backup og meta

ကျန်းမာတဲ့သုက်ရည်- ပိုမိုကောင်းမွန်တဲ့မျိုးအောင်နိုင်စွမ်း

ကျန်းမာတဲ့သုက်ရည်- ပိုမိုကောင်းမွန်တဲ့မျိုးအောင်နိုင်စွမ်း

အမျိုးသားတွေဟာ ၉လလွယ်ဆယ်လဖွားဆိုတဲ့ ကိုယ်ဝန်ဆောင်ကာလတွေကိုမဖြတ်ကျော်ရပေမယ့်လည်း သူတို့ဟာ အသက်တစ်ချောင်းဖြစ်ပေါ်လာဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားရပါတယ်။ မျိုးဥနဲ့ပေါင်းစည်းပြီး သန္ဓေတည်နိုင်ဖို့ ကျန်းမာသန်စွမ်းတဲ့ သုကပိုးတွေကို ထုတ်ပေးရတယ်လေ။ သုက်ပိုးတွေရဲ့ အရည်အသွေးဟာ သင့်ကလေးရဲ့ကျန်းမာရေးအခြေအနေကိုဆုံးဖြတ်ပေးနိုင်ပါတယ်။ သင့်အမျိုးသားရဲ့သုက်ပိုးကို ကျန်းမာသန်စွမ်းအောင်ပြုလုပ်ပေးနိုင်တဲ့ ရိုးရှင်းတဲ့အချက်၄ချက်ကို ဖော်ပြထားပေးပါတယ်။

ပုံမှန်ကိုယ်အလေးချိန်စစ်ပါ။

ကိုယ်အလေးချိန်နည်းလွန်းခြင်း သို့မဟုတ် များလွန်းခြင်းဟာ အမျိုးသားတွေရဲ့ သုက်ပိုးအပေါ် သက်ရောက်မှုရှိနိုင်ပြီး ကြင်ဖော်၂ဦးချစ်တင်းနှီးနှောမှုကိုလည်း အဆုံးသတ်ပေးသလိုဖြစ်သွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်အလေးချိန်ပြဿနာဟာ အမျိုးသားရဲ့ လိင်စိတ်ဆန္ဒနဲ့ စွမ်းဆောင်ရည်ကို သက်ရောက်စေနိုင်လို့ပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားသုံးခြင်းနဲ့ ရက်သတ္တပတ်ရဲ့ နေ့ရက်အများစုမှာ ကိုယ်ကာယလှုပ်ရှားမှု တွေပြုလုပ်ခြင်းက ကျန်းမာတဲ့အလေးချိန်ကို ထိန်းသိမ်းထားပေးနိုင်ပါတယ်။ ဒီလိုအစားအစာတွေထဲမှာ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အနှံနဲ့ နို့ထွက်ပစ္စည်းတွေပါဝင်ပါတယ်။

အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ လုံးတီးအနှံတွေနဲ့ အဆီနည်းပရိုတိန်းတွေဟာ အမျိုးသားတွေအတွက် အရည်အသွေးအကောင်းဆုံးသုက်ပိုးတွေကိုထုတ်ပေးနိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓါတ်တွေချို့တဲ့ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် စီနဲ့ အီး၊ ဇင့်နဲ့ ဖောလစ်အက်ဆစ်တွေကလည်း အထူးအရေးကြီးလှပါတယ်။ ဆေးကောင်တာတွေမှာဝယ်ယူရရှိနိုင်တဲ့အားဆေးတွေဖြစ်တဲ့ အမျိုးသားများအတွက် Fertil Aid နဲ့ Fertility Blend for Menတွေမှာ sperm-friendly ဗီတာမင်တွေနဲ့ သတ္တုဓါတ်တွေပါဝင်ပြီး စိတ်ချယုံကြည်စွာသောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေက ကိုယ်ဝန်ရရှိနိုင်မယ့်အခြေအနေတွေကို ဆထက်ထမ်းပိုးတိုးစေနိုင်မယ်လို့ သက်သေပြထားတာတွေတော့မရှိပါဘူး။

အန္တရာယ်ဖြစ်စေမယ့်အရာတွေကို ပြတ်ပြတ်သားသားငြင်းဆန်ပါ။

အရက်အလွန်အကျွံသောက်ခြင်းဟာ သုက်ပိုးဖြစ်ပေါ်မှုနဲ့ လုပ်ဆောင်ချက်တွေ လျော့နည်းသွားမှုနဲ့ဆက်စပ်နေပါတယ်။ အရက်ကိုအသင့်အတင့်သောက်ခြင်းနဲ့ အမျိုးသားတွေရဲ့မျိုးအောင်နိုင်စွမ်းကြားထဲက တိကျတဲ့ဆက်စပ်မှုဟာ ရှင်းရှင်းလင်းလင်း ဖြစ်မနေပေမယ့် ဖခင်လောင်းတွေဟာ အန္တရာယ်ကင်းစေနိုင်ဖို့အတွက် တစ်ရက်ကို အများဆုံးအရက်၂ခွက်ကိုသာ ကန့်သတ်ပြီးသောက်သုံးသင့်ပါတယ်။

ဆေးလိပ်သောက်ခြင်းကလည်း သုက်ပိုးအရေအတွက်ကိုနည်းစေပြီး သုက်ပိုးတွေရဲ့ ရွေ့လျားမှုကိုလည်း နှေးကွေးစေပါတယ်။ သူတို့ရဲ့ကူးခတ်နှုန်းကို ဆထက်ထမ်းပိုးတိုးစေဖို့အတွက် သင့်အမျိုးသားက ဆေးလိပ်သောက်တာကို ရပ်သင့်ပါတယ်။ အတတ်နိုင်ဆုံးအမြန်ရပ်လိုက်တာက ပိုကောင်းနိုင်ပေမယ့် သင်ကိုယ်ဝန်ဆောင်ဖို့ကြိုးစားနေချိန်မတိုင်မီ အနည်းဆုံး၃လအတွင်း ဆေးလိပ်လုံးဝပြတ်သွားဖို့ ရည်မှန်းချက်ထားပြီး ကြိုးစားဖြတ်သင့်ပါတယ်။

သူဟာ ဆေးခြောက်နဲ့ အခြားသော တရားမဝင်ဆေးဝါးတွေကိုလည်း ရပ်လိုက်သင့်ပါပြီ။ သုက်ပိုးတွေဟာ ဒီဆေးဝါးတွေကြောင့်ထိခိုက်နိုင်ပြီး ကိုကိန်း၊ဆေးခြောက်နဲ့အခြားသော မူးယစ်ဆေးဝါးတွေကိုသုံးစွဲနေကြတဲ့ ခင်ပွန်းသည်ရှိတဲ့အမျိုးသမီးတွေဟာ ကိုယ်ဝန်ပျက်ကျနိုင်ချေပိုများပါတယ်။

ကပ်ပယ်အိတ်ကို အေးနေပါစေ။

အမျိုးသားတစ်ယောက်ရဲ့ ကပ်ပယ်အိတ်တွေပူလွန်းတဲ့အခါမှာ သုက်ကောင်တွေကိုပျက်စီးစေနိုင်ပါတယ်။ ဒါဟာ ကပ်ပယ်အိတ်တွေက ခန္ဓါကိုယ်အပြင်ဘက်မှာရှိနေရခြင်းရဲ့အကြောင်းရင်းပါပဲ။ ဒါကြောင့် သူတို့ကို ကျန်တဲ့ခန္ဓါကိုယ်အစိတ်အပိုင်းတွေထက် အနည်းငယ်ပိုအေးတဲ့ဒီဂရီတွေမှာ ရှိနေပါစေ။ သင့်အမျိုးသားဟာ ချွေးထုတ်ခြင်း၊ ရေပူစိမ်ခြင်းနဲ့ super hot baths တွေကို မပြုလုပ်တာသေချာပါစေ။ ဒါ့အပြင် အရမ်းကိုကြပ်နေတဲ့အဝတ်အစားတွေ ဥပမာ စက်ဘီးစီးဘောင်းဘီလိုမျိုး မဝတ်စေခြင်းက ပိုကောင်းပါလိမ့်မယ်။

တကယ်လို့ အမျိုးသားတစ်ယောက်က တောင်တက်စက်ဘီးစီးခြင်းကို မိုင်အတော်များများသွားခဲ့ပြီဆိုရင် သူ့မှာ ကပ်ပယ်အိတ်ပျက်စီးခြင်းဖြစ်စေနိုင်ပြီး ကလေးရနိုင်ချေကို လျှော့ချပစ်လိုက်ပါတယ်။ အနားယူဖို့မကြာခဏရပ်ခြင်း၊ အခုအခံပါတဲ့ စက်ဘီးစီးဘောင်းဘီတိုဝတ်ခြင်းနဲ့ အခုအခံပါတဲ့ထိုင်ခုံကို သုံးခြင်းတွေဟာ အဆိုပါအမျိုးသားက လမ်းကြမ်းစက်ဘီးစီးသမား (road biker)ဖြစ်နေပါစေ အထက်ပါပြဿနာတွေကိုလျှော့ချပေးနိုင်ပါတယ်။

ကျန်းမာရေး စစ်ဆေးပေးပါ။

ဆရာဝန်ထံမှာ Preconception check-up (ကြိုတင်စစ်ဆေးခြင်း)ပြုလုပ်ထားတာဟာ အမျိုးသားရော အမျိုးသမီးအတွက်ပါကောင်းမွန်ပါတယ်။ ဒီစစ်ဆေးမှုဟာ ကျန်းမာရေးနဲ့ပတ်သက်တဲ့အချက်တွေအပြင် ကိုယ်ဝန်ဆောင်နိုင်မယ့်အခွင့်အလမ်းမြင့်မားလာဖို့ ဘာတွေလုပ်နိုင်မလဲဆိုတဲ့ ယေဘုယျအကြံဉာဏ်အချို့ကို ပေးစွမ်းနိုင်ပါတယ်။ ဆရာဝန်တွေဟာ မိသားစုရာဇဝင်ကိုပြန်ကြည့်တာမျိုးနဲ့ ကိုယ်ဝန်ဆောင်နိုင်ချေ တိုးတက်လာဖို့ ဘာတွေလုပ်ပေးနိုင်မယ်ဆိုတာကို သေချာအကြံဉာဏ်ပေးနိုင်ပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Maintain Healthy Sperm for Maximum Fertility. http://www.fitpregnancy.com/pregnancy/getting-pregnant/little-swimmers

10 Ways He Can Have Better Baby-Making Sperm. http://www.parents.com/getting-pregnant/trying-to-conceive/tips/better-babymaking-sperm-healthy/?slideId=30950

 

ယခုပုံစံ

12/05/2020

Wathun Myat Chal မှ ရေးသားသည်။

Chan Myae မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပြောင်းပြန်သုက်လွှတ်ခြင်း၊ ဆီးအိမ်ထဲသို့ သုက်ဝင်သွားသည့်အခါ

သုက်ပိုးစွမ်းရည် မြင့်တက်စေသော အထူး အစားအစာများ



Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement