backup og meta

အဖျားကပျောက်သွားပြီ၊ ချောင်းက ဘာလို့ဆိုးနေသေးတာလဲ

အဖျားကပျောက်သွားပြီ၊ ချောင်းက ဘာလို့ဆိုးနေသေးတာလဲ

ခုလို ပူနွေးစိုစွတ်တဲ့ မိုးတွင်းကာလဆိုတာ အအေးမိတုပ်ကွေး ရောဂါပိုးတွေ အသောင်းကျန်းဆုံးကာလတစ်ခုပါပဲ။ ဘယ်နေရာပဲသွားကြည့်ကြည့် လူတွေ ဖျားနေကြတယ်၊ ချောင်းဆိုးနှာစေးနေကြတယ်၊ အအေးမိတာရော၊ အခုဆိုရော ဆင်တုပ်ကွေးလက်ချက်နဲ့ အဖျားပျောက်သွားတာတောင် အဆစ်အမြစ်ကိုက်တဲ့ဝေဒနာ ကျန်ခဲ့လို လူတွေကို ကြည့်လိုက်ရင် အားမရှိဘဲ ပိန်နေပြီး ကြည့်ရတာ တကယ့်ကို စိတ်မချမ်းမြေ့စရာပါ။ တချို့တွေကျတော့လည်း ဖျားတဲ့အချိန် ဝေဒနာရဲ့ ဒဏ်ကို လှိမ့်ပိမ့်ခံလိုက်ရတယ်၊ အဖျားပျောက်သွားလို့ စိတ်ချမ်းသာရမလား ကြံတုန်းပဲရှိသေးတယ်၊ ချောင်းက တဟွတ်ဟွတ်နဲ့ ဆိုးနေသေးတော့ အဖျားကပဲ ကျန်သေးတာလား၊ နောက်တစ်ခါ ထပ်ပြီးဖျားတာလား၊ ဆေးခန်းပဲ ပြရမလား အရမ်းတွေ လမ်းပျောက်ကြတယ်နော်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာကိုတော့ ဒီဆောင်းပါးမှာ ကျွန်တော် ရှင်းပြပေးချင်ပါတယ်။

ပုံမှန်အဖျားက ဘယ်လောက်ကြာမှ ပျောက်တာလဲ။

လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး ရက်အနည်းငယ်အတွင်းကနေ ရက်သတ္တပတ်အနည်းငယ်အထိ ကြာနိုင်ပါတယ်။ ဆေးတွေသောက်ပြီး၊ အိမ်မှာကောင်းကောင်းအနားယူပြီး အဖျားကျသွားရင်တောင်မှ ကိုယ်ထဲမှာ အဖျားက အနည်းနဲ့အများကျန်နေတတ်ပါတယ်။ နောက်တစ်ချက်က ကိုယ်ခံအားစနစ်ကို မေ့လို့မရပါဘူး။ လူတစ်ယောက်ဖျားတယ်ဆိုတာ ကိုယ်ခံအားနည်းနေအတဲ့အချိန်မှာ အများဆုံးဖြစ်ရတာပါ။ ဖျားနေတဲ့အချိန်ဆို ကိုယ်ထဲမှာရှိနေတဲ့ ရောဂါပိုးကို တိုက်ထုတ်ဖို့ ပိုပြီးအလုပ်လုပ်ရတဲ့အတွက် အဖျားပျောက်သွားတဲ့တိုင်အောင် ကိုယ်ခံအားစနစ်က နဂိုအတိုင်း အားအင်ပြည့်ဝစွာ အလုပ်လုပ်ဖို့ မဖြစ်နိုင်သေးပါဘူး။ ဒီတော့ ကိုယ်ခံအားစနစ်က ဒီရောဂါပိုးတွေကို တိုက်ထုတ်နေသေးတယ်ဆိုတာကို အချက်ပြဖို့အနေနဲ့ ချောင်းဆိုးတာ၊ နှာစေးတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။

ချောင်းက ဘာကြောင့်ဆက်ဆိုးနေရတာလဲ။

ချောင်းဆိုး၊ နှာစေးရတဲ့ အကြောင်းရင်းအများစုက လေထဲမှတစ်ဆင့် ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးတွေက အသက်ရှူလမ်းကြောင်းထဲကို ဝင်ရောက်ပြီး ပွားများတာကြောင့်ဖြစ်ပါတယ်။ ဒီရောဂါပိုးတွေ ပွားလာတာနဲ့အမျှ ချောင်းကဆိုးမယ်၊ နှာရည်က တတောက်တောက်ကျနေမယ်၊ ချွဲကလည်း ထနေမေယ်။ အဲ့တော့ အဖျားပျောက်သွားတဲ့တိုင်အောင် နှာခေါင်းထဲမှာရှိနေတဲ့ နှာရည်ထဲမှာ ရောဂါပိုးမွှားတွေ ကျန်နေပါသေးတယ်။ ဒီပိုးတွေကပဲ ချောင်းဆက်ဆိုးအောင် လှုံ့ဆော်ပေးတာဖြစ်ပါတယ်။

နောက်ထပ်ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကတော့

  • နမိုးနီးယားလို ပြင်းထန်တဲ့ ဖျားနာခြင်းအခြေအနေမျိုး
  • ပန်းနာရင်ကြပ် ရောဂါအခံရှိတဲ့သူတွေ
  • တော်ရုံတန်ရုံ မဖျားတတ်တဲ့သူတွေ
  • နှလုံးရောဂါ
  • အဆုတ်ကင်ဆာရှိတဲ့သူတွေမှာ ချောင်းဆိုးတဲ့ လက္ခဏာပျောက်ဖို့ တခြားသူတွေထက် ပိုကြာတတ်ပါတယ်။

ဘယ်လိုအချိန်မှာ စိုးရိမ်ဖို့လိုလဲ။

များသောအားဖြင့် အဖျားပျောက်ပြီးနောက်ပိုင်း ကျန်ခဲ့တဲ့ ချောင်းဆိုး၊ နှာစေးတာတွေက ၂ရက် ၃ရက်ကနေ တစ်ပတ်အတွင်း ပျောက်သွားနိုင်ပါတယ်။ အဲ့လိုမှ မပျောက်သွားဘူး၊ သတ်မှတ်ထားတဲ့အချိန်ထက် ပိုကြာနေတယ်၊ ချောင်းအခြောက် ဆိုးရာကနေ ချွဲတွေပါကပ်ပြီး ပါလာတယ်၊ ချောင်းဆိုးရင်း သွေးပါလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြန်ပြီး ပြသင့်ပါတယ်။ ဒါတွေက အဖျားတစ်ခုတည်းတင်မကဘဲ တခြားရောဂါပိုးတွေက ကိုယ်ခံအားစနစ်ကို တိုက်ခိုက်နေကြောင်း ပြနေတဲ့ လက္ခဏာတွေ ဖြစ်နိုင်လို့ပါ။

တခြားလူကိုရော ကူးစက်နိုင်လား။

ဘာကြောင့်ပဲ ချောင်းဆိုးပါစေ၊ ပါးစပ်ကို လက်ကိုင်ပဝါနဲ့ အုပ်ပြီးမဆိုးရင်တော့ ဘေးနားမှာရှိတဲ့လူတွေ အကုန်လုံးကို လေကတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ဖျားနာနေတဲ့ လက္ခဏာမပြခင် အစောဆုံး ၂၄နာရီအတွင်းမှာဆိုရင် ပါးစပ်မအုပ်ဘဲ ချောင်းဆိုးရာမှ တခြားသူတွေကို ကူးစက်နိုင်ဖို့ အခွင့်အလမ်းပိုများနိုင်ပါတယ်။ အဖျားပျောက်ပြီး ၅ရက်မှ အကြာဆုံး ၂၁ ရက်ထိ ကိုယ်ထဲမှာ ရောဂါပိုးတွေ အနည်းနဲ့အများ ကျန်နေသေးတဲ့အတွက် တခြားသူတွေကို ဆက်ပြီးကူးစက်နိုင်ပါသေးတယ်။

ချောင်းဆိုးတာကို သက်သာစေဖို့ အိမ်တွင်းနည်းလမ်းကောင်းများ

၁။ ရေများများသောက်ပါ။

၂။ အပူ၊ အစပ်၊ ဆီကြော်တွေကို ရှောင်ပါ။

၃။ ဆန်ပြုတ်၊ ကြက်စွပ်ပြုတ်၊ ချင်းပြုတ်ရည်တွေကို များများသောက်ပေးပါ။

၄။ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ဒိန်ချဉ်ကိုလည်း စားသုံးပေးလို့ရပါတယ်။

၅။ အိမ်မှာပဲ အေးအေးဆေးဆေး အနားယူပါ။ အလုပ်မသွားပါနဲ့၊ အိမ်ပြင်ကို မလိုအပ်ဘဲ မထွက်ပါနဲ့။

၆။ သွားတိုက်ပြီးတိုင်း ဆားငန်ရည်နဲ့ လည်ချောင်းထိရောက်အောင် ပလုတ်ကျင်းပေးပါ။

၇။ ဆေးဆိုင်တွေမှာ ချောင်းဆိုးပျောက်ဆေး၊ ငုံဆေးအလွယ်တကူ ဝယ်လို့ရသလို ဆရာဝန်ဆီမှာ အရင်ပြပြီးမှ သောက်တာလည်း ပိုကောင်းပါတယ်။

၈။ ဗီတာမင် စီ အားဆေးကို သောက်ပေးပါ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health-news/why-am-i-still-coughing#How-can-I-treat-a-lingering-cough? (September 25, 2019)

ယခုပုံစံ

13/10/2021

Ye Myo Myat မှ ရေးသားသည်။

Ye Myo Myat မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိုးမိတာနဲ့ အအေးမိဖျားနာ ဖြစ်နိုင်လား

အအေးမိတာလား၊ ဓါတ်မတည့်တာလား



Ye Myo Myat မှ ရေးသားသည်။ · 13/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement