backup og meta

Sexually Transmitted Diseases (Stds) (လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Sexually Transmitted Diseases (Stds) (လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ) ကဘာလဲ။

လိင်မှတစ်ဆင့်ကူးစက်သောရောဂါများဆိုသည်မှ ရောဂါရှိသူနှင့် လိင်ဆက်ဆံမိလျှင် ကူးစက်လာသော ရောဂါများကို ဆိုလိုပါသည်။ STDs အမျိုးအစား ၂၀ ကျော်ရှိ၏။

  • ကလဲမိုက်ဒီးယား
  • ဂနိုရီးယား
  • HIV/AIDS
  • HPV
  • ဆစ်ဖလစ်
  • ဆီလိင်ပြွန်ရောင်ခြင်း
  • သုက်စုပြွန်ရောင်ခြင်း
  • မိန်းမကိုယ်ပိုးဝင်ခြင်း (လိင်အင်္ဂါ ရေယုန်၊ ထရိုင်ကိုမိုနီးရေးစစ်၊ ကန်ဒီဒီရေးစစ် စသည်များ)
  • PID (Pelvic inflammatory disease)

Sexually Transmitted Diseases (Stds) (လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါများသည် အလွန်အဖြစ်များ၏။ သို့သော် တစ်ချို့တွင် အမျိုးသားများထက် အမျိုးသမီးများတွင် ပိုပြင်းထန်တတ်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွင်ဖြစ်ပါက ကလေးကိုပါ ထိခိုက်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Sexually Transmitted Diseases (Stds) (လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ) ရဲ့လက္ခဏာတွေကဘာတွေလဲ

လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ

  • လိင်အင်္ဂါတစ်ဝိုက်၊ ပါးစပ် သို့မဟုတ် စအိုတစ်ဝိုက်တွင် အနာများ အဖုများပေါ်ခြင်း
  • ဆီးသွားလျှင် နာခြင်း သို့မဟုတ် ပူခြင်း
  • လိင်တံမှအရည်များကျခြင်း
  • မိန်းမကိုယ်မှ ပုံမှမဟုတ်သော နံ့သောအရည်များ ကျခြင်း
  • ပုံမှန်မဟုတ်ပဲ မိန်းမကိုယ်မှ သွေးဆင်းခြင်း
  • လိင်ဆက်ဆံစဉ် နာခြင်း
  • ပြန်ရည်ကျိတ်များရောင်ခြင်း နာခြင်း အထူးသဖြင့် ပေါင်ခြံတွင်ဖြစ်တတ်ပြီး တစ်ခါတစ်ရံ ခန္ဓါကိုယ်နေရာအနှံ့တွင် တွေ့ရ၏။
  • ဗိုက်အောက်ပိုင်းနာခြင်း
  • ဖျားခြင်း အားနည်းခြင်း
  • ကိုယ်၊ လက်နှင့် ခြေများတွင် အကွက်များထခြင်း

အချိန်အတော်အကြာထိ ငြိမ်ငြိမ်လေးနေတတ်ပြီး ခပ်ပျော့ပျော့လက္ခဏာများသာပြတတ်သော STDs တစ်ချို့ရှိသည်ကို သတိပြုရပါမည်။ (ဥပမာ C. trachomatis ရှိသော ၈၀-၉၀% သော အမျိုးသမီးများနှင့် >၅၀%သော အမျိုးသားများတွင် လက္ခဏာများမပြတတ်ပါ။)

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုမျာ းရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။

  • လိင်အပျော်အပါးလိုက်စားသူဖြစ်ပြီး STDs တစ်ခုခုနှင့် ထိတွေ့မိသွားလျှင်
  • STI လက္ခဏာများ ပေါ်လာလျှင်
  • လိင်ပိုင်းဆိုင်ရာ အပျော်အပါးလိုက်စားလွန်းလာသည်ဟုထင်မိလျှင် သို့မဟုတ် အသက် ၂၁ ရောက်လာလျှင်
  • ပါတနာအသစ်နှင့် လိင်ဆက်ဆံမှုမပြုခင်

လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Sexually Transmitted Diseases (Stds) (လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ) ကိုဘာတွေကဖြစ်စေသလဲ

  • HIV, အသည်းရောင် ဘီပိုး၊ ရေယုန်နှင့် ကြွက်နို့ဗိုင်းရပ် (HPV) တို့ကဲ့သို့ ဗိုင်းရပ်စ်များ
  • gonorrhoes,Chlamydia trachomatis, Treponema pallidum, Mycoplasmas တို့လို ဘက်တီးရီးယားများ
  • Trichomonas အတွက် ကပ်ပါးပိုးများ
  • Candida လို မှိုများ

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Sexually Transmitted Diseases (Stds) (လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

လိင်မှတစ်ဆင့်ကူးစက်သောရောဂါများအား ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • လိင်ဆက်ဆံဖော်များစွာရှိသူများ
  • လိင်တူဆက်ဆံသောအမျိုးသားများ
  • အကာကွယ်မဲ့ လိင်ဆက်ဆံသူများ
  • လိင်လုပ်သားများ
  • အန္တရာယ်များသော လိင်ဆိုင်ရာအပြုအမူများကို ကျင့်သုံးသည့် ဆေးသုံးသူများ
  • အရက်အလွန်အကျွံသောက်သူများ၊ မူးယစ်ဆေးဝါးသုံးသူများ သို့မဟုတ် ထိုကဲ့သို့သောသူများနှင့် လိင်ဆက်ဆံသူများ
  • အပ်တစ်ချောင်းတည်း အတူမျှဝေသုံးစွဲသူများ

STDs အဖြစ်များသော လူထုအတွင်း နေထိုင်သူများ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Sexually Transmitted Diseases (Stds) (လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ) ကို ဘယ်လိုအတည်ပြုပါသလဲ

လိင်ဆိုင်ရာ ရာဇဝင်နှင့် လက်ရှိရောဂါလက္ခဏာများသည် STD ရှိနေကြောင်း ပြသနေပါက ပြဿနာကို၏အကြောင်းရင်းကို သိရှိနိုင်မည့် စစ်ဆေးမှုများပြုလုပ်ရပါမည်။

  • သွေးစစ်ခြင်း – သွေးစစ်ခြင်းတွင် HIV ရှိမရှိနှင့် ဆစ်ဖလစ်ရောဂါ၏နောက်ဆုံးအဆင့်များကို သိရှိနိုင်သည်။
  • ဆီးစစ်ခြင်း – တစ်ချို့ STI များသည် ဆီးမှဆစ်ဆင့် အတည်ပြုနိုင်၏။
  • အရည်နမူနာများ – သင့်၌လိင်အင်္ဂါအနာများရှိပါက ထိုမှအရည်များ နမူများကိုယူကာ ပိုးအမျိုးအစားကို ခွဲခြားနိုင်ပါမည်။ ဆီးလိင်ပြွန်မှထွက်သည့် အရည်များကိုလည်း တစ်ချို့ဖြစ်ရပ်များတွင် အသုံးပြုနိုင်သည်။ လိင်အင်္ဂါအနာများမှပစ္စည်းများ အရည်များကို တစ်ချို့ STIs များအား အမည်တပ်ရာတွင် အသုံးပြုနိုင်ပါသည်။

Sexually Transmitted Diseases (Stds) (လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ) ကို ဘယ်လိုကုသပါသလဲ

  • ပဋိဇီဝဆေးများ – များစွာသော လိင်မှကူးသည့် ဘက်တီးရီးယား ကပ်ပါးပိုးများဖြစ်သော ဂနိုးရီးယား၊ ဆစ်ဖလစ်၊ ကလဲမိုက်ဒီးယားနှင့် ထရိုင်ကိုမိုနီရေးစစ်တို့တွင် အကျိုးရှိသည်။
  • ဗိုင်းရပ်စ်သတ်ဆေးများ – နေ့စဉ်သောက်ပါက ပိုးကူးသည့်အန္တရာယ်နှင့် ပြန်ဖြစ်နိုင်မည့် အန္တရာယ်များကို လျော့နည်းစေပါသည်။ မြန်မြ ကုသမှုရလေလေ ရောဂါကိုအရှင်းပျောက်အောင် ကုနိုင်လေလေဖြစ်သည်။

ထိုဆေးများကို ဆရာဝန်၏ကြီးကြပ်မှုအောက်တွင်သာ အသုံးပြုရမည်ဖြစ်မည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသော နေရာများတွင် အကူအညီပေးနိုင်ပါသည်။

  • ကျန်းမာရေးနှင့်ညီညွှတ်သည်များကိုစားပါ
  • ဆေးလိပ်ဖြတ်ပါ
  • တရားမဝင်ဆေးများကိုဖြတ်ပါ
  • လေ့ကျင့်ခန်းလုပ်ပါ
  • အကာကွယ်ဖြင့်လိက်ဆက်ဆံပါ
  • SIDs များကို စစ်ဆေးပြီး ကုသပါ
  • ညွှန်သည့်အတိုင်း ဆေးများကိုသောက်ပါ
  • 4C ထိန်းချုပ်ခြင်းကို လိုက်နာပါ – contact tracing (ပိုးရှိသူနှင့်ထိတွေသူများကို လိုက်ပါ), measuring compliance with treatment (ကုသမှုကို ကောင်းကောင်းလိုက်နာပါ), and counseling on risk reduction which includes condom promotion and provision. (ကွန်ဒုံအပါအဝင် အန္တရာယ်လျော့ချနိုင်မည့်နည်းများကို ပညာပေးပါ)

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.news-medical.net/health/What-is-an-STD-(Sexually-Transmitted-Disease).aspx
http://www.mayoclinic.org/diseases-conditions/sexually-transmitted-diseases-stds/diagnosis-treatment/treatment/txc-20180605
http://www.everydayhealth.com/hiv-aids/hiv-aids-caregiving.aspx

ယခုပုံစံ

02/12/2019

Dr. Hlaing Min Ko Ko မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိင်မှုဘဝ ချောမွေ့စေဖို့ သုံးလေ့ရှိတဲ့ ချောဆီရဲ့ ဘေးထွက်ဆိုးကျိုး အချို့

လိင်ဆက်ဆံရင် ဝိတ်ကျ သလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement