backup og meta

Premature labor (လမစေ့မီမွေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Premature labor (လမစေ့မီမွေးခြင်း) ကဘာလဲ။

လမစေ့မီမွေးခြင်းကို preterm labor ဟုလည်းခေါ်သည်။ ဆိုလိုသည်မှာ ကိုယ်ဝန်ဆောင်နေစဉ်တွင် စောစီးစွာ သင်၏ကိုယ်မှ မွေးဖွားရန်အသင့်ဖြစ်လာခြင်းဖြစ်သည်။ မွေးရမည့်ရက် ထက်3 ပတ်စောမွေးပါက ထိုကဲ့သို့မွေးဖွားခြင်းကို ကိုယ်ဝန်မရင့်မီ မွေးဖွားခြင်းဟုခေါ်သည်။ သတင်းကောင်းမှာ ဆရာဝန်များသည် ထိုကဲ့သို့စောစီးစွာမွေးဖွားခြင်းကို ကြန့်ကြာအောင် အလွန်ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ သင်၏ကလေးသည် မွေးရက်မစေ့မီ ဗိုက်ထဲတွင် အချိန်ကြာကြာကြီးထွားခွင့်ရလေလေ ထိုကလေးတွင် မွေးဖွားပြီး ရောဂါနှင့် ပြဿနာများနည်းလေလေဖြစ်သည်။

Premature labor (လမစေ့မီမွေးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ကိုယ်ဝန်အားလုံး၏ 12ရာခိုင်နှုန်းတွင် လမစေ့ပဲမွေးဖွားနေသည်။

ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Premature labor (လမစေ့မီမွေးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

လမစေ့မီမွေးခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

လမစေ့မီမွေးဖွားခြင်းကို ရပ်တန့်ရန် သတိပေးသည့် လက္ခဏာရပ်များကိုသိရှိရန်လိုအပ်ပါသည်။ လျင်မြန်စွာဆောင်ရွက်နိုင်မှုသည်ကြီးမားသောခြားနားချက်ကိုဖြစ်ပွားသွားစေနိုင်သည်။ သားဖွားဆရာမ (သို့) ဆရာဝန် ကို အောက်ပါအချက်များရှိပါက ချက်ချင်းဆက်သွယ်ပါ။

ကျောအောင့်ခြင်း- အများအားဖြင့် ကျောအောက်ခြေတွင်ဖြစ်သည်။ ပေါ်ပြီးပျောက်သွားနိုင်သလို တောက်လျှောက်ကျောသည်ဆက်အောင့်နေနိုင်သည်။ သို့သော်ထိုသို့ကျောအောင့်ခြင်းသည် ကိုယ်အနေအထားပြောင်းခြင်း (သို့) သက်သာအောင်တခုခုလုပ်ခြင်း ဖြင့်မပျောက်သွားသော ကျောအောင့်ခြင်းမျိုးဖြစ်သည်။

10မိနစ်တခါ (သို့) ထို့ထက်ပို၍ သားအိမ်ကျုံ့ခြင်း

ဗိုက်အောက်ခြေနားတွင် အောင့်ခြင်း (သို့)ရာသီလာသောအခါနာကျင်မှုများကဲ့သို့ဖြစ်သည်။ လေအောင့်သလိုအောင့်တတ်ပြီး ဝမ်းပျက်ဝမ်းလျှောနှင့်ပါတွဲဖက်လာတတ်သည်။

မိန်းမကိုယ်မှ အရည်များယိုခြင်း

တုပ်ကွေးမိသကဲ့သို့ပျို့ခြင်း၊အန်ခြင်း၊(သို့)ဝမ်းလျှောခြင်း စသောလက္ခဏာများဖြစ်ပေါ်လာတတ်ပြီး မပြင်းထန်သော်လည်း ဆရာဝန်အားဆက်သွယ်ပါ။ သင်သည် အရည်များကို8 နာရီထက်ပို၍သောက်မရပါကသင်၏ဆရာဝန်နှင့်တွေ့ဆုံဆွေးနွေးပါ။ တင်ပဆုံအရိုးခွေ (သို့) မိန်းမကိုယ်တွင် ဖိအားများလာခြင်း

မိန်းမကိုယ်မှ အရည်များပိုဆင်းလာခြင်း နှင့် မိန်းမကိုယ်မှ အနည်းငယ်မျှဖြစ်စေ သွေးဆင်းခြင်း အချို့သောထိုလက္ခဏာရပ်များသည်ပုံမှန်ကိုယ်ဝန်ဆောင်ခြင်း၏လက္ခဏာရပ်များ ဥပမာ ကျောအောင့်ခြင်း နှင့် ခွဲခြားရခက်သည်။ သို့သော်လည်းသင်သည်သတိအရမ်း

မပြုမိနိုင်ပေ။ မည်သည့်ဖြစ်နိုင်ချေရှိသည့်သတိပေးလက္ခဏာရပ်များမဆို စစ်ဆေးထားပါ။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Premature labor (လမစေ့မီမွေးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်ပွားစေသောအကြောင်းအရင်းများစွာ ရှိပါသည်။ တခါတရံတွင် ထင်ရှားမြင်သာသော အကြောင်းပြချက်မရှိပဲ မိန်းမတစ်ဦးသည် ကလေးစောမွေးသွားသည်လည်းရှိသည်။ အခြားအချိန်များတွင် စောစောမွေးစေသောကျန်းမာရေးအကြောင်းပြချက်တခုခုရှိတတ်သည်။ဥပမာ – လမစေ့မီရေမွှာပေါက်ခြင်း

ကိုယ်ဝန်ဆောင်စဉ်သွေးဆင်းခြင်း

ကိုယ်ဝန်ဆောင်စဉ်သွေးတိုးခြင်း

သားအိမ်ခေါင်းအားနည်းလျော့ရဲခြင်း စသည်တို့ဖြစ်သည်။

ဖြစ်နိုင်ခြေများ

Premature labor (လမစေ့မီမွေးခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

လမစေ့မီမွေးခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် ဆေးလိပ်သောက်ခြင်း

ကိုယ်ဝန်မဆောင်စဉ်ကိုယ်အလေးချိန်လွန်ကဲခြင်း(သို့) လျော့နည်းနေခြင်း

ကိုယ်ဝန်စောင့်ရှောက်မှုကောင်းကောင်းမရခြင်း

ကိုယ်ဝန်တွင်းတွင် အရက်သောက်ခြင်း(သို့) လမ်းပေါ်မှ ဆေးများသုံးခြင်း

သွေးတိုးခြင်း၊ကိုယ်ဝန်ဆိပ်တက်ခြင်း၊ဆီးချို၊သွေးခဲရောဂါများ(သို့)ရောဂါပိုးဝင်ခြင်းစသော ရောဂါများရှိခြင်း

အချို့သောမွေးရာပါချို့ယွင်းမှုများရှိသော ကလေးအား ကိုယ်ဝန်ရှိခြင်း၊ကိုယ်ပြင်ပတွင် မျိုးအောင်စေထားသော မျိုးဥဖြင့် ကိုယ်ဝန်တည်ခြင်း၊အမြွှာများအားကိုယ်ဝန်ဆောင်ထားခြင်း၊

ကလေးစောမွေးတတ်သော မိမိ၏ (သို့)မိသားစုရာဇဝင်ရှိခြင်း၊ကလေးတစ်ဦးမွေးပြီး သိပ်မကြာမီတွင် ထပ်မံ၍ ကိုယ်ဝန်ရှိခြင်း စသည်တို့ဖြစ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Premature labor (လမစေ့မီမွေးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သားအိမ်ကျုံ့ခြင်းသည် လမစေ့မီမွေးခြင်းအား စောစီးစွာ သိရှိရန် သော့ချက်ဖြစ်သည်။

သင်၏လက်ချောင်းထိပ်များကို သင့်ဝမ်းဗိုက်ပေါ်သို့တင်ပါ။

အကယ်၍သင်၏သားအိမ်သည် မာကျောခြင်းနှင့် ပျော့ပြောင်းခြင်းတို့တလှည့်စီဖြစ်ပေါ်နေပါက ထိုကဲ့သို့ဖြစ်ခြင်းကို သားအိမ်ကျုံ့နေခြင်းဟုခေါ်သည်။ ထို သားအိမ်ကျုံ့သောအချိန်များကို မှတ်သားပါ။ သားအိမ်စကျုံ့သောအချိန်နှင့် နောက်ထပ်သားအိမ်စကျုံ့သောအချိန်ကိုရေးချပါ။ ထိုကဲ့သို့သားအိမ်ကျုံ့နေခြင်းများကို ရပ်တန့်စေရန်အားထုတ်ပါ။ သင်၏ခြေထောက်ကိုအနားပေးပါ။ ကိုယ်အနေအထားကို ပြောင်းပါ။ သက်သောင့်သက်သာနေပါ။ ရေနှစ်ခွက်(သို့)သုံးခွက် သောက်ပါ။ အကယ်၍သင့်တွင် ဆယ်မိနစ်တခါ(သို့) ထို့ထက်ပို၍ သားအိမ်ကျုံ့မှုများရှိနေခြင်း၊ထိုလက္ခဏာများပိုဆိုးလာခြင်း၊ပြင်းထန်သောနာကျင်မှုများပျောက်မသွားခြင်း စသည်တို့ဖြစ်ပါက သားဖွားဆရာမ(သို့) ဆရာဝန်အားခေါ်ပါ။braxton hicks contractions ကဲ့သို့သော အတုအယောင်ကလေးမွေးသည့် ပုံစံများ မိန်းမအများစုတွင် မကြာခဏဖြစ်ပေါ်တတ်သည်ကိုတော့ သိရှိပါ။ ထိုကဲ့သို့ဖြစ်ပါက ဆိုးဆိုးဝါးဝါးနာကျင်စေတတ်ပြီး နာကျင်မှုသည်စိပ်မသွားပဲ ရပ်နားလိုက်ပါက(သို့) လှုပ်ရှားပါက ပျောက်သွားတတ်သည်။ မွေးဖွားမှုတွင် ထိုကဲ့သို့ဖြစ်ပွားမှုများမပါဝင်ပါ။ ထိုကဲ့သို့သားအိမ်ကျုံ့မှုများကို သင့်အနေနှင့် မသေချာပါက ကျန်းမာရေးအကြံဉာဏ်ကို ရယူပါ။

အကယ်၍ ဆေးရုံသွားရန် လိုအပ်ပါက (သို့) သင့်ဆရာဝန်ဖြစ်စေ သားဖွားဆရာမှဖြစ်စေ လမစေ့ပဲမွေးဖွားတော့မည်ဟု ယူဆပါက ဆေးရုံသွားရန်လိုအပ်ပါသည်။ ဆေးရုံရောက်ပါက ဆရာဝန်၊သားဖွားဆရာမ(သို့) သူနာပြုဆရာမတစ်ယောက်ယောက်မှ ကိုယ်ဝန်အတွင်းမည်သည့်ဆေးများသောက်သုံးသည်အပါအဝင် ကျန်းမာရေးရာဇဝင်များအားမေးမြန်းတတ်သည်။ သွေးခုန်နှုန်း၊သွေးပေါင်ချိန်နှင့် ကိုယ်အပူချိန်တို့အားစစ်ဆေးတတ်သည်။ ဗိုက်ပေါ်တွင် မော်နီတာစက်တင်ကာ ကလေး၏ နှလုံးခုန်နှုန်းနှင့် သားအိမ်ကျုံ့ခြင်းများကို စစ်ဆေးရတတ်သည်။

Fetl fibronectinအား swab ယူခြင်းဖြင့် လမစေ့မီမွေးခြင်းအား ခန့်မှန်းနိုင်သည်။ သားအိမ်ခေါင်းပွင့်မပွင့်ကိုလည်း စစ်ဆေးရတတ်သည်။

Premature labor (လမစေ့မီမွေးခြင်း) ကို ဘယ်လိုကုသပါသလဲ

အကယ်၍လမစေ့မီမွေးဖွားတော့မည်ဟု အတည်ပြုပြီးပါက အောက်ပါ ကုသမှုများလိုအပ်တတ်သည်။

  • အကြောဆေးရည်များသွင်းခြင်း
  • သားအိမ်အား ပျော့ပြောင်းလျော့ကျစေသော မွေးဖွားမှုအားရပ်တန့်စေသည့် ဆေးများ
  • သင့်ကလေး၏ အဆုတ်ဖွံ့ဖြိုးမှုအား မြန်စေသော ဆေးများ
  • ပိုးသတ်ဆေးများ
  • ဆေးရုံတက်ရခြင်း

သင်၏လမစေ့မီမွေးဖွားမှု အား ရပ်တန့်၍မရပါက ဆရာဝန်(သို့) သားဖွားဆရာမမှ ကလေးအားမွေးဖွားရန်အသင့်ပြင်ရတတ်သည်။

အကယ်၍ သင့်တွင် လမစေ့မီမွေးဖွားမှုဖြစ်မည်မဟုတ်ဟု ပြောပါက သင်သည်အိမ်သို့ပြန်နိုင်ပါသည်။ လူအများယုံကြည်မှုအရ အိပ်ယာပေါ်တွင် နားနေခြင်းသည် လမစေ့မီမွေးဖွားမှု အားကာကွယ်နိုင်စွမ်းမရှိဟုယူဆရသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Premature labor. https://www.webmd.com/baby/guide/premature-labor#3. Accessed November 1, 2017
Premature labor. https://www.healthline.com/health/pregnancy/third-trimester-preterm-delivery#2. Accessed November 1, 2017

ယခုပုံစံ

25/05/2022

Dr.Nyan Linn မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ မီဆို သောက်လို့ရမလား!

ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 25/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement