backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

34 ပတ်

34 ပတ် မှာကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်

34 ပတ် မှာတော့ သခွားမွှေးသီး အလုံးလောက်ရှိပြီး ၂.၁၃ ကီလို ၄၅ စင်တီမီတာရှိပါပြီ။ အခုချိန်ကစပြီး ကလေးက မွေးဖို့ အနေအထားကို ပြောင်းပါပြီ။ ကလေးလေးက ခေါင်းနဲ့ မွေးမှာလား၊ ဆုံနဲ့ မွေးမှာလားဆိုတာ ဆရာဝန်က ပြောပြမှာပါ။

34 ပတ်

ကိုယ်ဝန်ဆောင်ချိန်မှာ ကယ်ဆီယမ်ဓာတ် အလုံအလောက်ရဖို့ လိုပါတယ်။ ဘာလို့ဆို ကလေးက သူ့အရိုးလေးတွေ သန်မာဖို့ မေမေတွေဆီက ကယ်ဆီယမ်တွေယူနေလို့ပါ။ ကယ်ဆီယမ်အလုံအလောက်မရရင် ကလေးလေးက သတ္တုဓာတ်တွေကို လိုရင်လိုသလို မေမေတို့ရဲ့ အရိုးဆီကယူတာဆိုတော့ မေမေတို့တွေရဲ့ အရိုးကို ထိခိုက်နိုင်ပါတယ်။ ကလေးလေးကို အုပ်ထားတဲ့ ဖယောင်းလွှာက ပိုထူလာပြီး မွေးညှင်းလေးတွေလည်း အကုန်ပျောက်ခါနီးပါပြီ။

ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ

ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

ပထမ ၃ လပတ်တုန်းကလောက်တော့မဟုတ်ပေမယ့် ဒီအပတ်မှာ မောတာ ပြန်ဖြစ်လာမှာပါ။ ခန္ဓာကိုယ်က တင်းထားရပြီး အပေါ့ခဏခဏသွားရလို့ အိပ်လို့မရတဲ့ညတွေနဲ့ သက်သောင့်သက်သာရှိအောင်ဆိုပြီး ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်ဆိုတော့ ပင်ပန်းတော့တာပေါ့။ ဒီအချိန်ကစပြီး မွေးဖို့အတွက်ကို အားတွေ မွေးထားသင့်ပါပြီ။

အကြာကြီးထိုင်ထား၊ အိပ်ထားရင် ရုတ်တရက်မထလိုက်ပါနဲ့။ ရုတ်တရက်ထလိုက်တော့ သွေးတွေက ခြေထောက်မှာ စုအိုင်ပြီး သွေးပေါင်ကျနိုင်လို့ ခေါင်းမူးစေနိုင်ပါတယ်။ ဗိုက်၊ ပေါင်၊ တင်ပါးတွေမှာ နီပြီး ယားလာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တတ်ပြီး အန္တရာယ်မရှိနိုင်ပေမယ့် နေရထိုင်ရခက်စေပါတယ်။

ဆရာဝန်ဆီတော့သွားပြကြနော်။ ဘာမှမဖြစ်ဘူးဆိုတာ သေချာလား။ ဖြစ်နေရင် အရေပြားဆရာဝန်ဆီ လွှဲပေးလို့ရအောင်ပါ။ တစ်ကိုယ်လုံးယားလာရင်လည်း ဆရာဝန်ပြကြနော်။ အရေပြား ပြဿနာမဖြစ်ရင်တောင် အသည်းပြဿနာဖြစ်ချင်ဖြစ်နိုင်ပါတယ်။

34 ပတ် မြောက်မှာ သိသင့်သိထိုက်တာလေးတွေ

ကိုယ်ဝန်ဆောင် ၈၅%လောက်က အချွဲတွေ မထွက်ဘဲ မွေးပါတယ်။ ၁၅%နှုန်းကတော့ မမွေးခင် အချွဲတွေကျပြီး မွေးတတ်ပါတယ်။ ရေမြွာပေါက်တာတောင် ကလေးလေးရဲ့ ခေါင်းက သားအိမ်ဝကို ပိတ်ပြီး ရေမြွာရည်တွေ အကုန်ထွက်မသွားအောင် ထိန်းပေးပါတယ်။

ဆရာဝန်ဆီ သွားပြရအောင်

ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ

နောက်တစ်ခါ ဆရာဝန်ဆီသွားရင် မီးဖွားတာနဲ့ပတ်သက်ပြီး အကုန်မေးထားသင့်ပါတယ်။ သိချင်တဲ့ အချက်တွေကို ရေးမှတ်ထားပါ။ ခုချိန်ကစပြီး ကလေးမွေးဖို့ လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း စုဆောင်းထားသင့်ပါပြီ။

ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲ ဆက်လေ့လာရအောင်

ဒီအပတ်ဆို ဆေးခန်းကို ခပ်စိတ်စိတ်သွားပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။ လိုအပ်တာပေါ် မူတည်ပြီး အောက်ပါစစ်ဆေးမှုကိုလုပ်ပါလိမ့်မယ်။

  • ကိုယ်အလေးချိန် (ဒီအခါမှာတော့ တချို့မေမေတွေက ကိုယ်အလေးချိန် မတက်တော့ဘဲ ကျပါကျနေတတ်ပါတယ်)
  • သွေးပေါင်ချိန် (ဒုတိယ၃လပတ်ထက် ပိုများနိုင်ပါတယ်)
  • ဂလူးကိုးစ်နဲ့ ပရိုတင်းအတွက် ဆီးစစ်ခြင်း
  • ခြေလက်ရောင်မရောင်၊ သွေးပြန်ကြောတွေ ဖောင်းနေလားစစ်ခြင်း
  • သားအိမ်ထိပ် အမြင့်တိုင်းခြင်း
  • သန္ဓေသားနှလုံးခုန်နှုန်း စစ်ခြင်း
  • သန္ဓေသားအရွယ်နဲ့ ခေါင်းကမွေးမလား၊ ဆုံနဲ့ မွေးမလားစစ်ဆေးခြင်း

ကျန်းမာဘေးကင်းအောင်နေကြမယ်

ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ

ရေကူးမယ်ဆိုရင်တော့ သန့်ရှင်းပြီး ကလိုရင်းခတ်ထားတဲ့ကန်မှာ ကူးနိုင်ပါတယ်။ ကိုယ်ဝန်ရင့်လာရင် ရေထဲမှာနေပြီး ဝန်ပေါ့သွားတာကို မေမေတို့တွေ သဘောကျနေမှာပါ။ ကလိုရင်း ခတ်ထားတဲ့ကန်မှာ ရေကူးလို့ ကလေးကို ထိခိုက်နိုင်တယ်လို့ ရှာတွေ့ထားတာမရှိပါဘူး။ ကလိုရင်းမခတ်ထားမှ ပိုအန္တရာယ်များပါတယ်။ အဲလိုကန်တွေမှာ ကူးရင် အရေပြားရောဂါတွေပါ ဖြစ်နိုင်ပါတယ်။

၃၅ ပတ်မြောက်ရောက်ရင် ဆက်တွေ့မယ်နော်။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Poppy seed to pumpkin: How big is your baby?
http://www.babycenter.com/slideshow-baby- size. Accessed March 30, 2015.

Pregnancy calendar week34. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week34.html.
Accessed March 30, 2015.

Your pregnancy: 34 weeks. http://www.babycenter.com/6_your-pregnancy- 34-weeks_1123.bc.

Accessed March 30, 2015.

ယခုပုံစံ

02/02/2024

Hmwe San Eain မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ

35 ပတ်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hmwe San Eain မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/02/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ