်ဟောက်တတ်တဲ့ ဝေဒနာခံစားရသူအမျိုးသားများမှာ လိင်တံထောင်မတ်တဲ့ ပြဿနာရှိတတ်ပါတယ်။

  • အသက်ကြီးလာခြင်း

လိင်စိတ်နဲ့ ဆက်နွယ်နေတဲ့ ကျားဟော်မုန်းက အမျိုးသားများ ဆယ်ကျော်သက် နှောင်းပိုင်းအရွယ်မှာ အမြင့်ဆုံး ဖြစ်ပါတယ်။ ၆၀ မှ ၆၅ နှစ်အရွယ် အမျိုးသားတွေမှာ ကျားဟော်မုန်းနည်းလာတာကြောင့် လိင်စိတ်ပါ နည်းလာကြပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာဆိုင်ရာကျွမ်းကျင်သူရဲ့ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက် သိရှိလိုိုတဲ့ အချက်အလက်များအတွက် သင့်ရဲ့ ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။

Decreased Libido (လိင်စိတ်နည်းလာခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်ချက်များ ပြုလုပ်ခြင်းအပြင် လိုအပ်ပါက သွေးစစ်ခြင်း၊ သုက်ရည်စစ်ဆေးခြင်းကဲ့သို့သော စစ်ဆေးချက်များကို လုပ်ဆောင်ရပါမယ်။

Decreased Libido (လိင်စိတ်နည်းလာခြင်း) ကို ဘယ်လိုကုသပါသလဲ

ဖြစ်ပေါ်စေသော အကြောင်းရင်းပေါ်မူတည်၍ သင့်တော်သော ကုသမှုများမှာ

  • ပိုကျန်းမာသော နေထိုင်မှုပုံစံများကို ရွေးချယ်ပါ။
  • အစာအာဟာရကို ကောင်းမွန်စွာစားပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်၍ လုံလောက်စွာ အိပ်စက်ပါ။ အရက်ဖြတ်ပါ။ စိတ်ဖိစီးမှုများကို လျှော့ချပါ။
  • သောက်နေသော ဆေးများသည် လိင်စိတ်ကိုထိခိုက်စေသည်ဟု ယူဆပါက ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးပြောင်းနိုင်ပါသည်။
  • ကျားဟော်မုန်းအစားထိုးကုထုံး ခံယူပါ။
  • ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်ပါက ဆရာဝန်သည် စိတ်ရောဂါကုထုံးကို ထောက်ခံချက်ပေးနိုင်ပါသည်။ အများစုတွင် ကာမစိတ်လျော့နည်းခြင်းသည် သင့်၏ ကြင်ဖော်ဖြင့် လိင်ပိုင်းဆိုင်ရာပြဿနာတက်ခြင်းမျိုးမဟုတ်ဘဲ လေးနက်မှုရှိသော ဆက်သွယ်မှုတစ်ခုကိုသာ လိုလားခြင်းကြောင့်ဟု ထောက်ပြကြသည်။

ကုထုံးဆရာဝန်နှင့် သင်ကိုယ်တိုင် သို့မဟုတ် သင်၏ ကြင်ဖော်နှင့်အတူ ဆွေးနွေး၍ ဤပြဿနာများကို ဖြေရှင်းနိုင်သည်။ သင်၏ ပြဿနာသည် စိတ်ဓာတ်ကျခြင်းဖြစ်ပါက စိတ်ကျရောဂါကုသဆေးများ သုံးနိုင်သည်။ ထိုဆေးအချို့သည် ကာမစိတ်ကို လျော့ကျစေနိုင်သော်လည်း ယာယီအနေဖြင့် အသုံးပြုနိုင်ပါသည်။

Cialis,Levitra,Viagra ကဲ့သို့သော TVနှင့် မဂ္ဂဇင်းများတွင် ကြော်ငြာသောဆေးများသည် ကာမစိတ်ကို အမှန်တကယ် မြှင့်တင်မပေးနိုင်ပါ။ ထိုအရာများသည် လိင်တံတောင့်တင်းခြင်းကိုသာ ဖြစ်စေပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ကာမစိတ်လျော့ကျခြင်းကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ပါ အကျိုးရှိသောနည်းလမ်းများကို လိုက်နာခြင်းဖြင့် ရောဂါဖြစ်နိုင်မှုကို လျော့ချနိုင်ပါသည်။

  • အချို့သော လေ့လာချက်များတွင် လိင်စိတ်နည်းပါးခြင်းသည် အချို့အစားအစာများကြောင့်ဟု ဆိုသော်လည်း တိကျသော လေ့လာချက်မရှိပါ။ ဥပမာငှက်ပျောသီးနှင့် ထောပတ်သီးတို့သည် လိင်စိတ်ကိုတက်စေသော အသီးများဖြစ်ပြီး ကာမအားတိုးဆေးဟု ခေါ်ကြပါသည်။ ထိုအစားအစာများသည် အရေးပါသော ဗီတာမင်နှင့် သတ္တုဓာတ်များကို ထောက်ပံ့ပေးပြီး လိင်အင်္ဂါများသို့ သွေးစီးဆင်းမှုကောင်းစေပြီး ကျန်းမာသော အိမ်ထောင်ရေးသုခ ပြည့်စေသောဘဝကို ရရှိစေပါသည်။
  • မိမိကိုယ်ကိုထားရှိသော ထင်မြင်ခံစားချက်သည်လည်း ကာမစိတ်ကိုခံစားမှုတွင် သက်ရောက်မှုရှိပါသည်။ ကျန်းမာရေးနှင့် မညီသော အစားအစာများနှင့်လေ့ကျင့်ခန်းမလုပ်ခြင်းသည် ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ကျဆင်းစေပါသည်။ ဤအချက်များသည် သင့်အားကာမဆက်ဆံပျော်ရွှင်ခြင်းရရှိရန် ဟန့်တား နိုင်ပါသည်။
  • မည်မျှပင် ကျန်းမာနေပါစေ။ စိတ်ဖိစီးမှုများပါက သင့်၏ ကာမစိတ်ကို ထိခိုက်စေမည် ဖြစ်ပါသည်။ အမျိုးသမီးများသည် ဤသက်ရောက်မှုများကို ပို၍ခံစားရပါသည်။ အမျိုးသားများမှာမူ တစ်ခါတစ်ရံလိင်ဆက်ဆံခြင်းအား စိတ်ဖိစီးမှုပျောက်ရန် အသုံးပြုခြင်းကြောင့် အမျိုးသမီးများလောက် မခံစားရပါ။ တစ်ခါတစ်ရံ ကာမဆက်ဆံရာတွင် ချဉ်းကပ်ပုံခြင်းမတူသောကြောင့် သဘောထားကွဲလွဲမှုများ ဖြစ်တတ်ပါသည်။ စိတ်ဖိစီးမှုများကို လျှော့ချရန်အတွက် ထိုက်ကျိနှင့် ယောဂကဲ့သို့သော အားကစားနည်းများ ပုံမှန်ပြုလုပ်ပေးပါ။

အကယ်၍ သင့်မှာ ထပ်မံသိလိုသော အချက်များရှိပါက သင့်အတွက် သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ရေးသားသူ- Dr Zin Wai Yan

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 25/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement