backup og meta

အပ်စိုက်ကုသမှုက ကိုယ်ဝန်ရအောင် ကူညီပေးနိုင်သလား

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အပ်စိုက်ကုသမှုက ကိုယ်ဝန်ရအောင် ကူညီပေးနိုင်သလား

    အပ်စိုက်ကုပညာဟာ ရှေးနှစ်ထောင်ပေါင်းများစွာတည်းက အသုံးပြုခဲ့တဲ့ တရုတ်ရိုးရာ တိုင်းရင်းဆေးနည်းပညာ တစ်မျိုး ဖြစ်ပါတယ်။ သူဟာ အလွန်ပါးလွှာပြီး ပိုးသတ်ထာတဲ့ အပ်တွေကို ကိုယ်ခန္ဓါရဲ့ အပ်စိုက်ရမယ့် နေရာတွေပေါ်ကို ထိုးသွင်းခြင်းပဲ ဖြစ်ပါတယ်။ အပ်စိုက်ကုပညာဟာ ကလေးမရရှိစေသော ရောဂါအခံများကို ဖြေရှင်းပေးခြင်းအားဖြင့် ကူညီပေးသည်။ (ဥပမာ သိုင်းရွိုက် လုပ်ငန်းဆောင်တာ နည်းခြင်း၊ များခြင်းကဲ့သို့သော အခြေအနေများ)

    အပ်စိုက်ကုပညာဟာ ကိုယ်ခန္ဓါအနှံ့ကို ချီ (“chee”) လို့ ခေါ်တဲ့ စွမ်းအင်တစ်မျိုး သဘာဝအတိုင်း ဖြတ်သွားနေတယ်ဆိုတဲ့ သီအိုရီအပေါ် မူတည်ပါတယ်။ ဒီအားအင်ဟာ ပိတ်ခြင်း (သို့) ပြောင်းခြင်းတွေရှိခဲ့ရင် ရောဂါရနိုင်ပါတယ်။

    အပ်စိုက်ကုပညာဟာ ကိုယ်ဝန်ရရှိအောင် ကူညီပေးနိုင်ပါသလား။

    အပ်စိုက်ကုပညာကို သဘာဝဆေးဖက်ဝင်ဘယဆေးများ နဲ့ ပေါင်းစပ်ပြီး ကလေးမရရှိခြင်းရဲ့ အကြောင်းရင်း အချို့ကိုကုသဖို့ နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ အပ်စိုက်ကုပညာဟာ အကျိုးရှိမရှိဆိုတာကိုတော့ သိရှိဖို့ ခက်ခဲပါတယ်။ အပ်စိုက်ကုပညာဟာ ဟော်မုန်းပမာဏတွေကိုပါ လွှမ်းမိုးမှု ရှိပါတယ်။ ဒါကြောင့် မျိုးဥကြွေချိန်နဲ့ ကြွေပုံတွေကို အကျိုးသက်ရောက်နိုင်ပါတယ်။ သူဟာ သားအိမ်နဲ့ မမျိုးဥအိမ်ကိုသွားတဲ့ သွေးစီးဆင်းမှုကို မြှင့်တင်ပေးပါတယ်။ သွေးကောင်းကောင်းရတဲ့ သားအိမ်ဟာ မျိုးဥကို ကပ်တွယ်ဖို့အတွက် ပိုမို ကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်ပါတယ်။

    ဘယ်အချိန်မှာ အပ်စိုက်ကုပညာကို အသုံးပြုသင့်သလဲ။

    အပ်စိုက်ကုပညာဟာ ကျန်းမာရေးအရ အသုံးပြုတဲ့ ကုသနည်းတစ်ခု ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာကုထုံးနဲ့ သဏ္ဍာန်တူပါတယ်။ အမျိုးသမီးကိုယ်တွင်းသို့ သုက်ရည်ထည့်ခြင်း၊ ဖန်ပြွန်သန္ဓေသား၊ သန္ဓေသားလောင်းကို မိခင်သားအိမ်ထဲထည့်ခြင်း လုပ်ငန်းစဉ်များ မပြုလုပ်ခင် သုံးလ ကနေ လေးလလောက် ကြိုပြီး အပ်စိုက်ပညာနဲ့ ကုလေ့ရှိပါတယ်။

    ဘယ်အချိန်မှာ ရပ်သင့်သလဲ။

    ကလေးပျက်ကျမှုတွေဟာ ကိုယ်ဝန်ရဲ့ ပထမသုံးလပတ်အတွင်းမှာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လူနာတွေရဲ့ ကုသမှုကို ကလေးပျက်ကျခြင်းက ကာကွယ်အောင် ၁၂ ပတ်အထိ ကုသသင့်ပါတယ်။

    အမျိုးသမီးကိုယ်တွင်းသို့ သုက်ရည်ထည့်ခြင်း၊ ဖန်ပြွန်သန္ဓေသား (သို့) သန္ဓေသားလောင်းကို မိခင်သားအိမ်ထဲထည့်ခြင်း လုပ်ငန်းစဉ်များ လုပ်ပြီးချိန်မှာရော အပ်စိုက်ကု နေရာတွေဟာ ကွာခြားမှု ရှိပါသလား။

    အမျိုးသမီးကိုယ်တွင်းသို့ သုက်ရည်ထည့်ခြင်း၊ (သို့) သန္ဓေသားလောင်းကို မိခင်သားအိမ်ထဲထည့်ခြင်း ပြုလုပ်အပြီးမှာ အပ်ကို ဝမ်းဗိုက်တင်ပါးဆုံအပိုင်းကို ထိုးသွင်းခြင်း မပြုသင့်ပါဘူး။ အပ်စိုက်ကုပညာရှင်ဟာ လူနာဟာ ကိုယ်ဝန်ရှိနေရင် (သို့) ကိုယ်ဝန်ရှိနိုင်ရင် မထိုးသင့်တဲ့ နေရာ ခြောက်ခုကို ရှောင်ကြဉ်သင့်ပါတယ်။

    အပ်စိုက်ကုပညာအသုံးပြုခြင်းရဲ့ ဆိုးကျိုးတွေက ဘာတွေလဲ။

    ကိုယ်ဝန်ရရှိဖို့အတွက် အပ်စိုက်ကုပညာအသုံးပြုရာမှာ ဆိုးကျိုးအနည်းငယ် ရှိနိုင်ပါတယ်။ ကိုယ်ဝန်ရှိနေချိန်မှာ မမှန်ကန်တဲ့ နေရာတွေကို ထိုးမိခြင်းဟာ ကိုယ်ဝန်ပျက်ကျနှုန်း မြင့်စေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ အပ်စိုက်ကုပညာရှင်ဟာ ကိုယ်ဝန်မရရှိနိုင်တဲ့ ရောဂါတွေကို ကုသတဲ့နေရာမှာ ကျွမ်းကျင်သင့်ပါတယ်။ အပ်စိုက်ကုပညာဟာ များသောအားဖြင့် လူနာရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ခြင်းမရှိပဲ စိတ်ချရပါတယ်။

    ယေဘုယျအားဖြင့် အပ်စိုက်ကုပညာဟာ စိတ်ချရတဲ့ ကုသမှုတစ်ခု ဖြစ်ပါတယ်။ တကယ်လို့ အခြားနည်းတွေက သင့်အတွက် အကျိုးမရှိဘူးဆိုရင်တော့ အပ်စိုက်ကုသခြင်း ကြိုးစားကြည့်နိုင်ပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးအပိုင်းကတော့ အပ်စိုက်ကုပညာရှင်ဟာ သေချာစွာ လေ့ကျင့်ထားသူဖြစ်သင့်ပြီး ပိုးသတ်ထားတဲ့ အပ်တွေကိုသာ အသုံးပြုသင့်ပါတယ်။ ဒါကြောင့် လိုင်စင်ရှိပြီး အရည်အချင်းပြည့်ဝတဲ့ အပ်စိုက်ကုပညာရှင်တွေကို ရှာဖွေသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement