backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Respiratory Syncytial Virus (RSV) Infection (အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ပိုးဝင်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Thin Myat Sandi Cho မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Respiratory Syncytial Virus (RSV) Infection (အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ပိုးဝင်ခြင်း) ကဘာလဲ။

အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းကို ကူးစက်ဝင်ရောက်တဲ့ဗိုင်းရပ်ပိုးဖြစ်ပါတယ်။ အသက်၂နှစ်ကလေးတွေမှာ အများဆုံးကူးစက်ခံ၇ပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာလည်း ကူးစက်ခံရနိုင်ပါတယ်။

အရွယ်ရောက်ပြီးသူတွေနဲ့ အသက်ကြီးတွေသူ၊ ကျန်းမာတဲ့ကလေးတွေမှာ လက္ခဏာတွေက သိပ်မပြင်းထန်တတ်ပြီး အအေးမိတုပ်ကွေးနဲ့ ဆင်တူလေ့ရှိပါတယ်။ ကိုယ့်ကိုယ်ကိုဂရုစိုက်ခြင်းက မသက်မသာဖြစ်ခြင်းများကို သက်သာစေနိုင်ပါတယ်။ အချို့တွေမှာ ပိုဆိုးရွားသွားနိုင်ပါတယ်။ ထူးသဖြင့် ရောဂါအခံရှိတဲ့သူတွေမှာ လမစေ့ဘဲမွေးတဲ့ကလေးတွေမှာ ဖြစ်ပါတယ်။ အသက်ကြီးသူတွေ၊ နှလုံးအဆုတ်ရောဂါအခံရှီသူတွေ၊ ခုခံအားကျနေသူတွေမှာ ပိုပြီးပြင်းထန်နိုင်ပါတယ်။

Respiratory Syncytial Virus (RSV) Infection (အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ပိုးဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အမေရိကန်နိုင်ငံ တစ်နှစ်အောက်ကလေးတွေမှာ လေပြွန်များရောင်ရမ်းခြင်းနဲ့ အဆုတ်ရောင်ခြင်းရဲ့ အဖြစ်အများဆုံးအကြေင်းရင်းဖြ်စပါတယ်။ အသက်ကြီးသူတွေမှာ အဆုတ်မကျန်းမာခြင်းရဲ့ အဓိကအကြေင်းရင်းဖြစ်ပါတယ်။

ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Respiratory Syncytial Virus (RSV) Infection (အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ပိုးဝင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

နှာခေါင်းနဲ့လည်မျိုကို ကူးစက်လေ့ရှိပြီး လက္ခဏာတွေက အအေးမိတုပ်ကွေးနဲ့ဆင်တူတတ်ပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ပိုးဝင်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • ချောင်းဆိုးခြင်း
  • နှာရည်ယိုခြင်း
  • လည်ချောင်းနာခြင်း
  • နားကိုက်ခြင်း
  • ဖျားခြင်း၊ အထူးသဖြင့် နေမကောင်းစဖြစ်နေချိန်မှာ ဖြစ်ပါတယ်။ အဖျားကြီးခြင်းက နေမကောင်းပိုဆိုးလာတယ်လို့ မဆိုလိုပါဘူး။
  • ကလေးတွေမှာ နောက်ထပ်လက္ခဏာတွေ ပိုဖြစ်နိုင်ပါတယ်။
  • ပတ်ဝန်းကျင်ကို စိတ်ဝင်စားမှုနည်းလာခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်ချင်ငိုက်မြည်းခြင်း
  • နေမထိထိုင်မသာဖြစ်ခြင်းနဲ့ ကောင်းကောင်းအိပ်မပျောခြင်း
  • အစားကောင်းကောင်းမစားခြင်း

အသက်ရှူမဝခြင်း ၁၅စက္ကန့်ကနေ၂၀စက္ကန့်လောက် အသက်ရှူရပ်သွားခြင်း ဖြစ်ပါတယ်။ လမစေ့ဘဲမွေးတဲ့ကလေးတွေနဲ့ အသက်ရှူရပ်ခြင်းရာဇဝင်ရှိဖူးတဲ့ ကလေးတွေမှာ ဖြစ်လေ့ရှိပါတယ်။ အအေးမိခြင်းနဲ့ ကူးစက်ပိုးကို ခွဲခြားနိုင်ဖို့ခက်ပါတယ်။ နောက်ဆက်တွဲဆိုးဆိုးရွားရွားလက္ခဏာတွေ မပြလာဘူးဆိုရင် ဘယ်ဗိုင်းရပ်အမျိုးအစားကြောင့်ဖြစ်တယ်ဆိုတာကို သိဖို့အရေးမကြေီးပါဘူး။

လေပြွန်ရောင်ခြင်းအဆုတ်ရောင်ခြင်း သို့ နှစ်ခုလုံးကို ဖြစ်စေနိုင်ပါတယ်။

နောက်ဆက်တွဲလက္ခဏာတွေကတော့-

  • အသက်ရှူခက်ခြင်း သာမန်ထက်အသက်ပိုရှူရခြင်း
  • အဆုတ်ထဲတွင်အသံမြည်ခြင်း
  • ချောင်းဆိုးခြင်းကပိုဆိုးစေနိုင်ပါတယ်။ ပြင်းပြင်းထန်ထန်ချောင်းဆိုးခြင်းကနေ အန်တာမျိုးတွေဖြစ်နိုင်ပါတယ်။
  • လေးလံထိုင်းမှိုင်းခြင်း၊ မောပန်းလွယ်ခြင်း၊ ပတ်ဝန်းကျင်ပေါ်စိတ်ဝင်စားမှုနည်းခြင်း၊ အစားအသောက်အပေါ်စိတ်ဝင်စားမှုနည်းခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Respiratory Syncytial Virus (RSV) Infection (အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ပိုးဝင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

မျက်လုံး၊ နှာခေါင်းသို့ ပါးစပ်ကနေ ဝင်သွားပါတယ်။ ချောင်းဆိုးခြင်းနှာချေခြင်းကနေ ကူးစက်ပိုးပါတဲ့အသက်ရှူလမ်းကြေင်းအရည်တွေက အခြားသူတွေက ရှူရှိုက်မိနိုင်ပါတယ်။ လက်ဆွဲနှုတ်ဆက်ခြင်းကဲ့သို့တိုက်ရိုက်ထိတွေ့ခြင်းတွေကနေလည်း အခြားသူတွေကိုကူးစက်သွားစေနိုင်ပါတယ်။

ဗီုင်းရပ်က အရုပ်စတဲ့ပစ္စည်းတွေထဲမှာ နာရီပေါင်းများစွာ ရှင်သန်နေနိုင်ပါတယ်။ ကူးစက်ပိုးပါနေတဲ့ပစ္စည်ေးတွကိုထိပြီးနောက် ပါးစပ်နှာခေါင်းမျက်လုံးတွေကို ထိတွေ့ခြင်းက ဗီုင်းရပ်ပိုးကူးစက်ခံရနုငိစေါတယ်။

ကူးစက်ခံရတဲ့လူမှာ ကူးစက်ခံရပြီးရက်အနည်းငယ်အတွင်းမှာ ကူးစက်ပြန့်ပွားလွယ်ပါတယ။် ကူးစက်မှုစစပြီးချင်း ရက်သတ္တပတ်အနည်းငယ်အထိ ကူးစက်ပိုးကပြန့်နှံ့နေနိုင်ပါသေးတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Respiratory Syncytial Virus (RSV) Infection (အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ပိုးဝင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ပိုးဝင်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်-

  • ၆လအောက်ကလေးငယ်များ
  • ကလေးငယများအထူးသဖြင့် ၁နှစ်အောက်ကလေးငယ်များ လမစေ့ဘဲမွေးလာသည့်ကလေးများသို့ မွေးရာပါနှလုံးအဆုတ်ရောဂါအခံရှိသည့်ကလေးများ
  • ဓါတုကုထုံးခံယူနေရခြင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်းအစားထိုးကုသဖြင်းစတာကြောင့် ခုခံအားကျနေသည့်ကလေး
  • ကလေးထိန်းစင်တာက ကလေးငယ်များ
  • အသက်ကြီးသူများ
  • ပန်းနာရင်ကျပ်၊ နှလုံးရောဂါ၊ နာတာရှည်အဆုတ်လမ်းကြောင်းပိတ်ဆို့ရောဂါ
  • ကိုယ်အင်္ဂါအစိတ်အပိုင်းအစားထိုးကုသဖြင်း၊ သွေးကင်ဆာ၊ ခုခံအားကျဆင်းသည့်ရောဂါစတာကြောင့် ခုခံအားကျနေသည့်လူများ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Respiratory Syncytial Virus (RSV) Infection (အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ပိုးဝင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

ဆရာဝန်က ကိုယ်ခန္ဓါစစ်ဆေးမှုတွေရလဒ်တွေနဲ့ ကူးစက်ခံရတဲ့ကာလကိုအခြေခံပြီးတော့ ခန့်မှန်းပါလိမ်မ့ယ်။ စမ်းသပ်မှုတွေပြုလုပ်နေတုန်းမှာ ပုံမှန်မဟုတ်တဲ့အသံတွေကို စစ်ဆေးဖို့ဆရာဝန်က နားကြပ်နဲ့အဆုတ်ကိုနားထေားင်ပါလိမ့်မယ်။ ဆရာဝန်က အောက်ပါနည်းလမ်းတွေကိုလည်း အသုံးပြုပါလိမ့်မယ်။

  • သွေးထဲမှာအောက်ဆီဂျင်ပမာဏ နည်းနေမနေစစ်ဆေးဖို့ နာကျင်မှုမဖြစ်စေဘဲအရေပြားစောင့်ကြည့်ခြင်း
  • ဗိုင်းရပ်၊ ဘတ်တီးရီးယားနဲ့ အခြားအကောင်တွေပါမပါ ကြည့်ဖို့ရန် သို့ သွေးဖြူဥအရေအတွက်ကိုစစ်ဆေးဖို့ သွေးစစ်ခြင်း
  • အဆုတ်ရောင်ရှိမရှိ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း
  • ဗိုင်းရပ်စစ်ဆေးဖို့အတွက် နှာရည်ကိုဓါတ်ခွဲခန်းပို့စစ်ဆေးကြည့်ခြင်း

Respiratory Syncytial Virus (RSV) Infection (အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ပိုးဝင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုအနေနဲ့တော့ ယေဘုယျအားဖြင့် အိမ်မှာပဲကလေးကိုသက်တောင့်သက်သာဖြစ်အောင် ပြုစုပေးနိုင်ပါတယ်။ ပြင်းထန်တဲ့အခြေအနေမှာတော့ ဆေးရုံကုသမှုလိုပါတယ်။

အိမ်တွင်းဂရုစိုက်မှု

ဆရာဝန်က အဖျားကျဖို့ ဆေးဆိုင်တွေမှာအလွယ်တကူဝယ်နိုင်တဲ့ တိုင်လီနောလိုမျိုးဆေးတွေကို ညွှနၤးပါလိမ့မယ်။ ဘတ်တီးရီးယားကြောင့်အဆုတ်ရောင်ခြင်းကဲ့သို့ ဘတ်တီးရီးယားနောက်ဆက်တွဲတွေရှီမယ်ဆိုရင် ပဋိဇီဝပိုးသတ်ဆေးတွေ ညွှန်းပါလိမ့်မယ်။ ကလေးကို တတ်နိုင်သမျှသက်တောင့်သက်သာဖြစ်စေရပါမယ်။ အရည်များများတိုက်ပြီး အာခြောက်ခြင်း၊ ဆီးနည်းခြ်ငး၊ ဆီးမသွားခြင်း၊ မျက်လုံးများတွဲခြင်း၊ အလွန်အမင်းအိပ်ချင်ငိုက်မြည်းခြင်းကဲ့သို့ ရေဓါတ်ခြောက်ခြင်းလက္ခဏာတွေကို စောင့်ကြည့်ပါ။

ဆေးရုံပြုစုကုသမှု

ပြင်းထန်တဲ့အခြေအနေတွေမှာ အကြောဆေးနဲ့ အောက်ဆီဂျင်ပေးဖို့လိုပါတယ်။ အသက်ရှူရလွယ်ဖို့ အသက်ရှူစက်ကိုလည်း တပ်ထားရနိုင်ပါတယ်။

အချို့ပြင်းထန်တဲ့အခြေအနေတွေမှာဆိုရင် အဆုတ်လေသံမြည်ခြင်းကိုသက်သာဖို့ အယ်ဗျူတီရောလိုမျိုး လေပြွန်ကျယ်ဆေးတွေကို ရှူရပါတယ်။ ဒီဆေးတွေက အဆုတ်လေပြွန်တွေကို ပွင့်စေပါတယ်။

ဗီရာဇိုးလ်ဗိုင်းရပ်ဆန့်ကျင်ဆေးကိုလည်း အသုံးပြုနိုင်ပါတယ်။ ဆရာဝန်က ကူးစက်ပိုးလက္ခဏာတွေသက်သာဖို့ အပီနပ်ဖရင်းကို ထိုးဆေးပုံစံရှူဆေးပုံစံနဲ့လည်း ပေးနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ပိုးဝင်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ပိုးဝင်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

ကျန်းမာရေးကောင်းတဲ့လူတွေအနေနဲ့ သိပ်မပြင်းထန်တဲ့အခြေအနေတွေမှာဆိုရင် အအေးမိခြင်းနဲ့ဆင်တူပြီး အိမ်မှာတင်ကုသမှုပေးနိုင်ပါတယ်။ ၁၂လအထက်ကလေးများနဲ့ နောက်ဆက်တွဲဖြစ်နိုင်ချေမရှိတဲ့ကလေးတွေမှာ အိမ်မှာပဲကုသမှုပေးနိုင်ပါတယ်။ နောက်ဆက်တွဲဖြစ်နိုင်ချေများတဲ့လူတွေမှာတော့ အနီးကပ်စောင့်ကြည့်ကုသမှုလိုအပ်ပါတယ်။

ခုခံအားမကောင်းတဲ့လူတွေမှာ နောက်ဆက်တွဲရလဒ်တွေရလာနိုင်ချေများတာကြောင့် အအေးမိလက္ခဏာတွေပေါ်လာတာနဲ့ ဆရာဝန်နဲပပြသသင့်ပါတယ်။ ကလေးငယ်များ၊ ကလေးများနဲပ ကျန်းမာရေးပြဿနာရှိတဲ့လူကြီးများနဲ့ အခြားဖြစ်နိုင်ချေတွေရှိသူတွေမှာလည်း ပထမလက္ခဏာစစပြပြချင်း ဆရာဝန်နဲ့သွားပြသင့်ပါတယ်။

ကူးစက်ပိုးဝင်နေတဲ့ကလေးကို ဘယ်လိုကူညီမလဲ။

ရေဓတ်ခန်းခြောက်ခြင်းလက္ခဏာများကို စောင့်ကြည့်ပါ။ အသက်ရှူမြန်ခြင်း၊ ဖျားခြင်း၊ ဝမ်းလျှောခြင်း၊ အော့အန်ခြင်းတွေကနေ ဆုံးရှူံးသွားတဲ့အရည်တွေအတွက် ပြန်လည်ဖြည့်တင်းပါ။ ခဏခဏနို့တိုက်ခြင်း၊နို့ဘူးတိုက်ခြင်းတွေ ပြုလုပ်ပါ။ အားဖြည့်အချိုရည်များ၊ အချိုရည်များ၊ အသီးဖျော်ရည်ပျစ်ပျစ်များ နဲ့ရေတိုက်ခြင်းမှ ရှောင်ကြဉ်ပါ။ အဖျော်ယမကာတွေမှာ သကြားအများကြီးပါတာမျိုး၊ ကယ်လိုရီနည်းနည်းသာပါတာမျိုး၊ လိုအပ်တဲ့အရေးကြီးတဲ့သတ္တုဓါတ်တွေ ညီညီမျှမျှမပါတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

လက္ခဏာတွေကို သက်သာအောင်ကူညီပေးခြင်းဖြင့် ကလေးကိုသက်တောင့်သက်သာဖြစ်စေပါ။ တခါတလေမှာ ကလေးက အဆီတမိုင်နိုဖန်၊ အိုင်ဗျူပရိုဖန်စတဲ့ဆေးတွေကနေ ဒါမှမဟုတ် အသက်ရှူပိုလွယ်အောင် မတ်မတ်ထားထားခြင်းက အနည်းငယ်သက်သာသွားနိုင်ပါတယ်။ ဆေးတွေကိုလည်း ဂရုစိုက်သုံးပါ။ ဆေးညွှန်းမှာပါတဲ့အတိုင်း သေချာလိုက်နာပါ။ အသက်၂၀အောက်ကလေလေးတွေမှာ အလွန်ရှားပါးသည့်ဦးနှောက်နဲပအသည်းရောဂါဖြစ်နိုင်တာကြောင့် မပေးသင့်ပါလူး။

ဗိုင်းရပ်ကူးစက်ပိုးဝင်ခြင်းအတွက် ပဋိဇီဝပိုးသတ်ဆေးတွေ ပေးလေးမရှိပါဘူး။ သင့်ကလေးမှာ နားကူးစက်ပိုးဝင်ခြင်းစတဲ့ နာက်ဆက်တွဲတွေပေါ်လာမယ်ဆိုရင်တော့ ပဋိဇီဝပိုးသတ်ဆေးကို ညွှန်းပါလိမိ့်မယ်။ ကလေးစပြီးသက်သာပြီဆိုတာနဲပ ပဋိဇီဝပိုးသတ်ဆေးတွေကို မရပ်လိုက်ပါနဲ့။ ဘတ်တီးရီးယားကိုသတ်ဖို့အတွက် ဆေးညွှန်းအတိုင်းပြည့်အော်င် သောက်ရပါမယ်။ ကလေးကိုဆေးပတ်လည်အောင် မတိုက်ဘူးဆိုရင် ဘတ်တီးရီးယားကူးစက်ပိုးက ပြန်ဖြစ်လာပါလိမ့်မယ်။

သင့်ကိုယ်သင်ဂရုစိုက်ပါ။ နေမကောင်းတဲ့ကလေးကို စောင့်ရှောက်ပြုစုရတာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်ငးဆိုင်ရာပင်ပန်းစေနိုင်ပါတယ်။ သင်ကကောင်းကေင်းအနားယူပြီး စိတ်ခံစားချက်ကောင်းနေမှသာ သင့်ကလေးကိုအကောင်းဆုံးကူညီပေးနိုင်ပါလိမ့်မယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Thin Myat Sandi Cho မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement