backup og meta

ကိုယ်ဝန်ဆောင်စဉ် ရေနွေးနဲ့ရေချိုးတာက အန္တရာယ်ရှိနိုင်သလား


Wathun Myat Chal မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်စဉ် ရေနွေးနဲ့ရေချိုးတာက အန္တရာယ်ရှိနိုင်သလား

    ကိုယ်ဝန်ဆောင်မိခင်တွေအတွက် စိတ်ဖိစီးမှုတွေ၊ပင်ပန်းနွမ်းနယ်မှုတွေနဲ့ နောက်ကျောနာကျင်မှုတွေကို ပြေလျော့သက်သာသွားစေဖို့ ရေနွေးနွေးနဲ့ ရေချိုးလိုက်တာထက် ဘယ်နည်းလမ်းကများ ပိုကောင်းနိုင်ပါ့မလဲ။ ဒါပေမယ့် လတ်တလော လေ့လာတွေ့ရှိချက်တွေကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ မမွေးရသေးတဲ့ကလေးကို ငဲ့ညှာတဲ့အနေနဲ့ ရေနွေးအပူကြီးနဲ့ရေချိုးတာကို ရှောင်ကြဉ်သင့်ပါတယ်လို့ တိုက်တွန်းထားပါတယ်။

    ကိုယ်ဝန်ဆောင်စဉ်ရေနွေးနဲ့ရေချိုးခြင်းဟာ အန္တရာယ်ရှိမရှိ စိုးရိမ်မှုများ

    သားဖွားမီးယပ်ဆိုင်ရာအမေရိကန်ကောလိပ် (ACOG)ကတော့ ကိုယ်ဝန်ဆောင်အစောပိုင်းကာလတွေမှာ မိခင်ရဲ့ ပုံမှန်အပူချိန်ထက် ၁.၈ ဒီဂရီ ဆဲလ်စီးရပ်စ်တိုးလိုက်ခြင်းဟာ မွေးရာပါချွတ်ယွင်းချက်နဲ့ကလေးမွေးလာနိုင်ချေမြင့်မားတယ်လို့ဆိုပါတယ်။ ဖြစ်နိုင်ချေများတာကတော့ spina bifida လို မွေးရာပါ ချွတ်ယွင်းချက်တွေပေါ့။ spina bifidaဆိုတာ အာရုံကြောပြွန်ချွတ်ယွင်းမှုပုံစံတစ်မျိုးဖြစ်ပြိး သန္ဓေသားရဲ့ ကျောရိုးတိုင် (spinal column) အပြည့်အဝမပိတ်နိုင်တာကြောင့်ဖြစ်ရတာပါ။ ဒီအခြေအနေမျိုးဖြစ်လာနိုင်ကြောင်း နဲ့ ဖြစ်ပွားခဲ့ကြောင်းကို တိရစ္ဆာန်တွေနဲ့ တကယ့်လက်တွေ့ဘဝမှာဖြစ်ခဲ့တာတွေအပေါ် အမျိုးမျိုးလေ့လာခဲ့ကြပြီး သက်သေပြခဲ့ကြပြီးပါပြီ။

    အပူလွန်ကဲခြင်းကလည်း သွေးဖိအားနည်းခြင်းရဲ့ အဓိကတရားခံတစ်ယောက်ဖြစ်ပါတယ်။ သူကသင့်ကလေးဆီ သွေးစီးဆင်းမှုကိုတားဆီးနိုင်ပြီး ဘယ်လိုကိုယ်ဝန်ဆောင်ကာလအခြေအနေမှာပဲဖြစ်ဖြစ် စိတ်ချလုံခြုံမှုမရှိနိုင်ဘဲ အန္တရာယ်များတယ်လို့ သတ်မှတ်ထားပါတယ်။

    ရေနွေးပူပူနဲ့ ရေချိုးခြင်းဟာ အမျိုးသမီးတွေ ရေချိုးပြီးတဲ့အချိန်မှာ မူးဝေခြင်းကိုဖြစ်စေပါတယ်။ ရုတ်တရက်အပူချိန်ပြောင်းလဲသွားတာက ဇီဝဖြစ်စဉ် မညီမျှမှုဖြစ်စေပြီး လဲကျသွားစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ချော်လဲခြင်း၊ပြုတ်ကျခြင်း စတာတွေဟာ ပြင်းထန်တဲ့ပြဿနာတွေကိုဦးတည်သွားနိုင်ပါတယ်။ အဖြစ်နိုင်ဆုံးကတော့ ကိုယ်ဝန်ပျက်ကျတာမျိုးပေါ့။

    ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေကလည်း အမျိုးသမီးတွေကိုယ်ဝန်ဆောင်နေစဉ်မှာ ဆပ်ပြာမြှုပ်တွေစိမ်ချိုးတာ သို့မဟုတ် ဓါတုပစ္စည်းတွေပါဝင်တဲ့ ရေချိုးဆား သို့မဟုတ် ဆပ်ပြာဆီတွေသုံးခြင်းက ပိုးဝင်ခြင်းကိုဖြစ်စေနိုင်တာကြောင့် ဒါတွေမလုပ်သင့်ပါဘူးလို့ တိုက်တွန်းထားပါတယ်။ ဒီလိုနည်းလမ်းတွေအစား ရနံ့ပါဝင်တဲ့ဖယောင်းတိုင်တွေသုံးခြင်းက ပိုပြိး သင့်လျော်ပါတယ်။

    ရေနွေးနဲ့ရေချိုးခြင်းနဲ့ ဆက်နွယ်နေတဲ့ ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေကိုဘယ်လိုကာကွယ်ရမလဲ။

    • ရေနွေးနဲ့ချိုးမှကိုဖြစ်မယ်ဆိုရင် အောက်ပါအချက်တွေကို စိတ်ထဲထည့်ထားပါ။
    • ရေမချိုးခင် ရေအပူချိန်ကိုအရင်စမ်းပါ။ တကယ်လို့သင့်လက်တွေနီလာမယ်ဆိုရင် ရေအေးသွားဖို့ ခေတ္တစောင့်ဆိုင်းပေးပါ။
    • ရေထဲအပြည့်အဝမစိမ်ပါနဲ့။ ရင်ဘတ်တွေကနေစပြီး ရေပေါ်ပေါ်နေပါစေ။
    • တကယ်လို့ မူးဝေလာတာတွေ ပျို့တာတွေခံစားလာရတယ်ဆိုရင် ဒါတွေဟာ သွေးဖိအားနည်းခြင်းရဲ့ လက္ခဏာတွေဖြစ်တာမို့ ဂရုတစိုက်နဲ့ သတိထားပြီး ရေကန်ထဲကထွက်ပါ။
    • ခန္ဓါကိုယ်အပူချိန် သိသိသာသာပြောင်းလဲသွားခြင်း မဖြစ်စေဖို့ ၁၀မိနစ်ထက်ပိုပြီးရေမချိုးပါနဲ့။
    • ကျန်းမာရေးကောင်းတာသေချာမှ ချိုးပါ။ ဆိုလိုတာက သင့်မှာအဖျားမရှိတာ သို့မဟုတ် မွေးလမ်းကြောင်းသွေးထွက်နေတာတွေမဖြစ်မှ ရေချိုးပါ။

    ရေပန်းနဲ့ရေပူချိုးခြင်း နဲ့ ရေနွေးကန်ထဲစိမ်ခြင်း

    ရေပူကိုရေပန်းနဲ့ချိုးတာဟာ ရေနွေးနဲ့ရေချိုးခြင်းပါပဲ။ မိခင်က အောက်ပါအရေးကြီးတဲ့ သတိပေးချက်တွေကို လိုက်နာမယ်ဆိုရင် အပြည့်အဝဘေးကင်းပါတယ်။ ဒါကအပန်းဖြေသလိုမဖြစ်ပေမယ့်လည်း ရေပန်းနဲ့ချိုးတာဟာ ရေပူစိမ်ခြင်းထက်တော့ ပိုပြီးအန္တရာယ်ကင်းပါတယ်။ ရေပူစိမ်ခြင်းနဲ့စာရင် သင့်ရဲ့ခန္ဓါကိုယ်အပူချိန်ပြောင်းလဲသွားတဲ့အချိန် အတိုင်းအတာ ပိုပြီးတိုတောင်းပါတယ်။

    တစ်ဖက်မှာတော့ ရေနွေးကန်ထဲစိမ်တာတွေဟာ မိခင်လောင်းတွေရဲ့ ကိုယ်ဝန်ဆောင်ကာလ ပထမ၃ပတ်မှာ လုံးဝမလုပ်သင့်တဲ့အရာတွေထဲပါဝင်နေပါတယ်။ ဒါက ဒီသုံးလတာကာလအတွင်းမှာ ကျန်းမာရေးအတွက် အန္တရာယ်အရှိနိုင်ဆုံးအချက်ပါ။ ရေနွေးနဲ့ရေချိုးခြင်း နဲ့မတူတာက ရေပူကန်ထဲက အပူချိန်ဟာ တောက်လျှောက်ပူနေတာပါ။ ဒါကြောင့် မိခင်ရဲ့ ကိုယ်တွင်းအပူချိန်ကို စိတ်ချရသော အတိုင်းအတာ ၃၈.၃ ဒီဂရီ ဆဲလ်စီးရပ်စ်ထက် ကျော်လွန်သွားဖို့ အချိန် ၁၀မိနစ်မှ မိနစ် ၂၀ခန့်လောက်သာလိုအပ်ပါတယ်။ ဒါ့အပြင် ရေပူကန်တွေမှာစိမ်မယ်ဆိုရင် ပုံမှန်အားဖြင့် သင့်ခန္ဓါကိုယ်တစ်ခုလုံးကိုနှစ်မြှုပ်သွားအောင်စိမ်ဖို့ လိုအပ်ပါတယ်။ ဒီထဲမှာအချိန်ကြာကြာနေနိုင်ဖို့ကိုပဲ သင်အာရုံစိုက်နေမှာဖြစ်ပြီး အန္တရာယ်အချက်ပြမှုတွေဖြစ်တဲ့ ချွေးထွက်ခြင်းလိုကိစ္စမျိုးကိုတောင် သင်သတိထားမိမှာမဟုတ်ပါဘူး။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement