backup og meta

အမျိုးသမီးများမေးရန်ကြောက်ရွံ့ကြသည့် လိင်နှင့်ပတ်သက်သည့်မေးခွန်းများ

အမျိုးသမီးများမေးရန်ကြောက်ရွံ့ကြသည့် လိင်နှင့်ပတ်သက်သည့်မေးခွန်းများ

လူအတော်များများမှာ အခြားသူတွေကို မပြောတဲ့အကြောင်းတွေ (ဥပမာ လိင်ဆက်ဆံမှုဆိုင်ရာ အကြောင်းအရာများ) ရှိပြီး အခြားသူတွေနဲ့ အထူးသဖြင့် အမျိုးသမီးတွေနဲ့ မျှဝေလို့ မရပါဘူး။ ဒါကြောင့် အချစ်ဆုံးသူငယ်ချင်းကို မေးမယ့်အစား Google ကိုပဲ မေးသင့်ပါတယ်။

တကယ်လို့ သူ့လိင်တံဟာ အလွန်ကြီးမားနေတယ်ဆိုရင် (သို့) အလွန်သေးတယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ။

ဒီအကြောင်းကို ပြောပါ။ လိင်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ မရှက်သင့်ပါဘူး။ အရမ်းသေးနေပြီး သင့်ကို သာယာမှု မရစေဘူးဆိုရင် သူသင့်ကို အခြားနည်းတွေနဲ့ သာယာအောင် လုပ်ပေးနိုင်ပါတယ်။ လက်နဲ့ (သို့) ပါးစပ်နဲ့ သာယာမှု ရအောင် လုပ်ရာမှာ ကျွမ်းကျင်သူ ဖြစ်နိုင်ပါတယ်။ တကယ်လို့ ပြောင်းပြန်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ချောဆီ အများကြီးအသုံးပြုနိုင်ပြီး ဖြည်းညင်းစွာ ပြုလုပ်နိုင်ပါတယ်။ အမျိုးသမီးဟာ အရှိန်ကို ထိန်းနိုင်ပြီး သာယာမှုရအောင်ညှိနိုင်တဲ့ အပေါ်ကနေတဲ့ ပုံစံကိုလည်း လုပ်ကြည့်နိုင်ပါတယ်။

သူဟာ ပါးစပ်နဲ့ လိင်ဆက်ဆံမှုလည်း မကျွမ်းကျင်ရင် ဘယ်လိုလုပ်သင့်သလဲ။

ပါးစပ်နဲ့လိင်ဆက်ဆံစဉ်မှာ အမျိုးသမီးတွေဟာ လှုံ့ဆော်မှု အမျိုးမျိုးကို လိုအပ်ပါတယ်။ ဒါကြောင့် ဒီအကြောင်းကို သူ့ကို ပွင့်လင်းစွာဖွင့်ပြောဖို့လိုပြီး သင်ကြိုက်တဲ့ အရှိန်၊ လမ်းကြောင်းတွေအကုန်လုံးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသင့်ပါတယ်။ ပြီးတော့ သင်ဘယ်လောက် သာယာမှု ရတယ်ဆိုတာကို သူစိတ်ချမ်းမြေ့စေဖို့ ဖေါ်ပြသင့်ပါတယ်။

လိင်ဆက်ဆံစဉ်မှာ လိင်စိတ်အထွတ်အထိပ်ကို တစ်ခါမှ မရောက်ဖူးဘူး။ ဒါကို ဘာလုပ်သင့်သလဲ။

ဒါဟာ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါပေမယ့် ဒါဟာ အဆင်ပြေနိုင်ပါတယ်။ ဖြစ်နိုင်ခြေများတာကတော့ မှန်ကန်တဲ့နေရာကို ရှာဖွေမှု မှားယွင်းတာ ဖြစ်နိုင်ပါတယ်။ အမျိုးသမီး အတော်များများဟာ မိန်းမကိုယ်နဲ့ လိင်ဆက်ဆံခြင်း တစ်ခုတည်း (သို့) clitoris လှုံ့ဆော်မှု (သို့) တစ်ကိုယ်ရည် အာသာဖြေခြင်းတွေ တစ်မျိုးတည်းနဲ့ လိင်စိတ်အထွတ်အထိပ် မရောက်တာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်လို့ ဒါဟာ အကြောင်းရင်းမဟုတ်ခဲ့ရင် ကျန်းမာရေး အခြေအနေတွေ ဖြစ်တဲ့ ဆီးချို၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ စိတ်ကျခြင်း၊ စိတ်ဖိစီးခြင်းနဲ့ ဟော်မုန်းကျဆင်းခြင်းတွေဟာ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းအပေါ်သက်ရောက်မှု ရှိနိုင်ပါတယ်။

လိင်ဆက်ဆံစဉ်မှာ သွေးထွက်ခြင်း (သို့) နာကျင်ခြင်းတွေ ဖြစ်ပွားတတ်ပါတယ်။ ဒါပုံမှန်ဟုတ်ရဲ့လား။

လိင်ဆက်ဆံအပြီး သွေးထွက်တတ်တဲ့ အမျိုးသမီးတွေဟာ ကျန်းမာရေးစောင့်ရှောက်သူနဲ့ ပြသသင့်ပါတယ်။ ရောဂါပိုးဝင်ခြင်း (သို့) endometriosis ဖြစ်နိုင်ပါတယ်။ ပုံမှန် Pap test နဲ့ လည်း ဆက်စပ်နိုင်ပါတယ်။ နာကျင်မှုဟာ ရောဂါပိုးဝင်ခြင်းရဲ့ လက္ခဏာ တစ်မျိုးပဲ ဖြစ်ပါတယ်။

လိင်ဆက်ဆံစဉ် ဆီးသွားနိုင်ပါသလား။

Emily Morse, host of Sex with Emily ရဲ့ အဆိုအရ လိင်ဆက်ဆံစဉ် ဆီးသွားချင်ခြင်းဟာ သတင်းကောင်း ဖြစ်ပါတယ်။ ဒါဟာ သင့်ရဲ့ G-spot ကို မှန်ကန်စွာ လှုံ့ဆော်ခြင်း ဖြစ်နိုင်ပြီး လိင်စိတ်အထွတ်အထိပ် ပိုရောက်နိုင်ပါတယ်။ လိင်ဆက်ဆံစဉ် ဆီးအနည်းငယ်ထွက်ခြင်း ဖြစ်နိုင်ပါတယ်။ အချို့တွေက ဒါဟာ ဆီးမဟုတ်ပဲ လိင်စိတ်အထွတ်အထိပ်ရောက်တဲ့ အခါ အမျိုးသမီး အရည်ထွက်ခြင်းလို့ ယုံကြည်ကြပါတယ်။

Squirting (ပန်းထွက်ခြင်း) ဆိုတာ ဘာလဲ။

အထက်မှာ ဖေါ်ပြခဲ့သလိုပဲ squirting ဆိုတာဟာ အမျိုးသမီး အရည်အချို့ ဆီးပြွန်ကနေ ပန်းထွက်တာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီအရည်ဟာ G-spot ကို လှုံ့ဆော်ခြင်းနဲ့ တွဲလျက်ရှိတာ ဖြစ်ပါတယ်။ ဒါဟာ ဆီးမဟုတ်ပေမယ့် လူတွေက ဆီးလို့ထင်တတ်ပါတယ်။ သူဟာ အမျိုးသားတွေထ့က သုက်ရည်နဲ့ အလွန်တူပြီး သုက်ပိုး မပါရှိပါဘူးလို့ Morse က ပြောပါတယ်။ porn မှာ ဘယ်လိုပဲ မြင်လာသည်ဖြစ်စေ ဒါဟာ အမျိုးသမီးတွေ အကုန်လုံးမှာ တစ်ချိန်လုံး ဖြစ်နေတဲ့ အရာတော့ မဟုတ်ပါဘူး။

အထက်ဖေါ်ပြပါ အရာတွေနဲ့ ပတ်သက်ပြီး ဒုက္ခတွေ့နေတယ်ဆိုရင် ဒီဆောင်းပါးဖတ်ခြင်းဟာ အခြားသူကို မေးခြင်းထက် ပိုကောင်းပြီး ဆရာဝန်ဆီကို သွားမေးမယ့်အချိန်လည်း သက်သာသွားမှာ ဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

12 Embarrassing Sex Questions You’re Too Afraid to Ask

http://www.womenshealthmag.com/sex-and- love/embarrassing-sex- questions/slide/12
Accessed 8 December, 2016.

8 questions women are afraid to ask the doctor
http://komonews.com/news/healthworks/8-questions- women-are- afraid-to- ask-the- doctor
Accessed 8 December, 2016.12 Embarrassing Sex Questions You’re Too Afraid to Ask

 

ယခုပုံစံ

17/01/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိင်တံနဲ့ပတ်သက်လို့ သင်မသိသေးတဲ့အချက် (၁၀) ချက်

ဆီးလမ်းကြောင်းနာကျင်ခြင်း



Dr . Phyu Mon Latt မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement