backup og meta

ကိုယ်ဝန်သည် ဒူးရင်းသီးစားလို့ရသလား

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်သည် ဒူးရင်းသီးစားလို့ရသလား

    ကျန်းမာပြီး မျှတတဲ့ အစားအသောက်ကို စားသုံးခြင်းဟာ ကလေးငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို တိုးတက်စေတာမို့ ကိုယ်ဝန်ဆောင်မိခင်တိုင်းအတွက် အရေးကြီးပါတယ်။ ဒါပေမယ့် အချို့အစားအစာတွေဟာ မိခင်တွေ ကျန်းမာနေပေမယ့် ရှောင်ကြဉ်သင့်ပါတယ် (ဥပမာ ဆူရှီ သို့ ဆေးဖက်ဝင်လက်ဖက်ရည်)။

    ဒါဆို ဒူးရင်းသီးကရော။ ဒူးရင်းသီးကို ကိုယ်ဝန်ဆောင်စဉ်မှာ ဘယ်တော့မှ မစားသင့်ဘူးလို့ ယုံကြည်ခဲ့ကြဖူးပါတယ်။ ဒါပေမယ့် ဆရာဝန်တွေက ဒီလို အငြင်းပွားဖွယ် ကိစ္စအတွက် နောက်ဆုံးအဖြေကို ဖေါ်ထုတ်နိုင်ပြီ ဖြစ်ပါတယ်။

    ဒူးရင်းသီးရဲ့ ကောင်းကျိုးများ

    ဒူးရင်းသီးဟာ ထူးဆန်းပြီး အရသာရှိရုံမျှမက သူ့မှာ အာဟာရဓါတ်များစွာ ပါဝင်တာကြောင့် လူကြိုက်များလှပါတယ်။ ဒူးရင်းသီး ၁၀၀ ဂရမ်တိုင်းမှာ ဗီတာမင်စီ ၃၃ ရာခိုင်နှုန်း၊ Thiamine ၃၁ ရာခိုင်နှုန်း၊ ဗီတာမင် ဘီ ၆ ၂၄ ရာခိုင်နှုန်း အသီးသီး ပါဝင်ပါတယ်။

    သူ့မှာ Folates၊ riboflavin၊ niacin၊ pantothenic acid နဲ့ ဗီတာမင်အေ များစွာ ပါဝင်ပါတယ်။ ဒီအရာတွေဟာ အသက်ကြီးရင့်မှုကို တားမြစ်ပေးပြီး ကိုယ်ခန္ဓါက ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးနဲ့ အရေးကြီးတဲ့ ဓါတ်တိုးပစ္စည်း တွေကို တိုက်ထုတ်ပေးပါတယ်။

    ဒူးရင်းသီးမှာ သတ္တုဓါတ်တွေ ဖြစ်တဲ့ ကော့ပါး ၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောရပ်စ်၊ ဇင့် ၊manganese နဲ့ သံဓါတ် ကြွယ်ဝစွာ ပါဝင်ပြီး သွေးနီဥ (ဟေမိုဂလိုဘင်) ထုတ်လုပ်မှုကို အားပေးပါကာ အိပ်စက်ခြင်း အရည်အသွေးကို တက်စေပြီး စိတ်ကျခြင်းကို သက်သာစေပါတယ်။

    ဒူးရင်းသီးမှာ ပိုတက်စီယမ် မြောက်မြားစွာ ပါဝင်ပြီး ကယ်လ်စီရမ် အနည်းငယ် ပါဝင်တာမို့ အရိုးကျန်းမာရေးအတွက် အကျိုးရှိပါတယ်။ ပိုတက်စီရမ်ဟာ ကိုယ်ခန္ဓါအတွင်းမှာရှိတဲ့ ဆိုဒီယမ်တွေကို ထိန်းညှိပေးခြင်းအားဖြင့် အရိုးအတွင်းမှ ကယ်လ်စီရမ်တွေ ဆီးအတွင်းပါသွားမှုကို ကာကွယ်ပေးတာကြောင့် အရိုးပွခြင်း၊ အရိုးကျိုးခြင်းတွေကို သက်သာစေပါတယ်။

    ပိုတက်စီရမ် များခြင်းဟာ နှလုံးသွေးကြောစနစ်ကို ကောင်းမွန်စေပြီး သွေးပေါင်ကျဆင်းစေကာ ဦးနှောက်ကို အောက်စီဂျင်ပါတဲ့ သွေးစီးဆင်းမှုကို တိုးတက်စေပါတယ်။

    ဒူးရင်းသီးဟာ အူလှုပ်ရှားမှုကို မြင့်တက်စေတဲ့ အမျှင်ဓါတ်ပါဝင်တာကြောင့် ဝမ်းလျှောခြင်းနဲ့ ဝမ်းချုပ်ခြင်းတွေကို ကာကွယ်ပေးပြီး အစာခြေလမ်းကြောင်းအတွက် ကောင်းမွန်စေပါတယ်။

    ဘာလို့အချို့လူတွေက ကိုယ်ဝန်ဆောင်ချိန်မှာ ဒူးရင်းသီး စားခြင်းကို တားမြစ်ကြတာလဲ။

    ကမ္ဘာ့နေရာ အနှံ့အပြားမှာ အထူးသဖြင့် အာရှနိုင်ငံတွေမှာ ဒူးရင်းသီးစားခြင်းဟာ မမွေးသေးတဲ့ကလေးကို ဆိုးကျိုးတွေ အများကြီးဖြစ်စေတယ်လို့ ကိုယ်ဝန်ဆောင်တွေက ယူဆကြပါတယ်။ ဒူးရင်းသီးမှာပါတဲ့ သကြားဓါတ်၊ ကာဗိုဟိုက်ဒရိတ်နဲ့ အရက်တွေဟာ မိခင်ရဲ့ ကိုယ်ခန္ဓါ အပူချိန်ကို သိသိသာသာ မြင့်တက်စေတာကြောင့် ကလေးငယ်ဟာ ဒီအပူချိန်ကို မခံနိုင်တဲ့အခါ သေနိုင်တယ်လို့ ဆိုကြပါတယ်။

    ဒါ့ပြင် ဒူးရင်းသီးဟာ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဆီးချို၊ နှလုံးရောဂါနဲ့ ကိုလက်စထရော တက်ခြင်းကို ဖြစ်စေတယ်လို့ ဆိုကြပါတယ်။ ဒူးရင်းသီးမှာပါတဲ့ arachidonic acid ဟာ မိခင်တွေမှာ သားအိမ်ကျုံ့ခြင်းကို ဖြစ်စေပြီး ကလေးငယ်ကို အချိန်မတိုင်ပဲ မွေးနိုင်တယ်လို့ ဆိုကြပါတယ်။

    ဆရာဝန် ရှင်းပြချက်

    ယုံကြည်ထားကြသလိုမျိုး ဒူးရင်းသီးဟာ ကိုလက်စထရော မပါဝင်ပဲ ကိုလက်စထရောဓါတ်ကို တက်စေခြင်း မရှိဘူးလို့ ဆိုကြပါတယ်။ ဒူးရင်းသီးမှာ ပါဝင်တဲ့ အဆီဟာ မိုနို မပြည့်ဝဆီ တွေဖြစ်ပြီး သူတို့ဟာ ကိုယ်ခန္ဓါက ကိုလက်စထရောဓါတ်တွေကို လျှော့ချပေးတဲ့ ကျန်းမာစေတဲ့ အဆီပဲဖြစ်ပါတယ်။

    ဒီလိုအဆီမျိုးကို အသား၊ ငါးနဲ့ သံလွင်ဆီတွေမှာလည်း တွေ့ရပါတယ်။ ဒူးရင်းသီးမှာပါတဲ့ arachidonic acid ဟာလည်း ပဲပိစပ်ဆီ၊ ပြောင်းဖူးဆီ နဲ့ အဆီများတဲ့ ငါးတွေဖြစ်တဲ့ ဆယ်လ်မွန် နဲ့ မက်ကရယ် တွေမှာ ပါတဲ့ ကျန်းမာစေတဲ့ အဆီတစ်မျိုးဖြစ်ပါတယ်။

    ဒါပေမယ့် ဒူးရင်းသီးတွေမှာ သကြားဓါတ်နဲ့ ကာဗိုဟိုက်ဒရိတ်ဓါတ် အများအပြားပါဝင်တယ်ဆိုတဲ့ အချက်ကတော့ မှန်ကန်ပြီး အလွန်အကျွံစားသုံးသူတွေမှာ ရောဂါဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်စားသုံးသူတွေအနေနဲ့ ဒူးရင်းသီးဟာ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ချရတယ်လို့ ဆိုနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement