backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

29 ပတ်

29 ပတ်
29 ပတ်

29 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်

29 ပတ် ကျတော့ ခေါင်းကနေ ဖနောင့်အထိကို ၁.၁ ကီလို ၃၉.၃ စင်တီမီတာလောက်ရှိပါပြီ။ ကလေးက လှုပ်တာ ပိုသိသာလာပါတယ်။ အစက နည်းနည်းလေးလှုပ်ရာကနေ အခုဆို မေမေတို့ အသက်ရှူအောင့်လောက်အောင် ထိုးတတ်နေပါပြီ။ ကလေးလေးက၂၄ နာရီကို အနည်းဆုံး ၁၀ ကြိမ် လှုပ်ရမှာပါ။ ကလေးလေးလှုပ်တာနည်းလာတယ်လို့ သတိထားမိရင် လှုပ်တာကို ရေထားပါ။ နည်းနေရင်တော့ ဆရာဝန်ဆီသွားပြကြပါ။

ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ

ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

အရင်က ရင်ပူရင်ဆာဖြစ်တာ၊ ဝမ်းချုပ်တဲ့ လက္ခဏာတွေ ပြန်ပေါ်လာလို့ နေရထိုင်ရတာ မသက်မသာဖြစ်နေလောက်ပြီပေါ့။ အကြောင်းကတော့ ကိုယ်ဝန်ဟော်မုန်းပရိုဂျက်စတုန်းက ကြွက်သားတွေကို ဖြေလျှော့လိုက်တာ အစာအိမ်အူလမ်းကြောင်းက ကြွက်သားတွေပါ ပါသွားလို့ပါ။ ဒါကြောင့် မကြာခဏ လေတက်ပြီး မအီမသာဖြစ်စေတဲ့အပြင် ဝမ်းပါချုပ်စေပါတယ်။

ကြီးထွားလာတဲ့ သားအိမ်ကလည်း လိပ်ခေါင်းဖြစ်နိုင်ခြေကို များပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ စအိုဝတစ်ဝိုက်က သွေးကြောတွေ ဖောင်းလာတတ်ပါတယ်။ ကံကောင်းတာက ဒီသွေးကြောတွေက မွေးပြီးတဲ့အပတ်ကျရင် သက်သာသွားမှာဆိုတော့ သိပ်တော့စိတ်ပူစရာမလိုပါဘူး။

29 ပတ် မြောက်မှာ သိသင့်သိထိုက်တာလေးတွေ

ကိုယ်ဝန်ဆောင်ကာလဆုံးခါနီးဆိုတော့ ကလေးလေးလှုပ်တာ နည်းလာနိုင်ပါတယ်။ ဘာလို့ဆို ကလေးလေးက ကြီးလာပြီးတော့ အထူးသဖြင့် ခေါင်းက မွေးလမ်းကြောင်းထဲဝင်သွားတဲ့အခါ နေရာကျဉ်းသွားလို့ပါ။ နောက်ဆုံး ၃ လမှာ လှုပ်ရှားမှုနည်းတာက အချင်းနဲ့ ချက်ကြိုးမှာ ပြဿနာရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ ကလေးလှုပ်တာ နည်းတယ်လို့ သံသယရှိရင် သေချာအောင် ဆရာဝန်ဆီ သွားစစ်ဆေးကြည့်ကြနော်။

ဆရာဝန်ဆီ သွားပြရအောင်

ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ

လှုပ်တာနည်းလို့ စိတ်ပူရင်တော့ ဆရာဝန်ဆီ သွားပြနိုင်ပါတယ်။ ဆရာဝန်က ကလေးလေး နောက်ဆုံးလှုပ်တဲ့အချိန်၊ နာရီအနည်းငယ်အတွင်းမှာ ဘယ်နှစ်ကြိမ်လှုပ်လဲဆိုတာ မေးပါလိမ့်မယ်။ စိတ်မပူပါနဲ့။ ဆရာဝန်က ကလေးအခြေအနေသိဖို့မေးတာပါ။ တကယ်လို့ ကလေးအတွက် မကောင်းရင် ဆရာဝန်က ကြိုမွေးခိုင်းတာ ဒါမှမဟုတ် တခြားနည်းတွေ ညွှန်းပါလိမ့်မယ်။

ဗိုက်မှာ၊ မျက်နှာမှာ၊ လည်ပင်းမှာ၊ ရင်သားနဲ့ လက်မောင်းတွေမှာ သွေးကြောတွေ ပြတ်တာဖြစ်တတ်ပါ တယ်။ မွေးပြီးရင်တော့ ပျောက်သွားမှာပါနော်။ ကိုယ်ဝန်ကြောင့် သွေးအားကောင်းလာလို့ပါ။

ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲ ဆက်လေ့လာရအောင်

နောက်လကစပြီး ဆရာဝန်ဆီ ခပ်စိတ်စိတ်လေး သွားရတော့မယ်နော်။  ၂ ပတ်တစ်ကြိမ်ကနေ နောက်ပိုင်း ၁ ပတ်တစ်ကြိမ် စသဖြင့် မွေးတဲ့ အထိသွားရမှာပါ။ ဆရာဝန်က ကလေးလှုပ်ပုံလှုပ်နည်းတွေပါ မေးပါလိမ့်မယ်။ ဘယ်ချိန်လှုပ်ပြီး ဘယ်ချိန်မလှုပ်ဘူးလဲ။ သားအိမ်အရွယ်အစားလည်း အရင်ကလို ဆက်စစ်ရဦးမယ်နော်။

ကျန်းမာဘေးကင်းအောင်နေကြမယ်

ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ

  • ဆံပင်လုပ်တာရော

ကိုယ်ဝန်ရှိနေတုန်း ဆံပင်လုပ်ချင်နေလား မေမေတို့ရေ။ လုပ်လို့ရပါတယ်နော်။ ဒါပေမယ့် ကိုယ်ဝန်ဟော်မုန်းတွေက ဆံပင်ကိုအပြောင်းအလဲ ဖြစ်စေနိုင်လို့ ဆံပင်တစ်ခုခုလုပ်လိုက်ရင် ဆံပင်ကိုထိခိုက်တာမျိုးတော့ ဖြစ်နိုင်ပါတယ်။ ဓာတုပစ္စည်းတွေလည်း အလွန်အကျွံ အသုံးမပြုဖို့ မှာချင်ပါတယ်။

ခဲပါတဲ့ ပစ္စည်းတွေကို ရှောင်ရမယ်နော်။ ခဲပါတာတွေ စားမိတာ၊ ခဲနဲ့ ထိတွေတာ၊ ခဲနဲ့ အလုပ်လုပ်နေရတာ၊ ပန်းချီကားတွေ၊ ခဲပါတဲ့ အလှကုန်ပစ္စည်းတွေက အန္တရာယ်ရှိပါတယ်။ မေမေတို့ရေ ကိုယ်ဝန်ဆောင်ချိန်မှာ ခဲနဲ့ ထိတွေ့တာက ပျက်ကျတာ၊ ကလေးကို ဉာဏ်ရည်နိမ့်တာမျိုး ဖြစ်စေနိုင်တာကြောင့် သတိထားသင့်တယ်နော်။

အပတ် ၃၀ မြောက်ရောက်ရင် ဆက်တွေ့မယ်နော်။

ရေးသားသူ- Hmwe San Eain

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Poppy seed to pumpkin: How big is your baby?
http://www.babycenter.com/slideshow-baby- size.

Pregnancy calendar week29. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week29.html.

Your pregnancy: 29 weeks. http://www.babycenter.com/6_your-pregnancy- 29-weeks_1101.bc. Ngày truy cập 30/03/2015.

 

ယခုပုံစံ

02/02/2024

Hmwe San Eain မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hmwe San Eain မှ ရေးသားသည်။ · 02/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement