backup og meta

အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်း

မင်္ဂလာပါ

Hello ဆရာဝန် စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခေါက်မှာ ဆွေးနွေးပေးမယ့် အကြောင်းအရာကတော့ ရာသီအကူးအပြောင်းနဲ့ ဆောင်းရာသီမှာ ဖြစ်တတ်တဲ့  အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်း ဖြစ်ပါတယ် ။ ခုခံအားနည်းလေ့ရှိတဲ့ ကလေးငယ်များ ၊ အဘိုးအဘွား သက်ကြီးရွယ်အိုများ ၊ နာတာရှည် ဝေဒနာသည်များ(နှလုံးနှင့် အဆုတ်ရောဂါ ဝေဒနာရှင်များ) နဲ့ အကြောင်းအမျိူးမျိုးကြောင့် ခုခံအားနည်းနေသူတွေမှာ အဖြစ်များလေ့ရှိပါတယ် ။

ကျွန်တော်တို့ ခန္ဓာကိုယ်မှာရှိတဲ့ အသက်ရှုလမ်းကြောင်းကို အပေါ်ပိုင်းနဲ့ အောက်ပိုင်းဆိုပြီး နှစ်ပိုင်း ခွဲခြားထားပါတယ် ။ အသက်ရှုလမ်းကြောင်း အပေါ်ပိုင်းမှာတော့ နှာခေါင်းဝကနေ အသံကြိုးအထိပါပြီး အောက်ဘက်ခြမ်းကိုတော့ အသံကြိုးကနေ အဆုတ်အထိဆိုပြီး နှစ်ပိုင်းခွဲထားပါတယ် ။

လက္ခဏာတွေက ဘာတွေလဲ

အသက်ရှုလမ်းကြောင်း ပိုးဝင်ရင်တော့ အသက်ရှုမဝခြင်း ၊ ချောင်းဆိုးခြင်းနှင့် နှာစေးခြင်း ၊ လည်ချောင်းနာခြင်း ၊ တကိုယ်လုံး ကိုက်ခဲခြင်းတွေ ဖြစ်တတ်ပါတယ် ။ ဒီလက္ခဏာတွေကတော့ အဖြစ်များလေ့ရှိတဲ့ လက္ခဏာတွေ ဖြစ်ပါတယ် ။ ဒါပေမဲ့ အဖျားကြီးခြင်း ၊ ချမ်းတုန်ခြင်း ၊ မူးဝေခြင်း ၊ သတိလစ်ခြင်းတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ အမြန်ပြသင့်ပါတယ် ။

ဘာကြောင့်ဖြစ်ရတာလဲ

အသက်ရှုလမ်းကြောင်းကို အပေါ်နဲ့အောက်ပိုင်းဆိုပြီး ၂ပိုင်း ခွဲခြားထားသလို ရောဂါပိုးဝင်ရခြင်းကိုလည်း ၂ပိုင်းခွဲထားပါတယ် ။ အသက်ရှုလမ်းကြောင်း အပေါ်ပိုင်းမှာ ဖြစ်တဲ့ရောဂါတွေကတော့   လည်ချောင်းရောင်ခြင်း ၊ နားပိုးဝင်ခြင်းနဲ့ တုပ်ကွေးမိခြင်းတို့ ဖြစ်ပါတယ် ။

အသက်ရှုလမ်းကြောင်း အောက်ပိုင်းမှာတော့ လေပြွန်ရောင်ခြင်း ၊ အဆုတ်ရောင်ခြင်း ၊ အဆုတ်ထဲမှာရှိတဲ့ လေအိတ်ငယ်များ ရောင်ရမ်းခြင်းတွေကြောင့် ဖြစ်တတ်ပါတယ် ။

ရောဂါရှာဖွေရှာမှာတော့ ရောဂါရှာဇဝင်မေးမြန်းခြင်း ၊ စမ်းသပ်ခြင်းတို့အပြင် လိုအပ်သလို ဓာတ်မှန်ရိုက်ခြင်း ၊ ကွန်ပျူတာ ဓါတ်မှန်ရိုက်ခြင်း ၊ အောက်ဆီဂျင်ဓါတ် တိုင်းတာခြင်းတွေအပြင် ရောဂါအခြေအနေအလိုက် ရှာဖွေတဲ့နည်းလမ်းတွေကို သင့်လျော်သလို ရွေးချယ်ပြီး သုံးရမှာပါ ။

ကုသခြင်းမှာလည်း ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ရောဂါတွေမှာတော့ ပိုးသတ်ဆေးသုံးစရာ မလိုဘဲ ရောဂါလက္ခဏာ သက်သာအောင် ကုသရပါတယ် ။ ဘက်တီးရီးယားပိုးလို့ ထင်ရင်တော့ သင့်လျော်တဲ့ ပိုးသတ်ဆေးအသုံးပြုရပါမယ် ။

ဒီရောဂါတွေကို သေသေချာချာ မကုသဘဲထားရင် နောက်ဆက်တွဲတွေက ဆိုးဝါးတတ်ပါတယ် ။ အသက်ရှုရပ်သွားခြင်း ၊ အသက်ရှုမရတော့ခြင်း ၊ နှလုံးပျက်စီးခြင်းတွေနဲ့ နောက်ဆုံးအသက်အန္တရာယ်ပါ ထိခိုက်တတ်ပါတယ်။

ဘယ်လိုကာကွယ်ရမလဲ

လက်ကို ‌မကြာခဏ ဆေးကြောပါ။ အထူးသဖြင့် လူသူများတဲ့ နေရာက ပြန်လာပြီးရင် လက်ကို စနစ်တကျ ဆေးကြောပါ။

‌နှာချေတဲ့‌အခါ ၊ ချောင်းဆိုးတဲ့အခါမှာ သင့်နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ထားပါ ။ ဒါမှသာ သင်ကနေ တခြားလူဆီကို ရောဂါ မပျံ့နှံ့မှာ ဖြစ်ပါတယ်။

‌လူထူထပ်တဲ့နေရာက ပြန်လာပြီးတိုင်း လက်မဆေးဘဲ မျက်နှာ ၊ ပါးစပ်များအား ကိုယ်တွယ်ခြင်းကို တတ်နိုင်သမျှ  ရှောင်ကြဉ်ပါ။

အားလုံးကို ကျေးဇူးတင်ပါတယ်

ရေးသားသူ – ဒေါက်တာအောင်ကျော်မြင့်

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

05/07/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ကူးစက်ခြင်းအကြောင်း သိကောင်းစရာ

အဆုတ်ပြည်တည်နာ သိကောင်းစရာ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement