backup og meta

လမ်းလျှောက်တတ်ခါစကလေးကို သရေစာမုန့် ကျွေးရင်သိထားရမယ့် အချက် (၅)ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လမ်းလျှောက်တတ်ခါစကလေးကို သရေစာမုန့် ကျွေးရင်သိထားရမယ့် အချက် (၅)ချက်

    လမ်းလျှောက်တတ်ခါစ ကလေးအရွယ် ၁နှစ်မှ ၃နှစ်သား များဟာ ကြီးထွားဖွံ့ဖြိုးမှု အလွန်မြန်ဆန်တယ်လို့ သိထားကြပါတယ်။ ဒီအချိန်ကလည်း သူတို့လိုအပ်တဲ့ ဗီတာမင် သတ္ထုဓာတ်တွေနဲ့ အစာကောင်းစွာစားဖို့ သေချာအောင်ပြုလုပ်ရမှာဖြစ်ပါတယ်။ ကျန်းမာပြီး စုံလင်တဲ့ အစားအသောက်ပုံစံတည်ဆောက်ဖို့ သင့်တော်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးတွေဘာစားသင့်လဲ သိနိုင်ဖို့နဲ့ ဘယ်လိုသရေစာတွေကို မှန်ကန်အောင်ကျွေးဖို့ မိဘတွေအတွက် ခက်ခဲနိုင်ပါတယ်။ ခုလမ်းညွန်ချက်ကတော့ မိဘနဲ့ ကလေးထိန်းတွေအတွက် ကလေးကိုသရေစာကျွေးလျှင် သိသင့်တဲ့ ၅ ချက် ဖြစ်ပါတယ်။

    စားသောက်မှုပုံစံ မညီမျှခြင်းကို ထိန်းညှိခြင်း

    လမ်းလျှောက်တတ်ခါစ ကလေးငယ်တွေကို သရေစာမုန့် ကျွေးမွေးခြင်းက ကလေးဗိုက်ဝဖို့အတွက် အလွယ်ဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဒီအရွယ်ကလေးငယ်တွေဟာ လောကအကြောင်း အလုပ်ရှုပ်လောက်အောင် လေ့လာနေပုံပေါက်တဲ့အတွက် အစာငြိမ်ငြိမ် ထိုင်မစားနိုင်ကြပါဘူး။ အချို့တွေက အစားအသောက်နဲ့ပတ်သက်ပြီး ကြေးများတတ်သလို စားသောက်ဖို့လည်းငြင်းဆန်ကြပါတယ်။

    ကျန်းမာတဲ့ သရေစာတွေဟာ မညီမျှတဲ့စားသောက်မှုပုံစံကို မျှတစေနိုင်တယ်။ အစာစားချိန် တစ်ခုနှင့်တစ်ခုကြား ဗိုက်အရမ်းဆာမနေအောင် သင့်ကလေးလိုအင်ကို ဖြည့်ပေးနိုင်ပါတယ်။ အသီးအနှံ၊ ဂျုံ ပါဝင်တဲ့ အစားအစာတွေနှင့် ကယ်စီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို ကလေး ကျန်းမာဖို့ ကျွေးသင့်ပါတယ်။ အစားအသောက် သုတေသနပြုသူများ ကတော့ လမ်းလျှောက်တတ်ခါစ ကလေးတွေကို တစ်နေ့ အစား ၃ ကြိမ် နှင့် သရေစာမုန့်၂ ခေါက် မှ ၃ခေါက် ကျွေးသင့်တယ်ဆိုပါတယ်။ မနက်ပိုင်း ၊ နေ့လယ်ပိုင်းနဲ့ ညစာစားပြီးချိန်တွေဖြစ်ပါတယ်။

    ဘယ်ဟာက သင့်တော်မလဲဆိုတာ ရွေးချယ်ပါ

    ကလေးတွေဟာ သကြားလုံးတွေ မုန့်တွေဝယ်ဖို့ စတိုးဆိုင်မသွားနိုင်ကြပါဘူး။ ဒါကြောင့် ဒီအချိန်မှာ ကလေးကောင်းမွန်တဲ့ အစားစားဖို့ သင်ကိုယ်တိုင်ဆုံးဖြတ် ချမှတ်ပါ။ လတ်ဆတ်တဲ့ အသီးအနှံတွေဟာ (ဗီတာမင်၊ သတ္တုဓာတ်၊ ပရိုတိန်းနှင့် အမျှင်ဓာတ်လိုမျိုး ) အာဟာရဓါတ် များစွာပါပါတယ်။ ပြီးတော့ အသင့်ထုတ်ပိုးထားတဲ့ အစားအစာတွေရှောင်ပါ။ ဒီဟာတွေက သကြား၊ ဆားနှင့် အဆီများစွာ ပါဝင်ပါတယ်။ ဒါကြောင့် စံမီတဲ့ အစားအသောက်ဆိုတာ

    • သကြားနည်းပြီး ဂျုံပါတဲ့ မနက်စာ
    • ပါးပါးသေးသေးလေးတွေလှီးထားတဲ့ အသီးတွေ
    • မုယောစပါးပါတဲ့ ဘီစကစ်တွေ
    • ချိစ် ပါးပါးလေးတွေ ဖြစ်နိုင်ပါတယ်။

    သရေစာမုန့်ကျွေးဖို့ အချိန်ဇယားချမှတ်ပါ

    ကလေးတွေကို အချိန်ဇယား သတ်မှတ်ကျွေး တာပိုကောင်းပါတယ်။ နေ့စဉ် တူညီတဲ့အချိန်မှာ သရေစာမုန့်ကိုကျွေးရင် သူဘာစားရမလဲ သိနိုင်ပါတယ်။ ဗိုက်ဆာတာတွေ ဗိုက်ပြည့်တာတွေကို ခံစားသိရှိခြင်းက စားချင်စိတ်ကို ဘယ်လိုတုံ့ပြန်မလဲနဲ့ ဘယ်အချိန်မှာစားရမယ်၊ ဘယ်အချိန်မှာ မစားရဘူး ဆိုတာ သင်ပေးနိုင်ပါတယ်။ တစ်နေ့လုံး စားချင်တာစားခွင့်ပေးလိုက်မယ်ဆိုရင် သူဆာလား၊ မဆာလားဆိုတာ မခန့်မှန်းနိုင်တော့ပါဘူး။ ဒီလိုဆို အလွန်အကျွံစားသောက်မိနိုင်ပါတယ်။

    သင့်ကလေး တစ်နေ့ကိုအချိုရည် ၄ အောင်စ ထက်ပိုမသောက်ဖို့ထိန်းပါ။ သူရေငတ်ရင် တိုက်ကျွေးဖို့အကောင်းဆုံးကတော့ ရေနဲ့နို့သာ ဖြစ်ပါတယ်။ သင့်ကလေးက အချိုရည်ကြိုက်ရင် သူ့ကိုသီးနှံသာ အစားကျွေးပါ။ ဘာကြောင့်လဲဆိုရင် အချိုရည်တွေက ဆိုဒါနဲ့ညီတဲ့ ကယ်လိုရီပါပြီး သကြားပမာဏ များစွာပါဝင်နေလို့ပါ။

    သင့်ကလေးကိုရွေးချယ်ခိုင်းပါ

    ကလေးဆိုပေမယ့် သူတို့ဟာ သူတို့စိတ် သဘောအတိုင်း ရွေးချယ်ဖို့အသင့်ဖြစ်နေ တတ်ကြပါတယ်။ သရေစာ တွေဟာ အကန့်အသတ်နဲ့ ကျွေးမွေးဖို့ အကောင်းဆုံးနည်းဖြစ်ပါတယ်။ သရေစာ တစ်ခါကျွေးရင် အာဟာရပြည့်တဲ့ အစာတွေထည့်ရွေးချုယ်ထားပြီး သင့်ကလေး ဘယ်အရာကို ဘယ်လောက်စားသလဲဆိုတာ ထိုင်ကြည့်နေလိုက်ပါ။

    သရေစာ ကျွေးချိန်မှာ အခြားအစာအသစ်တစ်ခုကို တွဲကျွေးပါ။ သင့်ကလေးငြင်းဆန်နေရင်တောင်မှ ဆက်ကျွေးပါ။ ကလေးတွေအသစ်တစ်ခုကို စားသောက်ဖို့အတွက် အကြိမ်များစွာ ကြိုးစားယူရပါတယ်။

    သင့်ကလေး သရေစာတွေကို စားချင်တဲ့ အချိန်စားဖို့ကို ခွင့်မပြုပါနဲ့။ သရေစာကို တိကျတဲ့ အချိန်မှာသာ စားခွင့်ပြုမယ်ဆိုတာကို ကလေးကို နားလည်အောင်သင်ကြားပါ။

    ရှောင်ရန်အချက်များ

    အချို့မိဘတွေက ကလေးကိုအရသာရှိတာ ကျွေးမယ်လို့ ပြောတတ်ပေမယ့် ဒါဟာရေရှည်မှာကောင်းမွန်တဲ့ နည်းမဟုတ်ပါဘူး။ သကြားလုံးတွေဟာ အခြားအရာတွေထက် ပိုတန်ဖိုးရှိ ပိုကျန်းမာစေတယ် ထင်ရတတ်ပေမယ် တကယ်တော့ သကြားလုံးမှာ ဘာအာဟာရမှ မပါပါဘူး။ တစ်ခါတစ်ရံကျွေးတဲ့ မွေးနေ့ကိတ်တွေ ကွတ်ကီးတွေက သင့်တော်ပေမယ့် ဒီလိုကယ်လိုရီ များတဲ့အစာတွေကို ပုံမှန် အစားအသောက်စာရင်းထဲ မထည့်သင့်ပါဘူး။ သကြားလုံးတွေကိုတော့ ချွင်းချက်ထားထားပါ။ ဒါမှသင်က သကြားလုံး မကျွေးဘူးလို့ပြောတဲ့ အခါသင့်ကလေးက အလွန်စိတ်ဆိုးစိတ်ကောက်တာမျိုး မဖြစ်မှာပါ။ ဒါဟာ သင် ဒီလိုသရေစာကို မကျွေးဘဲထားချိန်မှာ သင့်ကလေးက အလွန်အမင်း တောင့်တပူဆာတဲ့ အလေ့အထမျိုး မဖြစ်စေမှာပါ။

    ကောင်းမွန်တဲ့ စားသောက်မှုအလေ့အထဟာ သင့်အိမ်မှာငယ်စဉ်ကတည်းက စတင်နိုင်ပါတယ်။ အသင့်စား အစားအသောက်များဟာ အဓိကအစားအစာတွေ မဟုတ်ဘဲ အသေးအဖွဲမျှသာ ဖြစ်ပါတယ်။ သင့်ကလေးကို ပိုကောင်းတဲ့ရွေးချယ်မှုတွေလုပ်တတ်အောင်သင်ပေးခဲ့ရင် နောင်တစ်ချိန်မှာ ကောင်းမွန်တဲ့ ရွေးချယ်မှုတွေ လုပ်နိုင်ပါလိမ့်မယ်။ အသင့်စား အစားအသောက်တွေကိုရှောင်ကြဉ်ပြီး တစ်ပတ်ကို ၁ ခေါက် ၂ ခေါက်သာ ကျွေးသင့်ပါတယ်။ အိမ်မှာပြုလုပ်တဲ့ အစားအသောက်များကသာ အမြဲတမ်းကောင်းမွန်တဲ့ ရွေးချယ်မှုတွေ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement