backup og meta

ကိုယ်ဝန်ဆောင်ခြင်း နှင့် အလှအပပိုင်းဆိုင်ရာနည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ခြင်း နှင့် အလှအပပိုင်းဆိုင်ရာနည်းလမ်းများ

    သင်သည် ကိုယ်ဝန်ဆောင်ရပြီ ဆိုလျှင် ဟော်မုန်းဓါတ်များ အပြောင်းအလဲဖြစ်မှုကြောင့် ခန္ဓါကိုယ်ပုံစံနှင့် စိတ်အခြေအနေတို့ နေ့စဉ်နှင့် အမျှ ပြောင်းလဲနေမည်ဖြစ်သည်။

    ကိုယ်ဝန်ဆောင်ချိန်တွင် ဆောင်ရန် ရှောင်ရန်များကို သင်သည် လေ့လာပြီးသားဖြစ်နိုင်သော်လည်း အလှကုန်ပစ္စည်းများသုံးစွဲမှုနှင့် ပက်သက်ပြီး သင့်ကိုယ်ဝန်ကို ထိခိုက်နိုင်ခြင်းမရှိဟု သင်ထင်ချင် ထင်နေပါလိမ့်မည်။ အောက်ပါတို့သည် ကိုယ်ဝန်ဆောင်ချိန်တွင် ဆောင်ရန်ရှောင်ရန် အလှအအပရေးရာများဖြစ်ပါသည်။

    သွားဖြူဆေးများ

    သွားဖြူဆေးများတွင် ပါဝင်သော peroxide ဓါတ်ပစ္စည်းများသည် အရွယ်ရောက်သူများအတွက် အန္တရာယ်မရှိသော်လည်း ကိုယ်ဝန်ဆောင်များတွင် ဘေးဥပါဒ်ဖြစ်စေကြောင်းတိကျသော အထောက်အထားများမရှိပါ။

    ချီကာဂို ရှိ ဆေးကျောင်းမှ သားဖွားမီးယပ်နည်းပြ MD. Dayna Salasche ၏ ပြောကြားချက်အရ သွားများကို သန့်ရှင်းစေရန် သွားဖြူဆေးသုံးမည့်အစား သွားဆရာဝန်နှင့် မှန်မှန်သွားပြသင့်ကြောင်းဆိုပါသည်။

    ဆံပင်ဖြန်းဆေးများနှင့် လက်သည်းဆိုးဆေးများ

    ဆံပင်ဖြန်းဆေးများနှင့် လက်သည်းဆိုးဆေးများတွင်ပါဝင်သော Phhtalate ဓါတ်သည် ကလေးများကို မွေးရာပါချို့ယွင်းချက်များဖြစ်စေခြင်း၊ အမျိုးသားလိင်အင်္ဂါဖွံ့ဖြိုးမှုကို အနှောင့်အယှက်ပေးနိုင်သော ပစ္စည်းများပါဝင်ခြင်းတို့ရှိကြောင်း တိရိစ္ဆာန်းများတွင် စမ်းသပ်တွေ့ရှိရသည်။

    ထို့ကြောင့် Phhtalate ဓါတ်မပါသော ဆံပင်ဖြန်းဆေးများနှင့် လက်သည်းဆိုးဆေးများကို ရွေးချယ်သုံးစွဲခြင်း၊ ယင်းတို့ကို လေဝင်လေထွက်ကောင်းသော နေရာများတွင်ထားခြင်း တို့ပြုလုပ်သင့်သည်။ သို့မဟုတ် အခြားဆံပင်ပုံသွင်းဆေးများ၊ ဂျယ်လ်များကို သုံးသင့်သည်။

    နှုတ်ခမ်းနီများ

    ခဲကို နှုတ်ခမ်းနီအတော်များများတွင် ကြာရှည်ခံစေရန် ထည့်သွင်းဖော်စပ်ထားကြသည်။ အရ ၂၀၀၇ ခုနှစ်တွင် အလှကုန်များနှင့် ပက်သက်သည့် လေ့လာမှုများအရ ၆၁% သော အလှကုန် တံဆိပ်များတွင် ခဲပါဝင်ကြောင်းတွေ့ရသည်။

    ထို့ကြောင့် စိတ်ချရစေရန် ခဲမပါသော၊ သဘာဝပစ္စည်းများဖြင့် ထုတ်လုပ်ထားသော နှုတ်ခမ်းနီးများကို သုံးစွဲပါ။ မသုံးမီတွင် ဆရာဝန်နှင့် အရင်တိုင်ပင်ပါ။

    ခရင်မ်များ လိမ်းခြင်း

    ယေဘူယျအားဖြင့် နေရောင်ကာခရင်မ်များ၊ BB, CC စသည့် မိတ်ကပ်ခရင်မ်များ၊ အရေးအကြောင်းပျောက်ခရင်မ်များတွင် ပါဝင်သော ပစ္စည်းများသည် သင့် သန္ဓေသားကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် မည်သည့်အလှကုန်ကို မဆို မသုံးမီတွင် ဆရာဝန်အားမေးမြန်းသင့်သည်။

    Botox ထိုးခြင်း

    သင်သည် ဗိုက်ထဲမှကလေးကို မမွေးရသေးခင် Botox ထိုးခြင်းကို မေ့ထားလိုက်ပါ။ အလွန်ပင် အန္တရာယ်ရှိစေနိုင်သော ထိုးဆေးဖြစ်သည်။ ကိုယ်ဝန်ဆောင်ချိန်တွင် ထိုထိုးဆေးကို ထိုးသော ကုသမှုများကိုလည်း အားပေးသူမရှိပါ။

    ဆံပင်အရောင်ဆိုးခြင်း

    အချို့သော ဆရာဝန်များက ကိုယ်ဝန်ဆောင်ချိန်တွင် ဆံပင်ဆိုးဆေးများကို ရှောင်ရန် ပြောသော်လည်း အချို့ကမူ အနည်းငယ်အသုံးပြုနိုင်သည်ဟုဆိုပါသည်။ ဆံပင်ဆိုးဆေးတွင် လူကို အဆိပ်အတောက်ဖြစ်စေနိုင်သော အမိုးနီးယားဓါတ်ပါဝင်ပြီး ယင်းသည် အရေပြားထဲသို့စိမ့်ဝင်ကာ အန္တရာယ်ဖြစ်စေနိင်သည်။

    အချုပ်ဆိုရသော် သင်သည် ကိုယ်ဝန်ဆောင်ချိန်တွင် မည်သည့်အလှကုန်ကို မဆို မသုံးမီတွင် ဆရာဝန်နှင့် တိုင်ပင်မှသာ သင်နှင့် သင့် သန္ဓေသားအတွက် စိတ်ချရမည်ဖြစ်သည်။

    ကိုယ်ဝန်ဆောင်ချိန်တွင် သဘာဝအရင်းအမြစ်မှရသော ထုတ်ကုန်များကိုသာ သုံးစွဲသင့်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement