backup og meta

ကိုယ်ဝန်ရှိမရှိ စစ်ဆေးမှုများ : ကိုယ်ဝန်ရှိနေသော်လည်း မရှိကြောင်း အဖြေရခြင်း နှင့် ကိုယ်ဝန်မရှိသော်လည်း ရှိကြောင်း အဖြေရခြင်း

အမျိုးသမီးများသည် ရာသီသွေးမပေါ်တော့လျှင် အလွယ်နည်များဖြင့် မိမိအိမ်တွင်ပင် ကိုယ်ဝန်ရှိမရှိစစ်ဆေးကြသော်လည်း ထိုစစ်ဆေးမှုများသည် တိကျမှုမရှိကြောင်း လေ့လာမှုများအရသိရှိရသည်။

အကြောင်းမှာ ထိုနည်းများသည် လူတို့ထင်ထားသလောက်တိကျသော အဖြေကို ပေးနိုင်သော နည်းလမ်းမဟုတ်ပါ၊ ရာသီမပေါ်ပြီး ၁ ပတ်ခန့်ကြာမှ စစ်ဆေးခြင်းက ပိုပြီးစိတ်ချရပါသည်။ သို့သော်လည်း စစ်ဆေးမှုရလဓ်များသည် မှားနိုင်ချေ ၂ မျိုးရှိပါသည်။

ကိုယ်ဝန်ရှိနေသော်လည်း မရှိကြောင်း အဖြေရခြင်း ဆိုတာဘာလဲ။

ကိုယ်ဝန်ရှိနေသော်လည်း မရှိကြောင်း အဖြေရခြင်း ဆိုသည်မှာ သင့်တွင် ကိုယ်ဝန်မရှိသော်လည်း ရှိကြောင်းပြနေသော အဖြေများကို ခေါ်ပါသည်။

ထိုသို့ဖြစ်ရခြင်း အကြောင်းများမှာ သွေးဆုံးသွားခြင်း၊ နေရာမှား သန္ဓေတည်ခြင်း သို့မဟုတ် မျိုးဥအိမ်တွင် ချို့ယွင်းမှုများရှိခြင်းတို့ကြောင့်ဖြစ်နိုင်ပါသည်။

ထို့ပြင် မျိုးအောင်ပြီးသော မျိုးဥသည် သားအိမ်နံရံတွင် မကပ်တွယ်နိုင်ဘဲပျက်စီးသွားခြင်း၊ HCG ဟော်မုန်းပါသော မျိုးအောင်ဆေးများသောက်ပြီး ခဏအကြာတွင် ကိုယ်ဝန်ကို စစ်ဆေးမိခြင်းတို့ကြောင့်လည်းဖြစ်နိုင်ပါသည်။(HCG ဟော်မုန်းဆိုသည်မှာ မျိုးအောင်ပြီးသော ဥသည် သားအိမ်တွင်ကပ်တွယ်ပြီးနောက် အချင်းမှထွက်လာသော ဟော်မုန်းတမျိုးဖြစ်သည်။)

ကိုယ်ဝန်မရှိသော်လည်း ရှိကြောင်း အဖြေရခြင်း ဆိုတာဘာလဲ။

ကိုယ်ဝန်မရှိသော်လည်း ရှိကြောင်း အဖြေရခြင်း သည် အထက်ဖော်ပြပါဖြစ်စဉ်မျိုးနှင့် ပြောင်းပြန်ဖြစ်ကာ ကိုယ်ဝန်ရှိနေသော်လည်း စစ်လိုက်လျှင် မရှိကြောင်းပြသခြင်းဖြစ်သည်။

ထိုသို့ဖြစ်ခြင်းသည် အောက်ပါတို့ကြောင့်ဖြစ်နိုင်သည်။

  • စစ်ဆေးမှုများကို သင်ရာသီမပေါ်ပြီးပြီးချင်းစောစီးစွာ ပြုလုပ်လိုက်ခြင်းဖြင့် ကိုယ်ဝန်ရှိချိန်တွင် ထွက်သော HCGဟော်မုန်းထွက်သည့်အချိန်ထက်စောသွားသောကြောင့် ကိုယ်ဝန်မရှိကြောင်း အဖြေထွက်သွားခြင်းဖြစ်သည်။ ရာသီသွေးပျောက်ပြီး ၁ ပတ်ခန့်အကြာတွင် HCG ဟော်မုန်းကို ဆီးထဲတွင် စစ်ဆေးနိုင်ပါသည်။
  • ဆီးထဲသို့ ကိုယ်ဝန်စစ်ကိရိယာကို ထဲ့ပြီးပြီးချင်းပြန်ထုတ်လိုက်သောကြောင့် အဖြေမှန်ရရန် လုံလောက်သောအချိန်မရရှိသောကြောင့် လည်းဖြစ်နိုင်သည်။ ထို့ကြောင့် ကိုယ်ဝန်စစ် ကိရိယာတွင် ပါဝင်သောညွှန်ကြားချက်များအတိုင်းစစ်ဆေးရန် လိုအပ်ပါသည်။

ဆီးကျဲခြင်း

မနက်မိုးလင်းချိန်တွင် သွားသောဆီးသည် အပျစ်ဆုံးဖြစ်သောကြောင့် ထိုအချိန်တွင် ကိုယ်ဝန်စစ်ဆေးရန် အသင့်တော်ဆုံးဖြစ်ပါသည်။

နောက်ထပ်ဘာတွေပြုလုပ်သင့်သလဲ။

သင်သည် ကိုယ်ဝန်ရှိနေကြောင်းစစ်ဆေးချက်များအရ ဖော်ပြနေလျှင် သို့မဟုတ် သင့်ကိုယ်သင် မသေချာလျှင် ဆရာဝန်နှင့် ရက်ချိန်းယူပြသကာ သင့်အခြေအနေကို တိကျစွာသိရှိရန် သွေးစစ်ခြင်း၊ အသံလှိုင်းဓါတ်မှန်ရိုက်ခြင်းတို့ပြုလုပ်နိုင်သည်။ ကိုယ်ဝန်ရှိကြောင်း သေချာသောအခါ ပြင်ဆင်မှုများစွာကို ပြုလုပ်နိုင်ပါသည်။

သို့သော် သင့်တွင် ကိုယ်ဝန်မရှိကြောင်းပြသသော်လည်း ရာသီသွေးက ပေါ်လာသောအခါ နောက်တပတ်ခန့်အကြာတွင် တခေါက်ပြန်စစ်ပါ။ နောက်တပတ်တွင် ပြန်စစ်သော်လည်း ကိုယ်ဝန်မရှိကြောင်း ပြသနေပြီး ရာသီသွေးလည်း မလာသောအခါ သင့်ဆရာဝန်နှင့် ချက်ချင်းဆိုသလိုပြသသင့်ပါသည်။

ထိုသို့ဖြစ်ခြင်းသည် သိုင်းရွိုက်ဟော်မုန်း မူမမှန်ခြင်း၊ ကိုယ်အလေးချိန် ပုံမှန်ထက်နည်းခြင်း၊ မျိုးဥတွင် ချို့ယွင်းချက်များရှိခြင်းနှင့် စိတ်ဖိစီးမှုများခြင်းတို့ကြောင့်ဖြစ်နိုင်သည်။

ဆရာဝန်တွင် စစ်ဆေးမှုများပြုလုပ်ပြီး ကိုယ်ဝန်မရှိကြောင်းသေချာသော အခါ ရာသီပြန်လာစေရန် ကုသမှုများပြန်လည် ခံယူနိုင်ပါသည်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Home pregnancy tests: can we trust the result? http://www.mayoclinic.org/healthy-lifestyle/getting-pregnant/in-depth/home-pregnancy-tests/art-20047940?pg=1. Accessed April 19, 2017
Is it possible to get a false positive pregnancy test result? http://www.parents.com/pregnancy/signs/test/false-positive-pregnancy-test/. Accessed April 19, 2017

ယခုပုံစံ

16/05/2022

Dr. K Zin Thwe မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်မဆောင်မီမှာ ခံယူသင့်သော ကျန်းမာရေးစစ်ဆေးမှုများ

ကယ်လ်စီယမ်သည် ကိုယ်ဝန်ဆောင်ချိန်တွင် ဘာကြောင့် အရေးကြီးတာလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. K Zin Thwe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/05/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement