အဓိပ္ပါယ်ဖွင့်ဆိုချက်
Abortion (ကိုယ်ဝန်ဖျက်ချခြင်း) ကဘာလဲ။
ကိုယ်ဝန်ဖျက်ချခြင်းဆိုသည်မှာကိုယ်ဝန်ကိုစောစီးစွာအဆုံးသတ်လိုက်ခြင်းကိုခေါ်ပါသည်။ သန္ဓေသား နှင့် အချင်းကိုသားအိမ်မှ ဖယ်ရန် ဆေးများသို့မဟုတ် ခွဲစိတ်ကုသခြင်းကိုအသုံးပြုနိုင် ပါသည်။ ဤလုပ်ငန်းကိုလိုင်စင်ရထားသောကျန်းမာရေးပညာရှင် မှ လုပ်ကိုင်နိုင်ပါသည်။
Abortion (ကိုယ်ဝန်ဖျက်ချခြင်း) က ဘယ်လောက်အဖြစ်များသလဲ
ကိုယ်ဝန်ဖျက်ချခြင်းသည် သင်၏ရွေးချယ်မှု အပေါ် မူတည်သောကိုယ်ရေးကိုယ်တာ ပြဿနာတစ်ခုဖြစ်ပါသည်။ အန္တရာယ်ရှိသောအချက်များကိုရှောင်ရှားပြီးကိုယ်ဝန်ဖျက်ချခြင်းကိုစီမံနိုင်ပါသည်။ ပိုမိုသောအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးပါ။
လက္ခဏာများ
Abortion (ကိုယ်ဝန်ဖျက်ချခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
အတွေ့ရများသောလက္ခဏာများမှာသွေးဆင်းခြင်း၊ အချိန်အပိုင်းအခြားတစ်ခုဖြင့် နာကျင်ခြင်းသို့မဟုတ် မသက်မသာ ဖြစ်ခြင်းတို့ဖြစ်ပါသည်။ ကိုယ်ဝန်ဖျက်ချပြီးနောက် ၁၄ ရက်အထိသွေးဆင်းခြင်းနှင့် အချိန်အပိုင်းအခြားတစ်ခုဖြင့် နာကျင်ခြင်းတို့ကိုခံစားရနိုင်ပါသည်။
အထက်တွင်ဖော်ပြမထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
အောက်ပါလက္ခဏာများပေါ်ပေါက် လာပါကဆရာဝန်နှင့် ဆက်သွယ်ပါ။
- ကိုယ်အပူချိန် မြင့်တက်ခြင်း
- မိန်းမအင်္ဂါမှ အညစ်အကြေးများဆင်းခြင်း
- အနာသက်သာဆေးများသောက်သော်လည်းမသက်သာသောဝမ်းဗိုက်ပိုင်းနာကျင်ခြင်း
ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင်၏အခြေအနေကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။
အကြောင်းရင်းများ
Abortion (ကိုယ်ဝန်ဖျက်ချခြင်း) ကိုဘာတွေကဖြစ်စေသလဲ
ဖြစ်ပွားမှုအကြောင်းရင်းများ။
ဘယ်အချိန်မှာ ကိုယ်ဝန်ဖျက်ချကြသလဲ။
မလိုချင်သောကိုယ်ဝန်ကိုလွယ်ထားရသောကိုယ်ဝန်ဆောင်အမျိုးသမီးကဆုံးဖြတ်သောအခါနှင့် မွေးရာပါချို့ယွင်းချက်များပါလာသောကလေးကိုမမွေးလိုသောအချိန်များတွင် ကိုယ်ဝန်ဖျက်ချမှုကိုပြုလုပ်ပါသည်။
Risk factors
ငါ့ဆီမှာ Abortion (ကိုယ်ဝန်ဖျက်ချခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
ကိုယ်ဝန်ဖျက်ချခြင်းကိုဖြစ်ပွားနိုင်ချေမြင့်စေသည့် အကြောင်းရင်းများများစွာရှိပါသည်။ ဥပမာ-
- ကိုယ်ဝန်တားနည်း မအောင်မြင်ခြင်း။
- မွေးရာပါ ချို့ယွင်းချက်များပါလာသည့် ကလေးကိုမမွေးဖွားရန် ကာကွယ်ခြင်း
- အဓမ္မကျူးလွန်ခံရခြင်း နှင့် သွေးသားအရင်းချင်း ကျူးလွန်ခြင်း မှ ရရှိလာသောကိုယ်ဝန်
- ကိုယ်ဝန်ဆက်လက်ထားရှိပါကမိခင်၏ ကျန်းမာရေးကို အန္တရာယ်ပေးနိုင်သောရုပ်ပိုင်းဆိုင်ရာသို့မဟုတ် စိတ်ပိုင်းဆိုင်ရာအခြေအနေများ
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Abortion (ကိုယ်ဝန်ဖျက်ချခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ရောဂါအဖြေရှာခြင်း
ယခုဖော်ပြထားသည့်အချက်အလက်များမှာဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက် များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက် သိရှိလိုသောအချက်အလက် များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။
ဆရာဝန်သည် သင့်၏ ဆေးမှတ်တမ်းအားမေးမြန်းပြီးသင့်အား ခန္ဓါကိုယ် စစ်ဆေးမှု ပြုလုပ်ပါမည်။ ကိုယ်ဝန်ရှိကြောင်းသေချာရန် ဓါတ်ခွဲခန်းစမ်းသပ်ချက်များကိုလည်း ပြုလုပ်နိုင် ပါသည်။ ကိုယ်ဝန် ဘယ်နှစ်လရှိသည်ကို ultrasound ရိုက်ခြင်းဖြင့် သိနိုင်ပါသည်။
ကိုယ်ဝန်ဖျက်ချခြင်းသည် ဘယ်လိုဖြစ်ပွားပါသလဲ။
ကိုယ်ဝန်ဖျက်ချခြင်းသည် ကိုယ်ဝန် ဘယ်နှစ်ပတ်ရှိသည့်အပေါ်တွင် မူတည်ပါသည်။
- Misoprostol, mifepristone, methotrexate ကဲ့သို့သောဆေးများဖြင့် ကိုယ်ဝန် ဖျက်ချ ခြင်း
- ခွဲစိတ်မှုဆိုင်ရာကိုယ်ဝန်ဖျက်ချခြင်း။ ဥပမာ- vacuum ဖြင့်စုပ်ယူခြင်း၊ သားအိမ်ခြစ်ခြင်း
၉ပတ်နောက်ပိုင်းတွင်မူခွဲစိတ်ခြင်းဖြင့်သာဖျက်ချ၍ ရပါသည်။
Abortion (ကိုယ်ဝန်ဖျက်ချခြင်း) ကို ဘယ်လိုကုသပါသလဲ
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကကိုယ်ဝန်ဖျက်ချခြင်းကိုထိန်းချုပ်ရန်ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများသည်ကိုယ်ဝန်ရခြင်းကိုကာကွယ် ရန်အကူအညီပေးနိုင်ပါသည်။
- လိင်ဆက်ဆံရာတွင် ကွန်ဒုံးအသုံးပြုပါ။
- ကိုယ်ဝန်ယူရန်သေချာသောအစီအစဉ် ထားရှိပါ။
အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။
[embed-health-tool-pregnancy-weight-gain]