backup og meta

လိင်ဆွဲဆောင်မှုရှိတဲ့ နှိပ်နယ်ပေးခြင်း အဆင့်ခြောက်ဆင့်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 19/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ဆွဲဆောင်မှုရှိတဲ့ နှိပ်နယ်ပေးခြင်း အဆင့်ခြောက်ဆင့်

    သင့်ချစ်သူနဲ့ ပြန်လည်ရင်းနှီးဖို့ ကြိုးစားနေပါသလား။ ရိုးစင်းပေမယ့် စိတ်ဝင်စားစရာကောင်းပြီး လိင်ဆွဲဆောင်မှုရှိတဲ့ နှိပ်နယ်ပေးခြင်း ကို စမ်းသပ်ကြည့်ပါလား။ တစ်ခါတလေမှာ စုံတွဲတွေက လိင်ဆက်ဆံဖို့ အရေးကြီးတဲ့အချက်အချို့ကို ကျော်သွားတတ်ကြပါတယ်။ ဆိုလိုချင်တာက သူတို့က လိင်ဆက်ဆံဖက်ရဲ့ခန္ဓာကိုယ်ကို လျစ်လျူရှုလိုက်တာပဲ ဖြစ်ပါတယ်။

    လိင်စိတ်ကြွစေတဲ့ နှိပ်နယ်ခြင်းဆိုတာ စုံတွဲတွေမှာ အရင်က လိင်စိတ်မနိုးကြားစေခဲ့ဖူးတဲ့ လိင်ဖက်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအသစ်တွေကို ရှာဖွေတွေ့ရှိစေပါတယ်။ ဒီဆောင်းပါးမှာတော့ လိင်စိတ်ကြွစေတဲ့ နှိပ်နယ်မှုတွေ အကြောင်းကို တစ်ဆင့်ချင်းစီ ဖော်ပြသွားမှာ ဖြစ်ပါတယ်။

    လိင်ဆွဲဆောင်မှုရှိတဲ့ နှိပ်နယ်ပေးခြင်း အဆင့်ခြောက်ဆင့်

    လိင်ဆွဲဆောင်မှုရှိတဲ့ နှိပ်နယ်ပေးခြင်း အဆင့်ခြောက်ဆင့် ကတော့

    ၁။ သင့်တော်တဲ့ နေရာကို ရွေးချယ်ပါ။

    လိင်ဆက်ဆံဖို့အတွက် ပျော့ပျောင်းတဲ့ ခုတင်ဟာ အကောင်းဆုံးဖြစ်ပေမယ့် အကောင်းမွန်ဆုံး နှိပ်နယ်မှုအတွက် နေရာကတော့ တောင့်တင်းခိုင်ခံ့ပြီး မာကြောတဲ့ မျက်နှာပြင်တစ်ခု ဖြစ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ သင်နေရာပြောင်းလိုက်ရင် သင့်ချစ်သူကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ။ ပိုပြီး သက်သောင့်သက်သာရှိဖို့အတွက် သင့်ချစ်သူကို အိပ်ရာအမာ၊ စောင်အပြားလိုက်တွေပေါ်မှာ လဲလျောင်းစေပြီး သူ့လည်ပင်း၊ ခြေချင်းဝတ်နဲ့ ဒူးအောက်မှာ ခေါင်းအုံးတွေ ထားပေးပါ။

    ၂။ အဆီကို အသုံးပြုပါ။

    အဆီတွေက သင့်လက်ကို နွေးထွေးပြီး ပျော့ပျောင်းအောင် ပြုလုပ်ပေးရုံတင်မက ပွတ်တိုက်မှုတွေကို လျော့ကျစေပြီး သင့်ချစ်သူရဲ့ ပင်ပန်းတောင့်တင်းနေတဲ့ ကြွက်သားတွေကို နှိပ်နယ်၊ ပွတ်သပ်ပေးဖို့ အသုံးဝင်ပါတယ်။ အနံ့ပါဝင်တဲ့ အဆီတွေက သင့်ချစ်သူကို လိင်စိတ်ပိုမိုပြင်းထန်လာစေပေမယ့် အနံ့ပြင်းတဲ့ အရာတွေဖြစ်တဲ့ သနပ်ပင်က ထုတ်ယူရရှိတဲ့ အမွှေးဆီလိုမျိုးကတော့ ပြောင်းပြန်ရလဒ်ထွက်ပေါ်စေပါတယ်။ ဒါကြောင့် စံပယ်ပန်းလိုမျိုး အနံ့အနည်းငယ်သာရှိတဲ့ အရာကို အသုံးပြုပြီး အဆီပုလင်းကို ရေပူထည့်ထားတဲ့ ပန်းကန်လုံးထဲထည့်ပြီး နွေးထွေးပါစေ။

    ၃။ အေးချမ်းတဲ့ခံစားမှုတွေ ဖြစ်ပေါ်အောင် ဖန်တီးပါ။

    ‘ဇာ’ ညအိပ်ဝတ်စုံက သူ့ကိုဆွဲဆောင်နိုင်မှာပါ။ ဒါဟာ သင့်နှိပ်နယ်မှုရဲ့ လေးနက်ပြီး ဖြည်းညင်းတဲ့ အာရုံတွေကနေလည်း ဆွဲထုတ်သွားနိုင်ပါတယ်။ စိတ်ရှုပ်ထွေးမှုနည်းအောင် သင့်ဆံပင်ကို အနောက်မှာစည်းထားပြီး သင့်ကိုယ်နဲ့အတိ အင်္ကျီတွေကို ဝတ်ဆင်သင့်ပါတယ်။ နွေးထွေးပြီး သက်သောင့်သက်သာဖြစ်နေစေဖို့ စောင်ပါးလေး လွှမ်းထားပါ။ (သင်နှိပ်နယ်နေတဲ့ နေရာကိုသာချန်ထားပါ။) သီချင်းဖွင့်မယ်ဆိုရင် ဘဲလေးသီချင်း (သို့) ငြိမ့်ညောင်းတဲ့ သီချင်းတွေကိုသာ ရွေးဖွင့်ပါ။

    ၄။ နေရာတစ်နေရာ (ဘယ်နေရာကိုမဆိုရွေးချယ်ပါ)။

    ခန္ဓာကိုယ်ရဲ့နေရာတစ်ခုတည်းကို လုံးဝအာရုံစူးစိုက်ထားခြင်းက ခေါင်းကခြေအဆုံးပွတ်တိုက်ပေးခြင်းထက် ပိုကောင်းပါတယ်။ တကယ်လို့ သူခါးနာနေတယ်ဆိုရင် အဲဒီနေရာကို အာရုံစိုက်ပါ။ သူက ခြေထောက်ပွတ်သပ်တာကို ကြိုက်နှစ်သက်တယ်ဆိုရင် အဲဒီနေရာကို ဆေးလိမ်းပေးပါ။ ဒါမှမဟုတ် ဘယ်နေရာကို နှိပ်တာပိုကြိုက်သလဲဆိုတာကို တိုက်ရိုက်မေးပါ။

    ၅။ အဆင်သင့်ဖြစ်ပါစေ။

    ကောင်းမွန်တဲ့ နှိပ်နယ်မှုတစ်ခုပေးဖို့ အတွက် အခြေခံကျတဲ့ အရာတွေကို သိထားသင့်ပါတယ်။

    ဖိနှိပ်ခြင်းဟာ ခန္ဓာကိုယ် အစိတ်အပိုင်းအတော်များများအတွက် ကိုင်တွယ်ရလွယ်ကူတဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ လက်တစ်ဖက်ကို ဥပမာ သူ့ပခုံးပေါ်မှာအပြားလိုက်ထားပြီး ကျန်တဲ့တစ်ဖက်နဲ့ ဖိပြီး ဖြည်းဖြည်းချင်းလှည့်ပါ။

    ပွတ်သပ်ခြင်းကတော့ ကြီးမားတဲ့နေရာ (နောက်ကျောနဲ့ ပေါင်) နဲ့ သေးငယ်တဲ့ နေရာ (လည်ပင်းနဲ့ ခြေဖျား)တွေအတွက် အကျိုးရှိပါတယ်။ သင့်လက်ချောင်းတွေကို စုလိုက်ပါ။ လက်ဖဝါးတွေကို သင်နှိပ်နေတဲ့ နေရာနဲ့ အပြည့်အဝထိမိအောင်ထားပြီး ရှည်လျားညင်သာတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ပါတယ်။ နှလုံးဆီကိုဦးတည်ပြီး နှိပ်နေရင် အားပိုထည့်သင့်ပြီးတော့ ပြောင်းပြန်သွားမယ်ဆိုရင်တော့ အားလျှော့ထည့်သင့်ပါတယ်။

    နှိပ်နယ်ခြင်းက အသားများတဲ့နေရာတွေဖြစ်တဲ့ လက်မောင်း၊ တင်ပါးနဲ့ ပေါင်တို့အတွက် ကောင်းမွန်ပါတယ်။ သင့်အိမ်ထောင်ဖက်ရဲ့ အရေပြားနဲ့ သင့်လက်ဖဝါးကို အပြည့်အဝထိကပ်ထားပြီး သင်နှိပ်ချင်တဲ့နေရာကို အနည်းငယ်မပြီး ညှစ်ပေးပါ။

    ဒီနှိပ်နယ်ပုံတွေ အကုန်လုံးကို သင့်ချစ်သူ လိုအပ်တဲ့အပေါ်နဲ့ သူတုံ့ပြန်ပုံပေါ် မူတည်ပြီး ကြိုက်တဲ့နည်းကို ပြုလုပ်နိုင်ပါတယ်။ ဒီလွယ်ကူတဲ့ ပုံစံနဲ့ စကြည့်ပါ။ သင့်ချစ်သူကို မှောက်ခိုင်းထားပါ။ သူ့ပခုံးကို နှိပ်နယ်ပါ။ သင့်လက်ထဲကို အဆီအနည်းငယ်ထည့်ပြီး သူ့နောက်ကျောကို ပွတ်သပ်ပါ။ ပြီးရင် သူ့တင်ပါးနဲ့ ပေါင်တွေကို နှိပ်နယ်ပေးပြီး ခြေသလုံးကြွက်သားတွေကို ပွတ်သပ်ပေးပါ။ ခြေဖဝါးကို အနည်းငယ် ပွတ်ပေးပြီးအဆုံးသတ်ပါ။

    ၆။ ခံစားမှုတွေ ပေါ်မှာအာရုံစိုက်ပါ။

    သင့်နှိပ်နယ်မှုက လုံးဝပြီးပြည့်စုံဖို့ မလိုအပ်ပါဘူး။ ဒါ့ကြောင့် နှိပ်နည်းတွေနဲ့ ပတ်သက်ပြီးမပူပန်ပါနဲ့။ သင့်ရဲ့ ညင်သာတဲ့ အထိအတွေ့က မှန်အောင်နှိပ်တာထက်ပိုအရေးကြီးပါတယ်။ နှိပ်နယ်ခြင်းဆိုတာက စိတ်ခံစားချက်ကို ဖော်ပြခြင်း၊ သင့်ချစ်သူကို ထိတွေ့ခြင်းနဲ့ သူ/သူမရဲ့ တုံ့ပြန်မှုတွေကို အလေးထားခြင်းပဲ ဖြစ်ပါတယ်။

    ရေးသားသူ- Dr Phyu Mon Latt

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Hello Sayarwon Panel မှ ရေးသားသည်။ · 19/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement