၅။ ခေါင်းကိုက်တာ၊ နာကျင်ကိုက်ခဲတာကို ပျောက်ကင်းသက်သာစေတယ်။
လိင်ဆက်ဆံနေစဉ်မှာ ကိုယ်ခန္ဓာက နာကျင်မှုကို သက်သာစေတဲ့ အောက်စီတိုစင်ဟော်မုန်း (Oxytocin) တွေကို ထုတ်လွှတ်ပေးပါတယ်။ ဒီဟော်မုန်းတွေ ခန္ဓာကိုယ်ထဲမှာ များလာတဲ့အခါ ခေါင်းမူးခေါင်းကိုက်တာ၊ ကြွက်သားနာကျင်ကိုက်ခဲတဲ့ ဝေဒနာကို သက်သာစေပြီး လျင်မြန်စွာ ပျောက်ကင်းစေနိုင်ပါတယ်။
၆။ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပြီး သွေးတိုးကျစေတယ်။
စိတ်နဲ့ လိင်ကျန်းမာရေးဟာ အမြဲဆက်စပ်မှုရှိတယ်ဆိုတာ သိထားကြမယ်ထင်ပါတယ်။ စိတ်ကျန်းမာမှ လိင်မှုကိစ္စကို ကောင်းစွာ ထမ်းဆောင်နိုင်မယ်။ လိင်မှုဘဝသာယာမှ ကျွန်တော်တို့ နေ့စဉ် ကြုံတွေ့နေရတဲ့ စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေ၊ စိတ်ဝေဒနာတွေကို လျှော့ချပေးနိုင်မှာပါ။ ဒါ့အပြင် ညဘက်တွေမှာ ကောင်းစွာအိပ်ပျော်နိုင်စေတယ်။ သွေးလည်ပတ်မှုကောင်းစေလို့ သွေးတိုးရောဂါရှင်တွေအနေနဲ့လည်း ပုံမှန်လိင်ဆက်ဆံခြင်းဖြင့် သွေးတိုးကျစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။
၇။ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ နည်းစေတယ်။
လေ့လာတွေ့ရှိချက်အရ အသက် ၂၀ မှ ၅၀ အတွင်း ပုံမှန်လိင်ဆက်ဆံပြီး သုက်လွှတ်လေ့ရှိတဲ့ အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ ဆီးကျိတ်ကင်ဆာ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်မှာ ၅ကြိမ်ခန့် ကိုယ့်ချစ်သူနဲ့ လိင်ဆက်ဆံတာဖြစ်စေ၊ တစ်ကိုယ်ရေ အာသာဖြေတာဖြစ်စေ သုက်လွှတ်ပေးနိုင်ရင် ပိုကောင်းပါတယ်။
၈။ ရင်သားကင်ဆာကို ကာကွယ်ပေးတယ်။
အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရောဂါတွေထဲမှာ ရင်သားကင်ဆာဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ဒီလိုရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ဖို့ ပုံမှန် မိန်းမကိုယ်နဲ့ လိင်ဆက်ဆံခြင်း ပြုပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
၉။ စိတ်ပျော်ရွှင်စေတယ်။
လိင်မှုဘဝသာယာရင် ကိုယ်ခန္ဓာအတွက်သာမက စိတ်ကျန်းမာရေးအတွက်ပါ ကောင်းကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။ စိတ်ကို ပေါ့ပါးလန်းဆန်းစေတယ်။ စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး လူကို ပျော်ရွှင်စေတယ်။ အလုပ်ခွင်မှာလည်း ပိုပြီး အာရုံစူးစိုက်လာနိုင်စေတယ်။ အထီးကျန်စိတ်ရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တဲ့အပြင် မိမိကိုယ်ကိုယ် ပိုတန်ဖိုးထားတတ်လာမှာပါ။
၁၀။ ကိုယ်ဝန်ဆိပ်မတက်ခင် ရှေ့ပြေးအဆင့်ကို ကာကွယ်ပေးနိုင်တယ်။
အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်နေစဉ် ရက်သတ္တပတ် ၂၀ နောက်ပိုင်းမှာ ကိုယ်ဝန်ဆိပ်တက်တဲ့ အခြေအနေ ဖြစ်ပွားတတ်ပါတယ်။ ကိုယ်ဝန်ကာလ အစောပိုင်းနဲ့ မီးဖွားပြီး ၄၅ရက်အတွင်းမှာလည်း ကိုယ်ဝန်ဆိပ်တက်နိုင်ပါတယ်။ လေ့လာတွေ့ရှိချက်အရ အမျိုးသားနဲ့ လိင်ဆက်ဆံမှု ပုံမှန်ပြုလုပ်တဲ့အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်စဉ် ကိုယ်ဝန်ဆိပ်တက်ခြင်း မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။
၁၁။ အနံ့ခံအာရုံကို ကောင်းစေတယ်။
အမျိုးသားရော၊ အမျိုးသမီးတွေမှာ လိင်စိတ်ဆန္ဒ အထွတ်အထိပ် ရောက်ပြီးချိန်မှာ ပရိုလက်တင်ဟော်မုန်း (Prolactin) တွေကို ထုတ်လွှတ်ပေးပါတယ်။ ဒီဟော်မုန်းဟာ ဦးနှောက်အတွင်းမှာ ရှိတဲ့ အနံ့ခံအာရုံနဲ့ ဆက်စပ်နေတဲ့ ပင်မဆဲလ်တွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါ့အပြင် ပရိုလက်တင်ဟော်မုန်း မြင့်တက်လာမှုဟာ ကိုယ့်အတိတ်မှာ ဖြစ်ဖူးတဲ့ အမှတ်တရ၊ အခိုက်အတန့်လေးတွေကို သိမ်းဆည်းပေးရာမှာလည်း ကူညီပေးပါတယ်။
၁၂။ ဆီးထိန်းနိုင်စွမ်း ကောင်းစေတယ်။
အသက်ကြီးလာတာနဲ့အမျှ ဆီးကို သေချာမထိန်းနိုင်တော့ဘဲ ဆီးထွက်ကျတာ၊ ဆီးယိုစိမ့်မှု ဖြစ်တာ၊ ဆီးသွားပြီးပေမယ့် ဆီးမကုန်ဘဲ ကျန်နေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ပုံမှန်လိင်ဆက်ဆံတဲ့သူတွေမှာ အသက်ကြီးလာရင် ဖြစ်တတ်တဲ့ ဆီးမထိန်းနိုင်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ပြီး ဆီးနိုင်စေဖို့ ကူညီပေးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။