backup og meta

ကိုယ်ဝန်ဆောင်ချိန် ဒူးရင်းသီးစားလို့ရသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန် ဒူးရင်းသီးစားလို့ရသလား

    သင်ဟာ ကိုယ်ဝန်ရှိချိန်မှာ အချို့အစားအစာတွေရဲ့ စိတ်ချရမှုကို စစ်ဆေးကြည့်ဖူးပါသလား။ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်စဉ်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာအသစ်တွေကို စားလိုပါသလား။ တကယ်လို့ သင်ဟာ ဒူးရင်းသီးကို စိတ်ဝင်စားပြီး ကိုယ်ဝန်ဆောင်ချိန် ဒူးရင်းသီးစားလို့ရသလား ဆိုတာကို သိချင်နေပါသလား။

    ဒူးရင်းသီး ဆိုတာ

    ဒူးရင်းသီးဟာ အရှေ့တောင် အာရှမှာ ထင်ရှားတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ သူဟာ ပြင်းထန်တဲ့ အနံ့ရှိပြီး အရွယ်ကြီးမားကာ ဆူးတွေနဲ့ ကာရံထားတာကြောင့် အသိများပါတယ်။ သင်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဒူးရင်းသီး စားနိုင်ပြီး သူက သင့်ကို အကျိုးကျေးဇူးတွေတောင် ပေးနိုင်ပါသေးတယ်။ ဒူးရင်းသီးမှာ organo-sulphur နဲ့ tryptophan ပါဝင်ပြီး သူတို့ဟာ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ ရှိပါတယ်။

    ဒါပေမယ့် ဒူးရင်းသီးမှာ သကြားဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်တွေ ပါဝင်ပါတယ်။ အလယ်အလတ် အရွယ်အစားရှိတဲ့ ဒူးရင်းသီးစေ့နှစ်ခုမှာ ၆၀ ကယ်လိုရီပါဝင်တာကြောင့် သကြားဓာတ်များတဲ့ အစာအဖြစ် ယူဆနိုင်ပါတယ်။ ဒူးရင်းသီးဟာ ကိုယ်ဝန်ဆောင်ချိန်မှာ စားဖို့ လုံခြုံစိတ်ချရတဲ့ အရာဖြစ်ပေမယ့် သင့်စားသုံးနှုန်းကိုတော့ ကန့်သတ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရှိတဲ့ အမျိုးသမီးတွေဟာ သကြားဓာတ်များတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဒူးရင်းသီးကို ရှောင်ကြဉ်သင့်ပါတယ်။

    အာရှနိုင်ငံတွေမှာ ဒူးရင်းသီး စားခြင်းကို ကိုယ်ဝန်ဆောင်ချိန်မှာ တားမြစ်ထားကြပါတယ်။ လူတွေက အသီးစားခြင်းဟာ အပူများစေပြီး မမွေးသေးတဲ့ ကလေးငယ်ကို ထိခိုက်စေတာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ဒူးရင်းသီးကို ရှောင်ကြဉ်ခိုင်းလေ့ရှိပါတယ်။

    တကယ်တမ်းတော့ ကိုယ်ဝန်ဆောင်စဉ်မှာ ဒူးရင်းသီး စားခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို လေ့လာထားတဲ့ သုတေသန မရှိသေးပါဘူး။ ဒါကြောင့် မစားခင် သင့်ဆရာဝန်ကို သင့်အခြေအနေပေါ်မူတည်ပြီး ဒူးရင်းသီး စားသင့် မစားသင့် မေးမြန်းသင့်ပါတယ်။

    ဒူးရင်းသီး စားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိပါတယ်။

  • သူ့မှာ စွမ်းအင်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒူးရင်းသီးဟာ အသားပျော့တာမို့ အစာကြေလွယ်ပါတယ်။ ဒူးရင်းသီးကို ရိုးရိုး သကြားတွေ ဖြစ်တဲ့ fructose နဲ့ sucrose တွေနဲ့ လုပ်ထားတာကြောင့် အားအင်ပိုဖြစ်စေပြီး ပိုမို တက်ကြွစေနိုင်ပါတယ်။
  • ဒူးရင်းသီးမှာ ကိုလက်စထရောဓာတ် နဲ့ ပြည့်ဝဆီတွေ ပါဝင်ခြင်း မရှိပါဘူး။
  • ဒူးရင်းသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ သူဟာ သဘာဝ ဝမ်းပျော့ဆေးနဲ့ အလားတူပြီး ကိုယ်ဝန်ရှိချိန်မှာ ဝမ်းချုပ်တဲ့ ပြဿနာကို ကာကွယ်ပေးပါတယ်။
  • ဒူးရင်းသီးမှာပါတဲ့ အမျှင်ဓာတ်ဟာ အဆိပ်အတောက်တွေနဲ့ ထိတွေ့တဲ့ အချိန်ကို လျှော့ချပေးနိုင်တာကြောင့် အူနံရံတွေကို ကာကွယ်ပေးပါတယ်။ သူဟာ အူအတွင်းမှ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကနေလည်း ကာကွယ်ပေးပါတယ်။
  • ဒူးရင်းသီးမှာ ကျန်းမာစေတဲ့ ဗီတာမင် ဘီနဲ့ အခြားဗီတာမင်တွေ ဖြစ်တဲ့ Niacin, Thaimine နဲ့ riboflavin တွေ ပါဝင်ပါတယ်။ ဒီအရာတွေအကုန်လုံးဟာ သင့်ရဲ့ ယေဘုယျ ကျန်းမာရေးကို တိုးတက်စေရုံသာမက ကိုယ်ခန္ဓာရဲ့ ကျန်းမာစွာ ဆောင်ရွက်နိုင်မှု အတွက်လည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။
  • ဒူးရင်းသီးမှာ ကော့ပါး၊ မဂ္ဂနီဆီယမ်၊ သံဓာတ် နဲ့ manganese ဓါတ်တွေ ပါဝင်ပါတယ်။ ကော့ပါး နဲ့ သံဓာတ်ဟာ ကိုယ်ခန္ဓာအတွင်းမှာရှိတဲ့ သွေးနီဥတွေကို လှုံ့ဆော်ပေးတာကြောင့် မမွေးသေးတဲ့ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေပါတယ်။
  • ကိုယ်ဝန်ဆောင်ချိန် ဒူးရင်းသီးစားလို့ရသလား ဆိုတဲ့ အဖြေထွက်လောက်ပြီ ထင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement