backup og meta

ကိုယ်ဝန်ဆောင်ပြဿနာတွေနဲ့ Schizophrenia နဲ့ ဆက်စပ်နေသလား လေ့လာခြင်း

ကိုယ်ဝန်ဆောင်ပြဿနာတွေနဲ့ Schizophrenia နဲ့ ဆက်စပ်နေသလား လေ့လာခြင်း

Schizophrenia ရှိတဲ့အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်သွေးတိုးခြင်း(preeclampsia) တွေ၊ ရက်မစေ့ဘဲ မွေးဖွားတာတွေနဲ့ အခြားသော ပြင်းထန်တဲ့ ကိုယ်ဝန်ဆောင်နဲ့ မွေးဖွားခြင်းပြဿနာတွေကို schizophrenia မရှိတဲ့ အမျိုးသမီးတွေထက် ပိုပြီးခံစားရပါတယ်။

Schizophrenia က ကိုယ်ဝန်နောက်ဆက်တွဲပြဿနာတွေနဲ့ ဆက်စပ်နေပါတယ်။

ကနေဒီယန်ကျွမ်းကျင်သူကတော့၂၀၀၀ခုနှစ်မှ ၂၀၁၁ထိ Ontario မှာ မွေးဖွားခဲ့တဲ့ အချက်အလက်တွေကို လေ့လာခဲ့တဲ့အခါ preeclampsia တွေ၊ ရက်မစေ့ဘဲ မွေးဖွားတာတွေနဲ့ အခြားပြင်းထန်တဲ့ ကိုယ်ဝန်နဲ့ မွေးဖွားမှု ပြဿနာတွေဟာ schizophrenia ရှိတဲ့အမျိုးသမီးတွေမှာ ဒီစိတ်ရောဂါမရှိတဲ့သူတွေထက် ၂ဆ ပိုဖြစ်တာကိုတွေ့ရပါတယ်။

Schizophrenia ရှိတဲ့အမျိုးသမီးတွေဟာ အချင်းကွာမှု ဖြစ်နိုင်ခြေများပြီး septic shock တွေ၊ ကြိုမွေးရတာတွေနဲ့ ခွဲမွေးရတာတွေနဲ့ အထူးကြပ်မတ်ကုသဆောင်ကို ရွှေ့ပြောင်းပေးရတာတွေ၊ ဆေးရုံဆင်းပြီးနောက်ပိုင်း ဆေးရုံကို ပြန်ပြန်လာနေရတာတွေ ဖြစ်နိုင်ချေ အများကြီးပိုရှိပါတယ်။

ရိုးရာနည်းအရတော့ schizophrenia ရှိတဲ့အမျိုးသမီးတွေဟာ မျိုးအောင်နိုင်စွမ်းနည်းပြီး သူတို့ရဲ့ မျိုးဆက်ပွား ကျန်းမာရေးအတွက် ဂရုလည်း မစိုက်ကြပါဘူး။ ဒါပေမဲ့ လက်ရှိမှာတော့ ဒီအမျိုးသမီးတွေကြားမှာပဲ မျိုးအောင် နှုန်းက တိုးတက်လာတဲ့တာကြောင့် ကျွန်တော်တို့ဟာ သူတို့ရဲ့ မျိုးဆက်ပွားကျန်းမာရေးနဲ့ ကလေးတွေအတွက် စိတ်ချရအောင် သေချာ ဂရုစိုက်သင့်ပါပြီ။

အသက် ၁၅နှစ်ကနေ ၄၉နှစ်ကြားရှိတဲ့ သားဦးမိခငတွေကို ကျွမ်းကျင်သူတွေက လေ့လာကြပြီး မွေးဖွားပြီးတစ်နှစ်အတွင်း သေဆုံးမှုဟာ schizophrenia ရှိတဲ့ အမျိုးသမီးတွေမှာတော့ ၅ဆ ပိုများနိုင်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။ ပြီးတော့ schizophrenia ရှိတဲ့ အမျိုးသမီးတွေရဲ့ ကလေးတွေဟာလည်း ပုံမှန်မဟုတ်တဲ့ အလေးချိန်များလွန်းတာ လျော့လွန်းတာမျိုး ဖြစ်တတ်ပါသေသးတယ်။

စိတ်ကျန်းမာရေးကောင်းတဲ့ အမျိုးသမီးတွေနဲ့ ယှဉ်ကြည့်တဲ့အခါမှာ schizophrenia ရှိတဲ့ အမျိုးသမီးတွေဟာ ဆီးချိုရောဂါဖြစ်နိုင်ချေတွေ၊ နာတာရှည်သွေးတိုးရောဂါတွေနဲ့ ကိုယ်ဝန်မဆောင်ခင် သွေးခဲဖြစ်တာတွေ ဖြစ်နိုင်ချေ ပိုများပါတယ်။

ဒီလေ့လာမှုဟာ ကျွန်တော်တို့အတွက်တော့ schizophrenia ရှိတဲ့ အမျိုးသမီးတွေကို ကိုယ်ဝန်ပြဿနာတွေ၊ ကျန်းမာရေးအန္တရာယ်တွေကို လျှော့ချပေးနိုင်ဖို့ အချက်အလက်တွေနဲ့ ကျွန်တော်တို့ ဘာတွေကိုစောင့်ကြည့်ရမလဲဆိုတဲ့ အချက်တွေကို ပေးစွမ်းနိုင်ပါတယ်။ ဒီထဲမှာတော့ ဒီအမျိုးသမီးတွေ မျိုးပွားဖို့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့၊ ကိုယ်ဝန်မဆောင်မီ၊ ဆောင်တုန်း၊နဲ့ မွေးဖွားပြီးချိန်တွေမှာ လိုအပ်တဲ့ အကောင်းဆုံးသော ဆေးပညာဆိုင်ရာ အကူအညီတွေ ရနိုင်ဖို့ ပိုကောင်းတဲ့ ပညာပေးအစီအစဉ်တွေ ပါဝင်ပါတယ်။

Schizophrenia ရှိတဲ့ အမျိုးသမီးကို ဘယ်လို ကူညီမလဲ။

ဒီအမျိုးသမီးတေါဟာ သူတို့ရဲ့ ကိုယ်ဝန်ဆောင်ကာလတွင်းနဲ့ ကလေးလေးကို ပထမဆုံးပြုစုစောင့်ရှောက်တဲ့အချိန်မှာ လူတွေက သူတို့ကိုကူညီပေးဖို့ မျှော်လင့်တတ်ပါတယ်။ သူတို့ ကိုယ်ဝန်အပ်ထားတဲ့ဆရာဝန်တွေ၊ စိတ်ကျန်းမာရေး ဆရာဝန်တွေနဲ့ မိသားစုဆရာဝန်တွေ၊ ကလေးအတွက်ဆရာဝန်တွေနဲ့ ကိုယ်ဝန်ဆောင်ကာလတွင်းမှာဖြစ်စေ၊ မွေးဖွားပြီးစဉ်ဖြစ်စေ ဖြစ်လာနိုင်ချေ အားလုံးနဲ့အတူ တကယ်လို့များ ကုသမှု ဒါမှမဟုတ် နေထိုင်မှုပုံစံပြောင်းလာတာနဲ့ ဘာတွေလုပ်သင့်တယ်။ လုပ်ရမယ်ဆိုတာ တိုင်ပင်ထားသင့်ပါတယ်။

Schizophrenia ရှိတဲ့အမျိုးသမီးတွေဟာ သူတို့သောက်သုံးနေတဲ့ schizophrenia အတွက်ဆေးတွေက သူတို့ကလေးကို ထိခိုက်နိုင်မလားဆိုတာ သိချင်ကြပါတယ်။ ဒါကို ဆရာဝန်နဲ့ ပြောကြည့်ပါ။

ဒီအမျိုးသမီးတွေဟာ schizophrenia အတွက် အခြားသောဆေးတွေသောက်နေရတာမျိုးဖြစ်နိုင်သလို ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားနေရတာလည်း ဖြစ်နိုင်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုအသင်းနဲ့ ဒီအကြောင်းအရာတွေကို ဆွေးနွေးနိုင်ပါတယ်။

Schizophrenia လက္ခဏာတွေကို ထိန်းချုပ်နိုင်ဖို့ သောက်ရတဲ့ဆေးတွေဟာ ဒါတွေကိုတော့ ကာကွယ်နိုင်ပါတယ်။

သူတို့နဲ့ သူတို့ကလေးတွေ လိုအပ်မယ့် မမွေးဖွားခင် စောင့်ရှောက်မှုတွေ (Prenatal care) တွေ မရနိုင်တာမျိုးတွေ၊

ကောင်းကောင်းမစားနိုင်ဘဲ ကလေးအတွက် အာဟာရပြည့်ဝစွာ မပေးနိုင်မှာတွေ

ကလေးကို ထိခိုက်စေမယ့် အခြားသောဆေးတွေနဲ့ အားဖြည့်ဆေးတွေ သောက်ရခြင်းကနေ

ကလေးကိုထိခိုက်စေနိုင်မယ့် အရက်သောက်တာ၊ ဆေးလိပ်သောက်တာ၊ မူးယစ်ဆေးနဲ့ ဆေးရွက်ကြီးက အစပြုလို့ ဒုက္ခရောက်စေမယ့် အရာအားလုံး

စတာတွေ မဖြစ်အောင်၊ မရအောင်၊ မလုပ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

သူတို့လုပ်နိုင်တဲ့ အကောင်းဆုံး နည်းလမ်းကတော့ သူတို့မှာ ကိုယ်ဝန်ရှိပြီဆိုတာ စသိတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအသင်းတွေ ဆရာဝန်တွေနဲ့ တတ်နိုင်သမျှအမြန်ဆုံးဆက်သွယ်ပြီး ကိုယ်ဝန်အတွက် အစီအစဉ်ဆွဲဖို့ပါပဲ။ ဆရာဝန်က ဆေးသောက်ဖို့ လိုအပ်မယ့် ဆုံးဖြတ်ချက်တွေကို ချပေးပါလိမ့်မယ်။ schizophrenia ဖြစ်နေတဲ့ အမျိုးသမီးတွေကို သူတို့ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ဆရာဝန်တွေက ကူညီပေးနိုင်ပြီး သူတို့ဖြစ်နိုင်တဲ့ လက္ခဏာတွေနဲ့ ပြဿနာတွေကို စောင့်ကြည့်ပေးနိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Schizophrenia Linked to Pregnancy Complications, Study Suggests

https://consumer.healthday.com/sexual-health-information-32/childbirth-health-news-126/schizophrenia-linked-to-pregnancy-complications-study-suggests-684537.html

Accessed: March 04 2017

Schizophrenia and Pregnancy – Topic Overview

http://www.webmd.com/schizophrenia/tc/schizophrenia-and-pregnancy-topic-overview

Accessed: March 04 2017

ယခုပုံစံ

19/09/2022

Wathun Myat Chal မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ မီဆို သောက်လို့ရမလား!

ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!



Wathun Myat Chal မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement