ခံတွင်းနံ့သင်းသင်းလေးဖြစ်ချင်လို့၊ ခံတွင်းနံ့ဆိုးနေလို့mouthwash သုံးချင်တာဆိုရင်တော့ ကလိုရင်း သို့မဟုတ် ဇင့်ဓါတ်ပါတဲ့mouthwash ကိုသုံးပါ။ အဲဒီဓါတ်တွေက အနံ့ဆိုးတွေကိုပြယ်စေပြီး ပိုးသတ်တဲ့ခံတွင်းသန့်ဆေးရည်တွေထက်ပျော့ပါတယ်။နေ့စသ်သုံးအဖြစ် အသုံးများကြတဲ့အမျိုးအစားပါ။
ဘက်တီးရီးယားတွေကို ဖယ်ရှားရှင်းလင်းပေးနိုင်တဲ့အာနိသင်ကို လိုချင်ရင်
ခံတွင်းနံ့ဆိုးခြင်းလိုပဲ သွားချေးများကပ်နေခြင်း၊သွားဖုံးရောင်ခြင်း၊တို့လို ဘက်တီးရီးယားကြောင့်ဖြစ်ရတဲ့လက္ခဏာတွေအတွက် ပိုးသတ်ခံတွင်းသန့်ဆေးရည်ကိုရွေးချယ်တာအကောင်းဆုံးပါပဲ။ ဒီအမျိုးအစားက ခံတွင်းမှာရှိတဲ့ဘက်တီးရီးယားပမာဏကို ၇၅ ရာခိုင်နှုန်းလောက်လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။
တကယ်တော့ သွားနဲ့ခံတွင်းရောဂါတွေအတွက်တင်မကဘဲ အအေးမိဝေဒနာ၊ တုပ်ကွေးလက္ခဏာတွေအတွက်ပါ ကြိုတင်ကာကွယ်နိုင်၊ ကုသပေးနိုင်တဲ့ Betadine mouthwash လိုမျိုးခံတွင်းသန့်ဆေးရည်တွေ ရှိနေပြီဖြစ်ပါတယ်။ Betadine ဆိုရင် အနာထည့်တဲ့ဆေးလို့ပဲ မထင်လိုက်နဲ့နော်။ အအေးမိတုပ်ကွေးဝေဒနာနဲ့ လည်ချောင်းနာခြင်းအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ gargle and mouthwash က လည်ချောင်းနာဖြစ်စေတဲ့ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေကို စက္ကန့် ၃၀ အတွင်းသေစေနိုင်ပြီး လည်ချောင်းနာဝေဒနာကို ရက်တိုအတွင်းပျောက်ကင်းသက်သာစေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။