backup og meta

Fungal Pneumonia (မှိုနမိုနီးယား )

အဓိပ္ပါယ်ဖွင့်ဆိုချက်

Fungal Pneumonia (မှိုနမိုနီးယား ) ကဘာလဲ။

Fungal pneumonia ဆိုတာဟာ တစ်ခု(သို့) တစ်ခုထက်ပိုတဲ့ ရောဂါဖြစ်စေနိုင်တဲ့ မှိုတွေကြောင့် ဖြစ်တဲ့ ရောဂါပိုးဝင်ခြင်းတစ်မျိုးဖြစ်ပါတယ်။ Fungal pneumonia ဟာ spores လို့ခေါ်တဲ့ ပိုးမွှားရဲ့ မျိုးမှုန်တွေ၊ conidia လို့ခေါ်တဲ့ ရောဂါဖြစ်စေတဲ့ မှိုရဲ့ အစိတ်အပိုင်းတစ်မျိုးကို ရှုရှိုက်မိရင် (သို့)နဂို ရှိပြီးသား မြုံနေတဲ့ ရောဂါပိုးဝင်ခြင်းတွေ ပြန်လည်ထကြွလာ တဲ့ အခါမျိုးတွေမှာ ဖြစ်နိုင်ပါတယ်။

Fungal pneumonia ကိုရောဂါ အမည်သတ်မှတ်နိုင်ဖို့က ခက်ခဲနိုင်ပါတယ်။ ရောဂါအမည်သတ်မှတ်ရာမှာ မှန်ကန်တယ်လို့ထင်ရတဲ့ အခြေခံ အချက်အလက်တွေနဲ့ လုပ်ဆောင်ရပါတယ်။ ရောဂါ အမည်တပ်ခြင်းဟာ ရောဂါ အခြေအနေ၊ ဓါတ်မှန်၊ နဲ့ သေးငယ်တဲ့ပိုးမွှားတွေကို လေ့လာခြင်း စတဲ့ အချက်အလက်တွေ အပေါ်မူတည်နေပါတယ်။

လူနာ တစ်ဦးချင်းစီအတွက် ရောဂါ အခြေအနေတိုးတက်မှုကတော့ သူ့ရဲ့ ရောဂါ အခြေအနေဆိုးရွားမှုတွေ၊နောက်ခံရောဂါ အကျိုးရလဒ်တွေ၊ လူနာရဲ့ ခုခံအားစနစ် ကိုတိုးတက်ပြောင်းလဲစေနိုင်မယ့် အချက်တွေ ရှိနိုင်၊ မရှိနိုင် နဲ့လည်း ဆက်စပ်နေပါတယ်။

Fungal Pneumonia (မှိုနမိုနီးယား ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါက အဖြစ်များတဲ့ ရောဂါ တစ်ခုတော့ မဟုတ်ပါဘူး။ အမျိုးသားတွေမှာ အမျိုးသမီးတွေထက်ပိုပြီး ဖြစ်နိုင်ချေများပါတယ်။ ဘယ်အသက်အရွယ်မှာ မဆို ဖြစ်နိုင်ပါတယ်။

သို့ပေမယ့်လည်း ဒီရောဂါကို ဖြစ်ဖို့အားပေးနေတဲ့ အချက်တွေကို လျှော့ချ ခြင်းအားဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။ နောက်ထပ် ပိုမိုကောင်းမွန်တဲ့ အချက်အလက်တွေ ရရှိနိုင်ဖို့ ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Fungal Pneumonia (မှိုနမိုနီးယား ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Fungal pneumonia ရဲ့ အဖြစ်များတဲ့ ရောဂါ လက္ခဏာတွေကတော့

  • ဖျားခြင်း။
  • ချောင်းခြောက် ဆိုးခြင်း။
  • ရင်ဘတ်တွင် မသက်မသာ ခံစားရခြင်း။
  • အထူးသဖြင့် လှုပ်ရှား လုပ်ဆောင်ရတဲ့ အခါမျိုးမှာ မောခြင်း၊ အသက်ရှုရ ခက်ခဲခြင်း။
  • ချောင်းဆိုးသွေးပါခြင်း။
  • အလုံးအကျိတ်တွေ ပုံမမှန်ပဲ ကြီးနေခြင်း၊ အသက်ရှု လေလမ်းကြောင်း ပိတ်ခြင်း။
  • Aspergillus နှင့် candida မျိုးစိတ် ဖြစ်သော ရောဂါပိုးအမျိုးအစားများဝင်ခြင်း။

အဆုတ်အပြင်ဘက် အခြားနေရာများမှာ ဖြစ်တတ်တဲ့ရောဂါ လက္ခဏာတွေကတော့ ( အထူးသဖြင့် ခုခံအားကျဆင်းနေသူများတွင်) ဦးနှောက်အမြှေးပါးရောင်ယမ်းခြင်း၊ ဦးနှောက်အတွင်း အနာဖြစ်ခြင်း၊ အရေပြားရောဂါများ၊ ကျောက်ကပ်၊ အသည်း၊ ကြွက်သားများ၊ နှာခေါင်း အတွင်းလမ်းကြောင်းများ နဲ့ နှာခေါင်းအတွင်း ရှိ အပေါက်များ၊ တစ်ကိုယ်လုံးရှိ သွေးကြော၊ ရိုးတွင်းခြင်ဆီများထိ ပိုးဝင်ခြင်းများ ပါဝင်နိုင်ပါတယ်။

အပေါ်မှာ မဖော်ပြထားတဲ့ ရောဂါ လက္ခဏာတွေရှိနိုင်ပါသေးတယ်။ ဒါ့ကြောင့် ရောဂါ လက္ခဏာ တစ်ခုခု နဲ့ပတ်သတ်ပြီး သိလိုပါက ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးသင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တကယ်လို့ သင့်မှာ အထက်ပါ ရောဂါ လက္ခဏာတွေ ဖြစ်လာပြီဆိုရင် (သို့)သိလိုတဲ့ အချက်တွေရှိနေရင် တော့ ဆရာဝန်နဲ့ တွေ့ဆုံသင့်ပါတယ်။ လူတွေရဲ့ ခန္ဓါကိုယ်ဟာ တစ်ဦးနဲ့ တစ်ဦးတုံ့ပြန်မှုချင်း မတူပါဘူး။ ဒါကြောင့် သင့်အခြေအနေအတွက် ဘယ်ဟာက အကောင်းဆုံးလဲဆိုတာကို သေချာသိနိုင်ဖို့ ဆရာဝန်နဲ့ အမြဲတမ်းဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Fungal Pneumonia (မှိုနမိုနီးယား ) ကိုဘာတွေကဖြစ်စေသလဲ

  • Cryptococcosis- yeast လို့ခေါ်တဲ့ မှိုတစ်မျိုးနဲ့ ထိတွေ့ထားတဲ့ မြေကြီး၊ မြေမှုန်တွေကို ရှုရှိုက်မိခြင်းဖြင့် ရောဂါပိုးဝင်ခြင်း။ အဲဒီ ရောဂါပိုးဝင်ခြင်းဟာ အဆုတ်ကို ထိခိုက်စေနိုင်ပြီး နေရာအနှံ့လည်းဖြစ်နိုင်ပါတယ်။
  • Aspergillosis
  • ခုခံအားကျနေတဲ့ သူတွေမှာ ရှားရှားပါးပါး Candidiasis ရောဂါပိုးဝင်ခြင်းကြောင့်လည်း အဆုတ်နဲ့ပတ်သတ်တဲ့ ထိခိုက်မှုတွေဖြစ်နိုင်ပါတယ်။
  • Pulmonary scedosporiosis – ဒီလို ရောဂါပိုးဝင်ခြင်းဟာ Allescheriaboydii ကြောင့်ဖြစ်ပြီး အဆုတ်ထိခိုက်ပါဝင်မှု အဖြစ်နည်းပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Fungal Pneumonia (မှိုနမိုနီးယား ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

fungal pneumonia ဖြစ်ဖို့ အားပေးနေတဲ့ အချက်တွေ အများကြီးရှိပါတယ်။

  • သွေးကင်ဆာ(သို့) lymphoma ( ကင်ဆာကုထုံး ခံယူနေစဉ်)
  • ရိုးတွင်းခြင်ဆီ (သို့) သွေးဥဆဲလ်တွေ အစားထိုးကုသခြင်း။
  • ခုခံအားကျအောင် လုပ်ဆောင်ထားရတဲ့ကုသမှု ခံယူပြီး ခန္ဓါကိုယ် အစိတ်အပိုင်းများ အစားထိုးခြင်း။
  • စတီးရွိုက် ဆေးတွေကြာရှည်သောက်သုံးနေရခြင်း။
  • ခုခံအားကျဆင်းသောရောဂါ (AIDS ရှိနေခြင်း။)
  • အကြောင်းအမျိုးမျိုးကြောင့် Neutrophil လို့ခေါ်တဲ့ သွေးဖြူဥတစ်မျိုးနည်းနေခြင်း။
  • မွေးရာပါ ခုခံအားကျဆင်းနေတဲ့ ရောဂါရှိခြင်း။
  • သရက်ရွက် ထုတ်လိုက်ခြင်း။
  • ဒီရောဂါပို ဖြစ်စေနိုင်တဲ့ မွေးရာပါ အကြောင်းအရာတွေ ရှိနေခြင်း။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Fungal Pneumonia (မှိုနမိုနီးယား ) ကို ဘယ်လိုအတည်ပြုပါသလဲ

  • Fungal pneumonia ကို နည်းလမ်းအမျိုးမျိုးနဲ့ ရောဂါ အမည်သတ်မှတ်နိုင်ပါတယ်။ အရိုးရှင်းဆုံးနဲ့ ငွေကြေးအကုန်အကျ အသက်သာဆုံး နည်းလမ်းကတော့ လူနာရဲ့ အသက်ရှုလမ်းကြောင်းက ထွက်တဲ့ အရည်တစ်ချို့ကို ကိုပြီး မှိုရှိ၊ မရှိ မွေးမြူစစ်ဆေးခြင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို စစ်ဆေးချက်တွေက မတိကျတဲ့အပြင် အချိန်အကြာကြီးလိုအပ်ပြီး fungal pneumonia မှာ ရောဂါအမည်သတ်မှတ်ခြင်း နှောင့်နှေးသွားခြင်းက သေနှုန်းနဲ့ ဆက်စပ်နေတယ်လို့ လေ့လာတွေ့ရှိချက်များမှဖော်ပြထားတဲ့အတွက် ဒီစစ်ဆေးချက်က သိပ်အကောင်းကြီးတော့ မဟုတ်ပါဘူး။
  • အခြား နည်းလမ်းတစ်ခုကတော့ အဏုကြည့်မှန်ပြောင်းကြည့်ခြင်း ပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီနည်းလမ်းကလည်း နှေးပြီး မတိကျပါဘူး။ ဒီလို နည်းလမ်းတွေကို အထောက်အကူပေးနိုင်တာက တော့ antigen ရှာဖွေစစ်ဆေးခြင်းပဲဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ မြန်ဆန်ပေမယ့် အခြားနည်းလမ်းတွေ နဲ့ ယှဉ်ရင် သိပ်တိကျမှုမရှိတာ ကို တွေ့ရပါတယ်။
  • မျိုးရိုးဗီဇ တွေအပေါ်အခြေခံထားတဲ့ မော်လီကျူးတွေကို စစ်ဆေးတဲ့ စစ်ဆေးချက်တွေကို လည်း လုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်။

မျိုးရိုးဗီဇတွေ အပေါ်အခြေခံထားတဲ့အတွက် ဒီစစ်ဆေးချက်ဟာ မှိုတွေကို စစ်ဆေးနိုင်ဖို့အတွက် တိကျမှုအရှိဆုံးဖြစ်ပေမယ့်ဒီစစ်ဆေးချက်ဟာ pneumocystis jirovecii နဲ့ aspergillus မှိုတွေကိုသာ စစ်ဆေးလို့ရပါတယ်။

Fungal Pneumonia (မှိုနမိုနီးယား ) ကို ဘယ်လိုကုသပါသလဲ

  • Fungal pneumonia အတွက်ကုသမှုတွေမှာတော့ မှိုတွေကို သတ်ပစ်နိုင်တဲ့ ဆေးတွေ မဖြစ်မနေပါဝင်မှာပါ။ ဘယ်လို မှိုတွေကို သတ်ပစ်နိုင်တဲ့ ဆေးတွေကို ရွေးချယ်အသုံးပြုရမယ်ဆိုတာကတော့ ဘယ်မှို အမျိုးအစားကြောင့် ဖြစ်နိုင်တယ် ဆိုတဲ့ အချက်အပေါ် မူတည်ပါလိမ့်မယ်။
  • ယခုလက်ရှိမှာ ပိုးသတ်ဆေး၊ first-, second-, and third-generation triazoles နဲ့ echinocandins စတဲ့မှိုတွေကို သတ်ပစ်ရှင်းပစ်နိုင်တဲ့ ဆေးအမျိုးအစားတွေ အများကြီး ရရှိနေပါပြီ။ Amphotericin B ကိုတော့ သိပ်အသုံးပြုလေ့မရှိတော့ပါဘူး။ အဆိပ်အတောင့် ကို လျော့နည်းစေအောင် liposomal formulation အနေနဲ့ တော့ အသုံးပြုကြပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းများနှင့်အိမ်သုံးဆေးနည်းလမ်း။

Fungal pneumonia ကို ထိန်းချုပ်ပေးနိုင်မယ့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေက ဘာတွေလဲ?

အောက်ပါ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေကို လိုက်နာခြင်းက သင့်အတွက် fungal pneumonia ကို ထိန်းချုပ်နိုင်ဖို့ အကူအညီပေးနိုင်ပါတယ်။

  • အထူးသဖြင့် Cryptococcus neoformans ကဲ့သို့သော ခုခံအားကျဆင်းနေချိန်မှာ ရောဂါဖြစ်စေနိုင်တဲ့ မှိုပိုးမွှားတွေဝင်ခြင်းကို ရှောင်ရှားနိုင်ဖို့အတွက် HIV လူနာတွေ အနေနဲ့ နေ့စဉ်ပုံမှန် ကြိုတင်ကာကွယ်ဆေးတွေ သောက်သုံးပါ။
  • အစားထိုးကုသမှုခံယူထားတဲ့ လူနာတွေ အနေနဲ့လည်း မှိုတွေကိုတိုက်ထုတ်နိုင်တဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ထားသင့်ပါတယ်။
  • Fluconazole ဆေးဟာ အစားထိုးကုသမှုခံယူထားတဲ့ သူတွေမှာ မှိုရောဂါပိုးမွှားဝင်ခြင်းကို တိုက်ထုတ်ကာကွယ်နိုင် တဲ့ အကျိုးကျေးဇူးရှိပါတယ်။
  • အချိန်အကြာကြီး Neutrophil လို့ခေါ်တဲ့ သွေးဖြူဥ အမျိုးအစား တစ်မျိုး နည်းနေတယ့် သူတွေဟာ ပတ်ဝန်းကျင်မှာရှိနေတဲ့ မှို မျိုးမှုန်တွေနဲ့ အထိအတွေ့များနိုင်တဲ့ အလုပ်တွေဖြစ်တဲ့ ဥယျာဉ်စိုက်ခြင်း၊ (သို့) အပင်အိုးများ၊ ပန်းများ နှင့် ထိတွေ့ရသော အလုပ်၊ သန့်ရှင်းရေး၊ ဆောက်လုပ်ရေးအလုပ်များ၊ နဲ့ မချက်ပြုတ်ရသေးသော အသီးအရွက်တွေကို ကိုင်တွယ်ခြင်း စတဲ့ လုပ်ငန်းဆောင်တာတွေကို ရှောင်ကြဉ်သင့်ပါတယ်။

သင့်မှာ မေးစရာမေးခွန်းတွေ ရှိနေပါက ဆရာဝန်နဲ့တွေ့ဆုံ ဆွေးနွေးပြီး သင့်အတွက် ပိုကောင်းမွန်တဲ့ အဖြေကိုရှာဖွေ နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Fungal lung infections. http://patient.info/doctor/fungal-lung-infections. Accessed 12 Mar 2017.
Fungal Pneumonia Overview of Fungal Pneumonia. http://emedicine.medscape.com/article/300341-overview. Accessed 12 Mar 2017.

ယခုပုံစံ

02/12/2019

Khine Phoo Ngon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေပြွန်ရောင်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးအချို့

အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ကူးစက်ခြင်းအကြောင်း သိကောင်းစရာ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Khine Phoo Ngon မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement