backup og meta

တစ်ခါသုံးသန္ဓေတားဆေးတွေ သုံးရင် ဝလာနိုင်သလား

တစ်ခါသုံးသန္ဓေတားဆေးတွေ သုံးရင် ဝလာနိုင်သလား

တစ်ခါသုံးသန္ဓေတားဆေးတွေ သုံးရင် ဝလာနိုင်သလား

တစ်ခါသုံး သန္ဓေတားဆေးတွေက ဝလာစေနိုင်သလားဆိုတဲ့ မေးခွန်းတွေက ဒီဆေးဝါးကို သုံးစွဲကြတဲ့သူတော်တော်များများ မေးလေ့ရှိတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဒီမေးခွန်းရဲ့ အဖြေကို ဖြေရမယ်ဆိုရင်တော့ တစ်ခါသုံးသန္ဓေတားဆေးတွေ သုံးလို့ ဝလာတဲ့ မိန်းကလေး အရည်အတွက် ဟာ ရှားပါတယ်။ ဒါပေမဲ့ တစ်ချို့သော မိန်းကလေးတစ်ချို့ကတော့ တစ်ခါသုံးသန္ဓေတားဆေးကို စတင်သုံးစွဲတဲ့အခါ ဝလာကြောင်းပြောဆိုကြပါတယ်။ ဒါဟာ ခန္ဓါကိုယ်တွင်း အရည်ဓါတ်တစ်ချို့ကို ထိန်းသိမ်းထားရတာကြောင့် (fluid retention) ဖြစ်တဲ့ယာယီ Side effect ဘေးထွက်ဆိုးကျိုးတစ်ခုမျှသာ ဖြစ်ပြီး အဆီပိုတွေ မဟုတ်ပါဘူး။

စစ်တမ်းပေါင်း ၄၄ ခုရဲ့ လေ့လာချက်အရ တစ်ခါသုံးသန္ဓေတားဆေးတွေသုံးလို့ ဝလာတယ်ဆိုတဲ့ သက်သေအထောက်အထားမရှိဘူးလို့သိရပါတယ်။ ဒါပေမဲ့ တစ်ခါသုံးသန္ဓေတားဆေးတွေရဲ့ ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်မယ်ဆိုရင်တော့

မိန်းကလေးတွေဟာ အနည်းငယ်ပိုမိုဝလာနိုင်ပြီး ၂ လ ကနေ ၃ လအတွင်းမှာ ပြန်ပိန်သွားနိုင်ပါတယ်။ တကယ်လို့ သင်ဟာ တစ်ခါသုံးသန္ဓေတားဆေးသုံးစွဲပြီးလို့ ဝလာတဲ့ မိန်းကလေး အနည်းငယ်အတွင်း ပါဝင်မယ်ဆိုရင်လည်း ဆရာဝန်နဲ့တိုင်ပင်ပါ။ ဆရာဝန်က သင့်ကို တခြား တစ်ခါသုံးသန္ဓေတားဆေးပြောင်းသုံးဖို့ အကြံပေးပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခါသုံးသန္ဓေတားဆေးအားလုံးက တစ်မျိုးနဲ့ တစ်မျိုး မတူကြလို့ပါ။

တစ်ခါသုံးသန္ဓေတားဆေးအမျိုးအစားဟာ (၂) မျိုးရှိပါတယ်။

  • ပထမတစ်ခုကတော့ estrogen လို့ခေါ်တဲ့ အမျိုးသမီး လိင်ဟော်မုန်းနဲ့ progestin လို့ခေါ်တဲ့ သားအိမ်တွင်း ပြောင်းလဲမှုများကို ဖြစ်စေတဲ့ ဟော်မုန်း (၂) ခုလုံးပါဝင်တဲ့ ဆေး။
  • Progestin သာပါဝင်တဲ့ ဆေးမျိုး။

တစ်ခါသုံးသန္ဓေတားဆေးအများစုကတော့ အီစထရိုဂျင် ဟော်မုန်း အမျိုးအစားတူကိုသာအသုံးပြုလေ့ရှိပြီး တစ်ခါသုံးသန္ဓေတားဆေးတွေရဲ့ သက်ဆိုင်ရာ တံဆိပ်တွေအရ progestin အမျိုးစားကတော့ ကွဲပြားသွားနိုင်ပါတယ်။ ဒီတော့ အကျိုးဆက်ကတော့ ဆေးတစ်မျိုးနဲ့ တစ်မျိုးရဲ့ ဘေးထွက်ဆိုးကျိုးတွေ မတူကြတော့ပါဘူး။ ဒါကြောင့် ဘယ်လို ဆေးအမျိုးအစားကိုပဲ သုံးသုံး ဘေးထွက်ဆိုးကျိုးတွေသိလာအောင် အနည်းဆုံး ၃ လအထိတော့ သုံးစွဲသင့်ပါတယ်။

ဒီနေ့ခေတ် တစ်ခါသုံးသန္ဓေတားဆေးတွေက မတူတော့ပါဘူး။

တစ်ခါသုံးသန္ဓေတားဆေးတွေကို ၁၉၆၀ ခုနှစ်အစောပိုင်းမှာ စတင်ရောင်းချခဲ့တုန်းက ဒီဆေးတွေမှာ estrogen နဲ့ progestin ဟော်မုန်းတွေ အများအပြားပါဝင်ခဲ့ပါတယ်။ estrogen ဟော်မုန်းများတဲ့အခါ အစားစားချင်စိတ်ဖြစ်ခြင်းနဲ့ အရည်ဓါတ်များ ထိန်းသိမ်းရခြင်းကြောင့် (fluid retention) ခန္ဓါကိုယ် အလေးချိန် တက်လာနိုင်ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ် ၅၀ ခန့်က ဆေးတွေက မိန်းကလေးတွေကို တကယ် ဝလာစေနိုင်ပါတယ်။ ဒီကနေ့ခေတ် တစ်ခါသုံးသန္ဓေတားဆေးတွေမှာတော့ estrogen နဲ့ progestin ဟော်မုန်းတွေ အဲ့လောက်အထိ မပါဝင်တော့ပါဘူး။ ဒါကြောင့် ဒီဆေးတွေကြောင့် ကိုယ်အလေးချိန် တက်လာနိုင်ခြေ တော်တော်နည်းပါးပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Will Birth Control Pills make me gain weight?

https://www.webmd.com/sex/birth-control/birth-control-pills-weight-gain

ယခုပုံစံ

10/02/2022

Arkar Hein မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရေးပေါ်သန္ဓေတားနည်းနဲ့ပတ်သက်ပြီး သိထားသင့်သည့်အချက်များ

အရေးပေါ်သန္ဓေတားဆေးကို သောက်ပါများရင် ဘေးကင်းပါ့မလား



Arkar Hein မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement