ကိုယ်ဝန်ဆောင်ခြင်းဟာ သင်ထင်ထားတာထက် ပိုပြီး သင့်ခန္ဓါကိုယ်ကို ပြောင်းလဲပစ်နိုင်ပါတယ်။ ပုခုံးတွေ၊ ကျော်တွေ၊ ခြေထောက်တွေ နာကျင်မှုတွေကို ဖြစ်စေနေိုင်ပါတယ်။ သင့်ရဲ့ Center of gravity ကိုလည်း ပြောင်းလဲပစ်နိုင်တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ချော်လဲလွယ်တာပေါ့။ ကိုယ်ဝန်ဆောင်ယောဂဟာ ဒီပြဿနာတွေအားလုံးအတွက် အဆင်ပြေနိုင်ပါတယ်။ ခန္ဓါကိုယ်ကို ပိုသန်မာစေပြီး မွေးဖွားမယ့်နေ့ထိ ပြင်ဆင်ထားနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကြည့်သင့်တဲ့ ထိပ်တန်းယောဂကျင့်စဉ်တွေကို ဖော်ပြပေးထားပါတယ်။