backup og meta

30 လအရွယ်ကလေးငယ်

လ ၃၀ အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ

လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ။

ဒီအချိန်မှာ သင့်ကလေးငယ်ရဲ့ အပြုအမူကို ဘယ်တော့မှ ခန့်မှန်းနိုင်မှာ မဟုတ်ပါဘူး။ ဥပမာ တညလုံး နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နေတဲ့ ကလေးငယ်ဟာ မနက် ၃ နာရီမှာ အိပ်ရာထဲ ရှူရှူးပေါက်ချနိုင်ပါတယ်။ ဒါမှမဟုတ် အမြဲ သင့်စကား နားထောင်တတ်တဲ့ ကလေးငယ်ဟာ ခေါင်းမာပြီး ပြောစကားနားမထောင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ သေးအိုးနဲ့ သွားဖို့ လေ့ကျင့်ပေးထားတဲ့ ကလေးငယ်ဟာလည်း သေးထွက်ကျတာမျိုး ဖြစ်နိုင်ပါတယ်။

30 လအရွယ်ကလေးငယ်

ကျောင်းမတက်ခင် ကလေးငယ်တွေဟာ အသေးစိတ်တွေကို မြင်တတ်ပါတယ်။ သူဟာ အတွေ့အကြုံအသစိတွေ၊ အသစ်အဆန်းတွေကို သင်ယူနေတာကြောင့် အသံ၊ အရောင်၊ နှိုင်းယှဉ်တဲ့ အရွယ်အစားတွေ၊ လှုပ်ရှားမှုတွေကို သဟဇာတ ဖြစ်လာမှာ ဖြစ်ပါတယ်။ ကြောင်သံလုပ်ပြတာမျိုး၊ သူ့ရဲ့ အပြာရောင်ဖိနပ်လို့ ပြောတာလာမျိုး ရှိရင် မအံ့သြပါနဲ့။

ဒီ scribbles တွေမှာ ပြောင်းလဲမှုတွေကို သတိထားမိလာနိုင်ပါတယ်။ ကလေးငယ် အသက် ၁ နှစ်ကနေ ၁၅ လ အချိန်လောက်မှာ စာရွက်ပေါ်မှာ အမှတ်ဘယ်လိုလုပ်ရမလဲဆိုတာ စတင်သင်ယူပြီး သူဟာ ရောင်စုံခဲတံကိုကိုင်ကာ တံတောင်ဆစ်လှုပ်ရှားမှု အများစုနဲ့ လျှောက်ခြစ်ခြင်း၊ မျဉ်းဖြောင့်ဆွဲခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ အသက် နှစ်နှစ်ခွဲလောက်မှာတော့ ကလေးငယ်တွေရဲ့ လက်ဖျားတွေဟာ ပိုမို သန်စွမ်းလာတာကြောင့် သူဟာ ရောင်စုံခဲတံကို လက်မနဲ့ လက်ချောင်းတွေနဲ့ ကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ သူဟာ ရောင်စုံခဲတံကို ကျင်ကျင်လည်လည် သုံးစွဲနိုင်တာကြောင့် စာရွက်ပေါ်မှာ သတိထားမိနိုင်တဲ့ အရုပ်တွေကို ရေးဆွဲနိုင်ပြီ ဖြစ်ပါတယ်။ လူအရိုးချောင်းပုံ၊ သစ်ပင်၊ အိမ် အစရှိသည်တို့ကို ဆွဲနိုင်ပြီ ဖြစ်ပါတယ်။

လမ်းလျှောက်တတ်ကာစ ကလေးငယ်ဟာ ဘာတွေကို လုပ်ဖို့ ပြင်ဆင်နေပြီလဲ။

ကလေး အသံထွက်မှားခြင်း၊ အမှားလုပ်ခြင်းတွေမှာ ရယ်ချင်စိတ်ကို ထိန်းချုပ်သင့်ပါတယ်။ သူ့ရဲ့ အမှားတွေကို ပြင်ဆင်မယ့်အစား ကလေးငယ်ကို အမှန်က ဘယ်လိုဆိုတာ ပြောပြပြီး ဘယ်လိုကွာတယ်ဆိုတာအပေါ် မှတ်ချက် မပေးသင့်ပါဘူး။ ပြီးရင်တော့ သင့်ရဲ့ စာအုပ်ထဲမှာ ဒီအကြောင်းအရာတွေကို ဘယ်တော့မှ မမေ့အောင် ရေးမှတ်ထားသင့်ပါတယ်။

ဘယ်လို စည်းကမ်းချက်တွေက ကလေးအတွက် အသင့်လျော်ဆုံးလဲဆိုတာကို သင်က သင်ယူနေနိုင်ပါတယ်။ ဒါပေမယ့် အောက်ပါအချက်ကိုတော့ ဘယ်တော့မှ မလုပ်သင့်ပါဘူး။ သင့်ကလေး ချစ်တဲ့ ဝက်ဝံရုပ်၊ ဘိုမရုပ်၊ အခြားအရုပ်အစရှိတာတွေကို အပြစ်ပေးတဲ့ အနေနဲ့ သူတို့နဲ့ ဝေးရာကို ယူမသွားသင့်ပါဘူး။ အရုပ်ဟာ သူတို့အတွက် သင့်ကိုယ်စားဖြစ်နိုင်ပြီး သူတို့ကို သက်တောင့်သက်သာ အဖြစ်နိုင်ဆုံးအရာ ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လောက်စိတ်ဆိုးသည် ဖြစ်စေ၊ ဘယ်အရာကို သင်ကြားပေးလိုသည်ဖြစ်စေ ကလေးငယ်အတွက် အရေးကြီးတဲ့ အရာကို ယူသွားခြင်း မပြုသင့်ပါဘူး။

အနုပညာ ပစ္စည်းတွေနဲ့ ထိတွေ့မှုရဖို့ အခွင့်အလမ်း အများအပြားကို ကလေးငယ်ကို ပေးသင့်ပါတယ်။ ရောင်စုံခဲတံ အကြီးစား၊ ခဲတံ အကြီးစား၊ အရောင်ပါတဲ့ ခဲတံတွေ၊ ပြန်ဖျက်နိုင်တဲ့ markers ၊ မြေဖြူ၊ ရေဆေး၊ ရွှံ့ အစရှိတာတွေကို ပေးထားသင့်ပါတယ်။ သင့်ကလေးငယ်က အနုပညာပေါ်မှာ အာရုံစူးစိုက်မှုရှိလဲဆိုတာ စောင့်ကြည့်ပါ။

ဆရာဝန်ထံသွားလည်တဲ့အချိန်မှာ ကလေးငယ်က ဘာတွေ ဖြစ်လာမှာလဲ။

သင့်ကလေးကို အခြားသူငယ်ချင်းတွေနဲ့ နှိုင်းယှဉ် မပြောသင့်ပါဘူး။ ကလေးငယ်တိုင်းဟာ ကွဲပြားစွာ ကြီးပြင်းလာမှာ ဖြစ်ပါတယ်။ တကယ်လို့ သူဟာ စကားလုံးအသစ်၊ ကျွမ်းကျင်မှုအသစ်၊ concepts အသစ်တွေကို သင်ယူနေတယ်ဆိုရင် ဒါဟာ အဆင်ပြေပါတယ်။ သူဟာ တစ်နေရာရာမှာ ရပ်တန့်နေခြင်း (သို့) နောက်ဆုတ်နေခြင်းတွေ ဖြစ်တယ်ဆိုရင်တော့ တတ်နိုင်သမျှစောစော ကုသမှုတွေ ပြုလုပ်နိုင်စေဖို့ ဆရာဝန်ကို ပြောပြသင့်ပါတယ်။

ဆရာဝန်ကို ဘာတွေ ပြောပြသင့်သလဲ။

သင့်ကလေးရဲ့ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို တွေ့ရှိရင် ဆရာဝန်ထံ ကလေးကို ခေါ်သွားသင့်ပါတယ်။ သွေးအားနည်းခြင်း၊ ခဲအဆိပ်သင့်ခြင်းတွေကို သိရှိဖို့ သွေးစစ်ဆေးမှုကို ပြုလုပ်သင့်ပါတယ်။

ဘယ်လိုကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုတွေကို မျှော်လင့်ထားသင့်သလဲ။

သင့်ကလေးငယ်ဟာ အခုအချိန်မှာ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ လှေကားတက်ခြင်းတွေကို ပြုလုပ်နေမှာ ဖြစ်ပေမယ့် လှုပ်ရှားမှု အကြီးစားတွေနဲ့ အသေးစားတွေအတွက် ပုံမှန်ဖြစ်မှုဆိုတာ သတ်မှတ်ချက် ကျယ်လွန်းပါတယ်။ ဥပမာ ကလေးငယ်တွေဟာ ခြေတစ်ဖက်နဲ့ရပ်နိုင်ခြင်း၊ ခုန်ခြင်း၊ ဘောလုံးပစ်ခြင်းတွေ ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ တကယ်လို့ သင့်ကလေးဟာ ဒီအရာတွေ မလုပ်နိုင်သေးဘူးဆိုရင် ကလေးဆရာဝန်နဲ့ ပြသပြီး သူ့ရဲ့ လှုပ်ရှားမှုတွေ ပုံမှန်မဟုတ်ခြင်း ဖြစ်နေသလား၊ မကြာခဏ ပြုတ်ကျနေသလားဆိုတာ စစ်ဆေးသင့်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Toddler Development Now: What’s Normal, What’s Not.http://www.whattoexpect.com/toddler-development/normal-child-development.aspx.Accessed date. 03/06/2015.

Your 30-month-old: Why regression happens.http://www.babycenter.com/6_your-30-month-old-why-regression-happens_10329652.bc.Accessed date. 03/06/2015.

Your 30-month-old: An eye for details.http://www.babycenter.com/6_your-30-month-old-an-eye-for-details_10329653.bc.Accessed date. 03/06/2015.

Your 30-month-old: Learning language.http://www.babycenter.com/6_your-30-month-old-learning-language_10329729.bc.Accessed date. 03/06/2015.

Your 30-month-old: Creating art.http://www.babycenter.com/6_your-30-month-old-creating-art_10329539.bc.Accessed date. 03/06/2015.

ယခုပုံစံ

10/08/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးအသားအရေ ချွေးမစားစေဖို့ ဘယ်လိုကူညီပေးနိုင်သလဲ              

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement