backup og meta

မျှဝေပါ။

HPV ဗိုင်းရပ်စ်ပိုးက သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်စေမှာလား။ ။

Human Papilloma Virus လို့ခေါ်တဲ့ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်ပိုးအကြောင်းကြားဖူးမှာပါ။ အရွယ်ရောက်ပြီးတဲ့သူတွေမှာ အများဆုံးတွေ့ရတတ်တဲ့ ဒီ HPV ဗိုင်းရပ်စ်ပိုးက ကိုယ်ခန္ဓာရဲ့ ခံတွင်း၊ လိင်အင်္ဂါတစ်ဝိုက်နဲ့ အရေပြားတွေပေါ်မှာ အများဆုံး ရှိနေတတ်ပါတယ်။ လိင်ဆက်ဆံရာကနေ အဓိက ကူးစက်တတ်ပြီး သားအိမ်ခေါင်းကင်ဆာနဲ့ လိင်အင်္ဂါကြွက်နို့တွေကို ဖြစ်စေတဲ့အဓိက တရားခံပါ။

ဒါကတော့ ဖြစ်တဲ့သူမရှားတဲ့ HPV ဗိုင်းရပ်အကြောင်း အကျဉ်းချုံ့လေးဖြစ်ပြီးဒီနေ့ဆွေးနွေးမယ့် အကြောင်းအရာက ခုမှလာမှာပါ။ ဒါကတော့ HPV ဗိုင်းရပ်စ်ပိုးက သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်စေမှာလား။ ။ ဆိုတာပါ။

HPV ဗိုင်းရပ်စ်ပိုးက သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်စေမှာလား။ ။

HPV ဗိုင်းရပ်စ်ပိုးက သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်စေမှာလား။ ။ ဆိုတော့

HPV ဗိုင်းရပ်စ်ပိုးဟာ သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်နိုင်လား။ သူတို့ နှစ်ခုကြား ဆက်စပ်မှုရော ရှိလား။

လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတော်တော်များများက မကုသရင် (ဒါမှမဟုတ်) ရောဂါသက်တမ်းရင့်လာရင် သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်စေတတ်ပါတယ်။

ဒါပေမယ့် HPV ဗိုင်းရပ်စ်ပိုးကတော့ သားအိမ်ခေါင်းကင်ဆာကိုသာ အဓိကဖြစ်စေပြီး သန္ဓေအောင်နိုင်စွမ်းအပေါ် အများကြီး သက်ရောက်မှုတော့ မရှိပါဘူး။

HPV ဗိုင်းရပ်စပ်ပိုးက သန္ဓေအောင်နိုင်စွမ်းကို မထိခိုက်နိုင်ဘူးဆိုတော့ HPV ကိုကုသတဲ့ ဆေးကုသမှုကြောင့်ရော ထိခိုက်နိုင်လား။

HPV က ဗိုင်းရပ်ပိုး ဖြစ်တဲ့အတွက် ပိုးသတ်ဆေးတွေ အများကြီး သောက်ပြီး ကုသစရာတော့ မလိုပါဘူး။ HPV ကြောင့်ဖြစ်လာတဲ့ သားအိမ်ခေါင်းကင်ဆာ နဲ့ ပွားလာတဲ့ ကြွက်နို့တွေကို ဖယ်ရှားဖို့သာ အများအားဖြင့် လိုပါတယ်။ ဒီလိုဖယ်ရှားဖို့ဆိုရင်

  • cryotherapy – ပွားလာတဲ့ ပုံမှန် မဟုတ်တဲ့ တစ်ရှူးတွေကို အေးခဲစေလိုက်တာ၊ ဖယ်ထုတ်လိုက်တာမျိုး။
  • cone biopsy – သားအိမ်ခေါင်း တစ်စိတ်တစ်ပိုင်းကို အသားစယူရင်းနဲ့ ဖယ်ထုတ်လိုက်တာမျိုး
  • loop electrosurgical excision procedure (LEEP) – လျှပ်စစ်ဓာတ်စီးနေတဲ့ ဝါယာကြိုးလေးနဲ့ ဆဲလ်တွေကို ဖယ်ရှားပစ်လိုက်တာမျိုးတွေ လုပ်ပေးရပါတယ်။

ခုပြောပြတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို ဖယ်ရှားပြီး HPV ဗိုင်းရပ်စ်ကို ကုသတဲ့နည်းတွေက

  • သားအိမ်ခေါင်းအချွဲမြှေး ထွက်တဲ့ စနစ်ကို ပြောင်းလဲလိုက်တာကြောင့် သန္ဓေအောင်နိုင်စွမ်းအပေါ် သွားသက်ရောက်မှု ရှိတတ်ပါတယ်။
  • သားအိမ်ခေါင်းကို အနာဖြစ်စေပြီး အပေါက်ဝကို ကျဉ်းသွားစေတတ်တာကြောင့် သုက်ပိုး ကောင်လေးတွေ ဝင်ရောက်မှုကို ဟန့်ထားသလိုဖြစ်နေတတ်ပါတယ်
  • နောက်ပြီး ထိခိုက်သွားတဲ့ သားအိမ်ခေါင်း လေးကြောင့် သားအိမ်ခေါင်း အပေါက် မလုံတာမျိုးတွေ ဖြစ်တတ်ပြီး နေ့မစေ့ လမစေ့ မီးဖွားခြင်းတွေနဲ့ ကြုံတွေ့တတ်ပါတယ်။

တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်တဲ့  နည်းလမ်းနဲ့ ထိခိုက်စေတာမျိုးပါ။

အမျိုးသားတွေရဲ့ သန္ဓေအောင်နိုင်စွမ်းကိုရော HPV ဗိုင်းရပ်စ်က ထိခိုက်စေတတ်လား။

  • လေ့လာချက်တွေအရတော့ HPV ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတဲ့ သုက်ရည်တွေနဲ့ သုက်ပိုးလေးတွေကြောင့် သန္ဓေအောင်နိုင်ဖို့ အခက်အခဲရှိတယ်လို့ဆိုပါတယ်။
  • သန္ဓေအောင်သွားခဲ့ရင်တောင် ချို့ယွင်းချက်ရှိနေတဲ့ သုက်ကောင်လေးကြောင့် လနုနုနဲ့ ကိုယ်ဝန်ပျက်ကျတာမျိုးတွေရှိတတ်ပါတယ်။

HPV ဗိုင်းရပ်စ် ကာကွယ်ဆေးနဲ့ သန္ဓေအောင်နိုင်စွမ်းကရော ဆက်စပ်မှု ရှိလား။

အရင်ကထင်ခဲ့ကြတဲ့ HPV ကာကွယ်ဆေး ထိုးလိုက်ရင် ကလေးမရနိုင်တော့ဘူးဆိုတာ လုံးဝကို မှားပါတယ်။ ကာကွယ်ဆေးက သန္ဓေမအောင်နိုင်တာကို မဖြစ်စေတဲ့အပြင် သားအိမ်ခေါင်းကင်ဆာ ဖြစ်မလာအောင်တောင် သူက တားဆီးပေးနိုင်မှာပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/sexually-transmitted-diseases/hpv-and-fertility#hpv-vaccine

Accessed Date 11.9.2019

https://www.cancer.org/cancer/cervical-cancer/causes-risks-prevention/risk-factors.html

Accessed Date 11.9.2019

ယခုပုံစံ

05/05/2023

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/05/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။