backup og meta

အဆုတ် COPD ရောဂါသည် ခရီးသွားရာတွင်သိထားရမည့် အချက်များ

အသက်ရှုကျပ်လာခြင်းသည်နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါ (COPD)၏ အဓိကလက္ခဏာ တစ်ခုဖြစ်သည့်အတွက် ထိုဝေဒနာရှင်များသည် မိမိ၏အိမ်ပြင်ပ ခရီးသွားရန် အလွန်ပင်ဝန်လေးကြသည်။

သို့သော် အောက်ပါအတိုင်းပြင်ဆင်မှုများပြုလုပ်ထားလျှင် ခရီးမသွားနိုင်စရာအကြောင်းမရှိတော့ပါ။

၁။ ဆရာဝန်နှင့်သွားပြပါ။

ခရီးမသွားမီ သင့်ခရီးအစီအစဉ်နှင့်ပက်သက်၍ု သင့်ခံနိုင်ရည်နှင့်ပက်သက်၍ လိုအပ်မည့်အရာများကို ဆရာဝန်နှင့်ဆွေးနွေးပါ။ ဥပမာ လေယာဉ်ပျံစီးရမည့်ခရီးမျိုးတွင် အောက်ဆီဂျင် ယူရန်လိုမလိုတိုင်ပင်ခြင်းမျိုးဖြစ်သည်။

၂။ ကာကွယ်ဆေးများထိုးသွားပါ။

တုပ်ကွေးကာကွယ်ဆေးနှင့် နမိုးနီးယားအဆုတ်ရောင်ရောဂါကာကွယ်ဆေးမျိုး(PCV 13)ထိုးသွားပါ။

အခြားသောလိုအပ်သည့် ကာကွယ်ဆေးများလည်း ထိုးရန်လိုမလိုတိုင်ပင်ပါ။ နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါရှင်များသည် အခြားသူများထက် တုပ်ကွေးနှင့် နမိုးနီးယားအဆုတ်ရောင်ရောဂါဖြစ်လွယ်သော ကြောင့်ဖြစ်သည်။

၃။ လိုအပ်သော ပစ္စည်းကိရိယာများကို စစ်ဆေးပါ။

ခရီးသွားနေစဉ်အောက်ဆီဂျင်စက်နှင့် တစ်ပါတည်းယူဆောင်သွားမည့် စက်ကိရိယာတို့ကို ပျက်စီးခြင်းများ မဖြစ်အောင် စစ်ဆေးပါ။ အောက်ဆီဂျင်စက်ကို သင်ကိုယ်တိုင်သယ်နိုင်လား အကူလိုအပ်နိုင်လား ဆုံးဖြတ်ပါ။

၄။ သင်သွားမည့်နေရာနှင့်ပက်သက်၍ ဆွေးနွေးပါ။

သင်သွားမည့်နေရာကို ဆရာဝန်အားပြောပြပါ။

သင်သည် အမြင့်နေရာများသို့သွားမည်ဆိုလျှင် အောက်ဆီဂျင်နည်းခြင်းကြောင့် မောလာလိမ့်မည်။ အမြင့်ပိုင်းဒေသများတွင် လေထုသည်ပါးလွှာပြီး အောက်ဆီဂျင်ပမာဏနည်းခြင်းကြောင့် အိမ်တွင်နေစဉ် အောက်ဆီဂျင်မရှုသော်လည်း အမြင့်သို့ရောက်လျှင် ရှုဖို့လိုအပ်ပါသည်။

၅။ သင့်တော်သော ရာသီဥတုနှင့်ပတ်ဝန်းကျင်မျိုးဖြစ်ပါစေ။

မီးခိုးငွေ့များသောနေရာများကိုရှောင်ကြဉ်ပါ။ ကားဖြင့်သွားလျှင် ပြတင်းပေါက်ပိတ်ကာ လေအေးပေးစက်ဖွင့်ထားပေးပါ။ အထူးသဖြင့် ကားမှလာသော မီးခိုးငွေ့များသည် အဆုတ်ကိုပိုထိခိုက်သောကြောင့်ဖြစိသည်။

၆။ လေကြောင်းခရီးလမ်းနှင့်သွားမည်ဆိုပါက လိုအပ်သော အစီအစဉ်များပြုလုပ်ပါ။

နာတာရှည် အဆုတ်လေပြွန်ကျဉ်း (COPD) ရောဂါသည်များသည် သူတို့၏ ဘက်ထရီဖြင့်အသုံးပြုရသောအောက်ဆီဂျင်ဘူးများကို လေယာဉ်ပျံပေါ်သို့သယ်သွားခွင့်မရှိပါ။ ထို့ကြောင့် အောက်ဆီဂျင်ဘူးထုတ်လုပ်သောနေရာများကို ၎င်းအောက်ဆီဂျင်ဘူးများသည် လေယာဉ်ပျံပေါ်သယ်သွား၍ရမရ သေချာစွာမေးမြန်းပါ။

ပုံမှန်အားဖြင့် လေယာဉ်မစီးမီ ၄၈ နာရီအလိုတွင်အောက်ဆီဂျင်သယ်ဆောင်ရန်အတွက်ခွင့်ပြုချက်ရှိမရှိသေချာစေရမည်။

လေကြောင်းလိုင်းတခုနှင့်တခုစည်းကမ်းချက်မတူညီ၍ မသွားမီတပတ်ခန့်အလိုကတည်းက လေကြောင်းလိုင်းတာဝန်ခံကို မေးမြန်းသင့်သည်။

၇။ ရထားနှင့် ဘတ်စ်ကားများသွားနိုင်ရန် အစီအစဉ်များပြူလုပ်ပါ။

Amtrak လေကြောင်းလိုင်းသည် လျှပ်စစ်ကိုအသုံးပြူရသောအောက်ဆီဂျင်ဘူးများကို သယ်ဆောင်ခွင့်ပြုသည်။

သို့သော် သင်သည် ခရီးမသွားမီ ၁၂နာရီအလိုတွင် အောက်ဆီဂျင်အသုံးပြုရန် အစီအစဉ်ရှိကြောင်း ရထားဘူတာသို့ ကြိုတင်ဘိုကင်လုပ်ထားသင့်သည်။ အချို့သော ဘတ်စ်ကားကုမ္မဏီများသည် အောက်ဆီဂျင်နှင့်ပက်သက်သော ပစ္စည်းများ၊ ဆလင်ဒါဘူးများကို အကန့်အသက်နှင့်သယ်ဆောင်ခွင့်ပြူသည်။

ထို့ကြောင့်သင်သည် အပြည်ပြည်ဆိုင်ရာသို့သွားမည်ဆိုပါက မတူညီသော သက်မှတ်ချက်များရှိနေ၍ သေချာစွာမေးမြန်းစုံစမ်းသင့်သည်။

၈။ သင်သွားမည့်ခရီးတွင်ဆေးပစ္စည်းများအထောက်အပံ့ပေးသည့်နေရာများကို သိအောင်ပြုလုပ်ထားပါ။

အောက်ဆီဂျင်ဘူးများကို အသုံးပြုမည်ဆိုပါက အောက်ဆီဂျင်ဘူးများကုန်သွားပါက လဲနိုင်မည့် နေရာများကို လမ်းကြောင်းတစ်လျှောက် မြေပုံပေါ်တွင်ချမှတ်ထားပါ။ သင် ယူနေကြအောက်ဆီဂျင်ဆိုင်၏ဆိုင်ခွဲများရှိမရှိစုံစမ်းထားပါ။ ဘက်ထရီအသုံးပြုပါက ဘက်ထရီလဲနိုင်သည်။

အချူပ်ဆိုရသော် သင်သည် ခရီးသွားနေစဉ် အထက်ပါအချက်များကိုလိုက်နာခြင်းဖြင့် သင့်ကိုယ်သင် ဂရုစိုက်နိုင်သည်။ သို့သော်သင်တခုခုဖြစ်လျှင် ကူညီပေးနိုင်သော မိသားစုနှင့်ခရီးသွားခြင်းသည် ပိုသင့်တော်ပါသည်။ သာယာပျော်ရွှင်သောခရီး တစ်ခုဖြစ်ပါစေ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Traveling Tips for People With COPD.http://www.copdsupport.ie/about-copd/how-to-manage-with-c-o-p-d/traveling-tips-for-people-with-copd.Accessed December 27, 2016.

Traveling Tips for People With COPD.http://www.everydayhealth.com/copd/travel-tips-for-people-with-copd.aspx.Accessed December 27, 2016.

Traveling Tips for People WithCOPD.https://my.clevelandclinic.org/health/diseases_conditions/hic_Understanding_COPD/hic_Coping_with_COPD/hic_Traveling_Tips_for_People_with_COPD.Accessed December 27, 2016.

ယခုပုံစံ

05/07/2022

Dr. Zin Thu Thu Win မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ကူးစက်ခြင်းအကြောင်း သိကောင်းစရာ

အဆုတ်ပြည်တည်နာ သိကောင်းစရာ


Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr. Zin Thu Thu Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။