backup og meta

လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုနဲ့နှောင့်ယှက်မှု

လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုနဲ့နှောင့်ယှက်မှု

လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့အနိုင်ကျင့်မှုတို့ဟာ တားဆီးကာကွယ်ကြရမယ့် ပြစ်မှုကြီးတစ်ခုဖြစ် ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်ပါဆောင်းပါးက အကြံဉာဏ်အချက်အလက်တွေ ဖော်ပြပေးထားပါ တယ်။

လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုနဲ့နှောင့်ယှက်မှုတွေက ဘာလဲ

အနိုင်ကျင့်မှုတခြားအမျိုးအစားတွေမှာလိုပဲ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုမှာ တခြားသူတစ်ဦး တစ်ယောက်ကို ရန်စ၊စော်ကား၊ ထိခိုက်စေဖို့ ဒါမှမဟုတ် ခြိမ်းခြောက်ဖို့ရည်ရွယ်တဲ့ အာရုံစိုက်မှု၊ မှတ်ချက်ပြောဆိုမှု၊ အမူအရာနဲ့ လုပ်ရပ်တွေ ပါဝင်ပါတယ်။

လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုမှာ လိင်အမျိုးအစား တစ်ခုတည်းကိုပဲ အန္တရာယ်ရှိတာမဟုတ်ပါဘူး။ ယောကျာ်းလေးအချင်းချင်း၊ မိန်းကလေးအချင်းချင်း၊ ယောကျာ်းလေးတွေက မိန်းကလေးတွေကို၊ မိန်းကလေး တွေက ယောက်ျားလေးတွေကို ကာယိန္ဒြေပျက် အောင် ကျူးလွန်နိုင်ပါတယ်။ ဒါ့အပြင် အသက်အရွယ် အကန့်အသတ်မရှိ ပါဘူး။ ဆိုရရင် အရွယ်ရောက်ပြီးသူတွေက ငယ်သူတွေကို နှောင့်ယှက်လာနိုင်ပြီး ငယ်သူတွေက လည်း အသက်ပိုကြီးသူကိုနှောင့်ယှက်လာနိုင်ပါတယ်။

လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတို့က မလိုလားတဲ့ အာရုံစိုက်ခံရမှု၊ မှတ်ချက်စကားတွေ၊ လုပ်ရပ်တွေ၊ ခြေလက်အမူအရာတွေနဲ့ အသားချင်းထိတွေ့မှုတွေ ပါဝင်တာချင်းတူတာကြောင့် အတော်လေး ဆင်တူပါ တယ်။

ဘယ်အပြုအမူတွေ ပါဝင်သလဲ

လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့အနိုင်ကျင့်မှုမှာ –

  • လူတစ်ယောက်ရဲ့ လိင်ကိစ္စကောလာဟလတွေကို လူမှုမီဒီယာမှာဖြန့်ခြင်း
  • တစ်စုံတစ်ယောက်အကြောင်းကို လိင်ပိုင်းဆန်ဆန် မှတ်ချက်ပြောခြင်း၊ အမူအရာလုပ်ပြခြင်း၊ ဟာသလုပ် ခြင်း
  • တစ်စုံတစ်ယောက်ကို သူ့ရဲ့ကိုယ်လုံးတီးဓါတ်ပုံ တွေကို လူမှုမီဒီယာမှတဆင့် ပို့ပေးခိုင်းခြင်း
  • ငြင်းဆန်နေတာတောင်မှ လူတစ်ယောက်ကို အပြင်မှာတွေ့ဖို့ အကြိမ်ကြိမ်ခေါ်ခြင်း
  • တစ်စုံတစ်ယောက်ကို လိင်ကိစ္စဆန်ဆန် တမင်တကာ ထိတွေ့ခြင်း၊ဆုပ်ကိုင်ခြင်း၊ ဆွဲကိုင်ခြင်း၊ ဆွဲဆိတ်ခြင်း
  • တစ်စုံတစ်ယောက်ကို မအပ်မလျော်သော လိင်ပိုင်း ဆိုင်ရာအကြောင်းအရာတွေပါတဲ့ ပုံတွေ၊ ဗီဒီယိုတွေ ပြခြင်း

လူတစ်ဦး၏ ဆန္ဒကိုဆန့်ကျင်ပြီး နမ်းရှုပ်ခြင်း၊ လိင်ဆက်ဆံစေခြင်းတို့ကို အတင်းအကျပ် လုပ်ဆောင်တာဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်းနဲ့အနိုင်ကျင့်ခြင်းတို့ကိုကျော်လွန်သွား ပြီဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်မျိုးတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ မုဒိမ်းမှုတို့ဖြစ်နေပြီ ဖြစ်ကာ ပြစ်မှုကြီးတွေဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုကို ဘယ်လိုဖြေရှင်းမလဲ

ဖြစ်ရပ်တစ်ခုစီက မတူကြတာကြောင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု အားလုံးကို ကိုင်တွယ်ဖြေရှင်းနိင်ဖို့ မှန်ကန်တဲ့ တစ်ခုတည်းသော နည်းလမ်းမရှိပါဘူး။ ဒါ့အပြင် သင့်ကိုလိင်ပိုင်းအရ နှောင့်ယှက်အနိုင်ယူနေတာကို ထိုလူကို ပြောဆိုပြီး ရပ်တန့်ခိုင်းတာက အထောက်အကူဖြစ်စေ နိုင်မှာပါ။ ဒီလိုလုပ်ရပ်တွေကို တချို့က ရယ်စရာထင်ပြီး အရေးမကြီးဘူးထင်နေတယ်။ ဒါ့ကြောင့် သူတို့က သင်နဲ့ သင့်ရဲ့နေ့စဉ်ဘဝ ကို ကိုထိခိုက်စေနေတဲ့အကြောင်း၊ စတင် ပြောပြတာက ကောင်းပါလိမ့်မယ်။

တနည်းအားဖြင့် သူတို့က မရပ်ခဲ့ရင် ယုံကြည်ရတဲ့ လူကြီးတစ်ဦးဦး၊ သူနာပြု ၊ဆရာမ၊ အုပ်ချုပ်သူ၊ ကျောင်းအတိုင်ပင်ခံပုဂ္ဂိုလ် စတဲ့သူတွေဆီက အကြံဉာဏ်တောင်းခံနိုင်ပါတယ်။ ကျောင်းအများစု ဟာ သင့်ကိုကူညီဖို့ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှု နဲ့ နှောင့်ယှက်မှုဆိုင်ရာ မူဝါဒရှိတာကြောင့် တိတ်တိတ် ကျိတ်ခံပြီး နစ်နာသူမဖြစ်ပါစေနဲ့။

ဖြစ်ခဲ့ကြုံခဲ့သမျှကို မှတ်တမ်းယူသိမ်းဆည်းနိင်ပါတယ်။ ဒါတွေက အမှုတွေဖြစ်လာခဲ့ရင်တရားခံကို ဥပဒေအရ အရေးယူချင်လာမှာဖြစ်တဲ့အတွက် သက်သေဖြစ်လာနိုင်ပါတယ်။

လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့အနိုင်ကျင့်မှုက လူတွေ ရဲ့ဘဝကိုပျက်စီးစေနိုင်ပါတယ်။ ပေါ့ပေါ့လေးကျူးလွန် ပြီး ရယ်စရာ၊ စိတ်ဝင်စားစရာအဖြစ်မြင်နေ တတ်ကြပါတယ်။ သင်၊ သင့်မိတ်ဆွေ၊ ဒါမှမဟုတ် သင်သိတဲ့လူတစ်ယောက်ကို အနိုင်ကျင့်ခံရ၊ နှောင့်ယှက်ခံရရင် တရားခံအနေနဲ့ ဒါတွေထပ်မကြုံရအောင် ချက်ချင်းတားဆီးသင့်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Sexual harassment and sexual bullying
http://kidshealth.org/en/teens/harassment.htmlc Accessed February 16, 2017

What is sexual bullying
http://www.bullying.co.uk/general-advice/what-is-sexual-bullying/ Accessed February 16, 2017

What Is Sexual Bullying and Why Do Kids Engage in it?
https://www.verywell.com/what-is-sexual-bullying-and-why-do-kids-engage-in-it-460499 Accessed February 16, 2017

ယခုပုံစံ

19/08/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးလမ်းကြောင်းနာကျင်ခြင်း

လိင်မှုဆက်ဆံရေးမှာ အရွယ်အစားက ဘယ်လောက်အရေးပါလဲ



Yun Sandi Nan Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement