

အခုဆို ကလေးလေးက အောက်ကို ဆင်းလာပြီး ဆီးအိမ်ကို ဖိလာတာကြောင့် ဆီးခဏ ခဏ သွားနေမှာပါ။
သားသားလေး ဆိုရင်တော့ မွေးလာပြီး မကြာခင် လိင်တံထိပ်ကို ဖြတ် မဖြတ် ဆုံးဖြတ်နိုင် ပါပြီ။ တချို့က ဒါကို ဘာသာရေး အယူအဆ အရ လုပ်ကြတယ်။ တချို့လည်း မလုပ်ချင်ကြဘူး ပေါ့နော်။ ကလေး ဘဝမှာ လိင်တံထိပ် ဖြတ်တာက မြန်လည်း မြန်ပြီး အနာကျက်တာလည်း မြန်ပါတယ်။
မွေးဖို့ ရက်ချိန်း ကျော်သွားရင် အနီးကပ် စောင့်ရှောက်ရေးတွေ လုပ်ရပါတယ်။ မေမေ တွေရဲ့ ကျန်းမာရေး အခြေအနေ၊ ကလေး ကျန်းမာရေး အခြေအနေကို စောင့်ကြည့် မှာပါ။ ရက်ချိန်းက တစ်ပတ်လောက် ကျော်သွား ပြီဆို ကလေး နှလုံးခုန်သံကို စက်နဲ့ တိုင်းတာ၊ အာထရာဆောင်းရိုက်ပြီး လှုပ်ရှားမှုတွေ စစ်ဆေးတာ၊ ရေမြွာရည် ပမာဏ စစ်တာတွေ လုပ်ရ ပါမယ်။
ကလေးလေးက သားအိမ် ထဲမှာ ဘယ်လို အနေအထား နဲ့ ရှိလဲ ဆိုတာ သိဖို့ ဆရာဝန်က စစ်ဆေးရ ပါမယ်။ များသော အားဖြင့်တော့ ခေါင်းနဲ့ မွေးတာက ဆုံနဲ့ မွေးတာထက် ပိုလွယ်ပါတယ်။ ဒါ့ပြင် ကိုယ်ဝန်ဆောင် မိခင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လိုအပ်တာတွေလည်း စစ်ဆေးဦးမှာပါ။
ကိုယ်ဝန်ဆောင် ချိန်မှာ သက်သောင့်သက်သာ မဖြစ်တဲ့ ဝေဒနာတွေ သက်သာဖို့ ဆေးသောက်ရ တတ်ပါတယ်။ ဥပမာ အကိုက်အခဲပျောက်ဆေးတွေ၊ အဖျားကျဆေး တွေပါ။ ဆေးတွေ သောက်မယ် ဆိုရင် ဆရာဝန်နဲ့ အရင် တိုင်ပင်သင့် ပါတယ်။ တချို့ဆေးတွေက ကိုယ်ဝန်ကို ထိခိုက် စေနိုင် ပါတယ်။
နောက်အပတ် ရောက်ရင် ဆက်တွေ့မယ်နော်။