backup og meta

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်း

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်း

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်း

လိင်ဆက်ဆံရာတွင် စိတ်ကျေနပ်မှုရရှိခြင်းက အိမ်ထောင်ရေးသာယာဖို့ အချက်တစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အချိန်မှာ လိင်ဆက်ဆံမှုက ကိုယ်ဝန်အပေါ် ထိခိုက်မှုရှိနိုင်မလား ဆိုတဲ့စိုးရိမ်မှု အတွက် ဒီဆောင်းပါးမှာ အချက်အလက်တချို့ကိုဝေမျှပေးမှာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်အချိန်မှာ အမျိုးသမီးရော အမျိုးသားများပါ စိုးရိမ်ကြတာက လိင်ဆက်ဆံခြင်းကြောင့် ကလေးနဲ့ မိခင်ကိုထိခိုက်မှု ရှိမှာကို ဖြစ်ပါတယ်။ ကိုယ်ဝန်လရင့်လာတာနဲ့အမျှ လိင်ဆက်ဆံရာမှာ သက်သောင့်သက်သာ မရှိပေမယ့်လည်း ကိုယ်ဝန်ကိုထိခိုက်စေတာမျိုးတော့မရှိပါ။ အဘယ်ကြောင့်ဆိုသော် သားအိမ်ခေါင်းကပိတ်ထားတဲ့အတွက် အမျိုးသားရဲ့ လိင်တံက သားအိမ်အတွင်းသို့မရောက်နိုင်ပါ။ နောက်တစ်ချက်အနေနဲ့ လိင်ဆက်ဆံလို့ ကိုယ်ဝန်ပျက်ကျမှာကို စိုးရိမ်တတ်ကြတယ်။ ဒါပေမယ့် ကိုယ်ဝန်ပျက်ကျမှု အများစုက လိင်ဆက်ဆံတာနဲ့မသက်ဆိုင်ဘဲ သန္ဓေသား ပုံမှန်ဖွံ့ဖြိုးမှုမရှိ၍သာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံရာမှာ အဆင်ပြေဆုံးနဲ့ စိတ်ချရဆုံးဖြစ်မယ့် အနေအထားအချို့ကိုပြောပြပေး မှာဖြစ်ပါတယ်။

ဘေးချင်းယှဉ်လျက်အနေအထား

အမျိုးသမီးက အမျိုးသားနဲ့ မျက်နှာခြင်းဆိုင် ဘေးတစောင်းအနေအထား နှင့် ဆက်ဆံခြင်းက အမျိုးသမီးအတွက် သက်သောင့်သက်သာ အဖြစ်ဆုံးဖြစ်ပါလိမ့်မယ်။ ဗိုက်အပေါ်ကို ကိုယ်အလေးချိန်ဖြင့် ဖိမိခြင်းမရှိနိုင်ပါ။

အမျိုးသမီး အပေါ်မှနေသည့်အနေအထား

ကိုယ်ဝန်လရင့်လာတဲ့အခါမှာ သည်အနေအထားက ပိုသင့်တော်ပါတယ်။ အမျိုးသားရဲ့လိင်တံ အတွင်းသို့ အလွန်မဝင်အောင် သတိထားရမည်။

ကုတင်အစွန်းတွင်ပက်လက်အနေအထား

ကုတင်အစွန်းမှာ ပက်လက်အနေအထားဖြင့် ခြေထောက်ကို အောက်သို့တွဲလောင်းချထားပါ။ အမျိုးသားက မတ်တပ်အနေအထားဖြင့်ဆက်ဆံနိုင်သည်။ မကောင်းတာကတော့ အမျိုးသားအနေနဲ့ အတွင်းသို့ဝင်အောင်ထိုးသွင်းရ ခက်မည်။ ဖြေးဖြေး ညှင်ညှင်သာသာ ဆက်ဆံဖို့ လိုမည်။

ဇွန်းနှစ်ချောင်းထပ်အနေအထား

အမျိုးသမီးက C ပုံစံကွေးနေပြီး အမျိုးသားက နောက်ကျောမှ C ပုံစံကွေးပြီး ဆက်ဆံသည့်အနေအထားက သက်သောင့်သက်သာနဲ့ အဆင်ပြေစေပါလိမ့်မယ်။

အန္တရာယ် ရှိနိုင်သည့် မူမမှန်လိင်ဆက်ဆံနည်းလမ်းတွေကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

  • ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကိုပြုလုပ်နိုင်သော်လည်း မိန်းမကိုယ်ထဲသို့ လေမှုတ်သွင်းခြင်းတော့ မပြုလုပ် သင့်ပါ။ သွေးကြောအတွင်းလေဝင်ရောက်ခြင်းက ကလေးရော မိခင်ကိုပါ အန္တရာယ် ရှိစေနိုင်သည်။
  • စအိုတွင်းထိုးသွင်းဆက်ဆံခြင်းက ကိုယ်ဝန်လရင့်၍ လိပ်ခေါင်းထွက်နေတာမျိုးရှိရင် အဆင်မပြေနိုင်ပါ။
  • ကိုယ့်အမျိုးသားမှတစ်ပါး အခြားသူနှင့် လိင်ဆက်ဆံခြင်းသည် လိင်မှတဆင့်ကူးစက်တတ်သော ကာလသားရောဂါ၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါ စသည့်ရောဂါများကူးစက်စေနိုင်ပြီး မိခင်မှတစ်ဆင့် ကလေးကို ပါကူးစက်စေနိုင်ပါတယ်။

အိမ်ထောင်ရေးတစ်ခုမှာ ကလေးရဲ့ စိတ်ချလုံခြုံမှု့ကအရေးကြီးသလို လိင်ဆက်ဆံရာတွင်စိတ်ကျေနပ်မှု့ရရှိဖို့ကလည်းအရေးကြီးပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံရာတွင် အခက်အခဲရှိလျှင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Sex during pregnancy: What’s OK, what’s not. http://www.mayoclinic.org/healthy-lifestyle/pregnancy- week-by-week/in- depth/sex-during- pregnancy/art-20045318.

Accessed December 17,

2016.

10 Things Dads-to- Be Need to Know About Sex During Pregnancy.

http://www.whattoexpect.com/pregnancy/photo-gallery/10- things-dads- to-be- need-to- know-about- sex-during-
pregnancy.aspx#05.

Accessed December 17, 2016.

 

Sex during pregnancy: How to stay safe and have fun.

http://www.babycenter.com/sex-during- pregnancy-
overview. Accessed December 17, 2016.

Is Sex During Pregnancy Safe?.

http://www.parents.com/pregnancy/my-body/is- it-safe/is- sex-during-
pregnancy-safe/. Accessed December 17, 2016.Sex during pregnancy: What’s OK, what’s not.

http://www.mayoclinic.org/healthy-lifestyle/pregnancy- week-by-week/in- depth/sex-during- pregnancy/art-20045318. Accessed December 17, 2016.

10 Things Dads-to- Be Need to Know About Sex During Pregnancy.

http://www.babycenter.com/sex-during- pregnancy- overview.

Accessed December 17, 2016.

Sex during pregnancy: How to stay safe and have fun.

http://www.babycenter.com/sex-during- pregnancy-
overview.

Accessed December 17, 2016.

 

 

ယခုပုံစံ

20/05/2022

Dr. Kaung Thar မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးငယ်ကို လိင်တံထိပ်ဖုံးအရေပြားဖြတ်ခြင်း

သင့်ရဲ့လက်တွဲဖော်အတွက် လိင်ဆက်ဆံလိုစိတ် မြင့်တက်အောင် ဘယ်လိုလုပ်ပေးမလဲ



Dr. Kaung Thar မှ ရေးသားသည်။ · 20/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement