backup og meta

သားဦးမိဘတွေ မေးနိုင်တဲ့ မေးခွန်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားဦးမိဘတွေ မေးနိုင်တဲ့ မေးခွန်းများ

    ကလေးတစ်ယောက်ကိုမွေးဖွားရတာ ပိုပြီး ပျော်စရာ၊ ချစ်စရာကောင်းပေမယ့် စိတ်ပူစရာတွေ၊ စိုးရိမ်စရာ မေးခွန်းတွေကလည်း များပြားလှပါတယ်။ ခုမှ မိဘဖြစ်မယ့်သူတွေ မေးချင်တဲ့ မေးခွန်းတွေကလည်း ထောင်ပေါင်းများစွာ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီဆောင်းပါးကတော့ အမေးအများဆုံး မေးခွန်း ၄မျိုးကိုပဲ ဖြေပေးသွားမှာဖြစ်ပြီး ဒါလေးကို တစ်ချက်ကြည့်လိုက်တာနဲ့ ခုမှ မိခင်ဖြစ်မယ့် အမေကလည်း ကလေးကို ဂရုစိုက်နိုင်ဖို့ သေချာ ပြင်ဆင်ပေးသွားနိုင်မှာပါ။

    ကျွန်တော်တို့ရဲ့ ကလေးဟာ အာဟာရပြည့်မပြည့်ဘယ်လိုသိနိုင်မလဲ။

    ကလေးရဲ့ ကိုယ်အလေးချိန်ကို စစ်ဆေးတာက အယုံကြည်ရဆုံး နည်းလမ်းပါပဲ။ တကယ်လို့ သင်က သင့်ကလေးရဲ့ အလေးချိန်ဟာ တစ်ပတ်ကို ၁ကီလိုကနေ ၃ကီလိုအထိတိုးလာတာ တေ့ရမယ်ဆိုရင် သူတို့ဟာ လုံလောက်တဲ့ အာဟာရတွေကို ရရှိနေတာပါပဲ။ ဖြစ်နိုင်ချေရှိတဲ့ အခြားနည်းလမ်းတစ်ခုကတော့ သင့်ကလေးအတွက် အစာကျွေးချိန်ကို စီစဉ်လိုက်တာပါ။ နို့တိုက်ချိန်ကိုပဲ ကြည့်မယ်ဆိုရင် တစ်ရက်ကို ၄ကြိမ်ကနေ ၆ကြိမ်ထိ နို့တိုက်နိုင်ပါတယ်။ သူတို့ရဲ့ဆီးအရောင်ဟာ ကြည်လင်နေတာပဲဖြစ်ဖြစ် ဖြူဖပ်ဖပ်ဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။ တကယ်လို့များ အဝါရောင် ရင့်ရင့် ဒါမှမဟုတ် အဝါရောင်သမ်းနေတာကို တွေ့မယ်ဆိုရင် သူတို့ဟာ နို့အလုံအလောက် မစို့ရလို့ပါ။

    ကိုယ်ဝန်ဆောင်စဉ်မှာ ဘယ်လို ကာကွယ်ဆေးမျိုးထိုးသင့်သလဲ။

    ကိုယ်ဝန်ဆောင်စဉ်မှာ ကာကွယ်ဆေးထိုးလိုက်ရင်တော့ သင့်ကလေးဆီကို အချို့သော ခုခံနိုင်စွမ်းတွေ ထည့်ပေးလိုက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ သင်မဖြစ်မနေထိုးသင့်တဲ့ အရေးအကြီးဆုံး ကာကွယ်ဆေး နှစ်မျိုးရှိပါတယ်။ ဒါတွေကတော့။

    Flu Jab; သင်နဲ့သင့်ကလေးကို တုပ်ကွေး ဗိုင်းရပ်စ်တွေဆီကနေ ကာကွယ်ဖို့ flu jab ကို ထိုးရမှာပါ။ သင့်ရဲ့ ခုခံအားစနစ်က အားနည်းလာပြီး အထူးသဖြင့်တော့ ကိုယ်ဝန်ဆောင်စဉ်မှာ ဒီလို အဖျားအနာတွေကို ကာကွယ်နိုင်ဖို့ အားနည်းလွန်းတာကြောင့် သင့်ကိုယ်ဝန်ဘယ်အခြေအနေပဲရှိရှိ ဒီကာကွယ်ဆေးကို ထိုးကိုထိုးသင့်ပါတယ်။

    ကြက်ညှာချောင်းဆိုး; ကိုယ်ဝန်ဆောင်တွေတိုင်းရဲ့ တတိယ ၃လမှာ ကြက်ညှာချောင်းဆိုး ကာကွယ်ဆေးထိုးဖို့က အမျိုးသမီးတွေအတွက် အရေးကြီးလှပါတယ်။ ကာကွယ်ဆေးတွေက ဒီရောဂါကို ကာကွယ်နိုင်ဖို့ အကောင်းဆုံး နည်းလမ်းပါပဲ ။ Adult Tdap ဟာ အသက် ၁၁နှစ်နဲ့ အထက် လူတိုင်းထိုးရတဲ့ ကြက်ညှာချောင်းဆိုး ကာကွယ်ဆေးပါပဲ။ ကိုယ်ဝန်ဆောင်တွေပါ အပါအဝင်ပေါ့။

    ကလေးရဲ့ ချက်ကြိုးကို ဘယ်လိုလုပ်လိုက်ရမလဲ။

    မွေးဖွားပြီး သုံးပတ်ကြာတဲ့အချိန်မှာ ကလေးရဲ့ ချက်ကြိုးဖြတ်ထားတဲ့ အနာလည်း ခြောက်သွားလောက်ပြီး အနက်ရောင်ကိုပြောင်းသွားလို့ ကြွေကျသွားလောက်ပါပြီ။ ချက်ကြွေပြီးတဲ့နောက် သန့်ရှင်းနေဖို့ဆိုတာက ကလေးကို ပိုးမဝင်ဖို့အတွက် အထူးအရေးကြီးပါတယ်။ မိခင်တွေ မှတ်သားထားသင့်တဲ့ အချက် ၂ချက်ကို ဒီမှာ ဖော်ပြပေးလိုက်ပါတယ်။

    ချက်ကို သူ့အလိုလိုသာ ကြွေကျပါစေ။ ။ မခွာလိုက်ပါနဲ့။ ခွာလိုက်တာက ကလေးကို နာကျင်စေပါတယ်။ အချိန်တစ်ခုရောက်လာရင် သင်တောင် သတိမထားလိုက်မိဘဲ ချက်ကြွေသွားမှာပါ။

    ကြွေသွားတဲ့နေရာကို သန့်စင်ပေးပါ။ ။ မိဘအများစုဟာ ဒီချက်ကြိုးနေရာကို သန့်စင်ဆေးကြောတဲ့အခါ ဘက်တီးရီးယားတွေ သေစေဖို့ အရက်နဲ့ဆေးပါဆိုပြီး ပြောတဲ့ အကြံဉာဏ်တွေ လက်ခံရရှိတတ်ပါတယ်။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေကတော့ ရေသီးသန့်နဲ့ဆေးတာက ပိုပြီး မြန်မြန်ပျောက်ကင်းစေတယ်လို့ဆိုကြပါတယ်။ တကယ်လို့ သင့်ကလေးရဲ့ ချက်နေရာက ညစ်ပတ်ပြီး စေးကပ်ကပ်ဖြစ်နေတယ်ဆိုရင် နူးညံ့သန့်စင်တဲ့ အဝတ်စကိုသာ သုံးပြီး ချက်နေရာတစ်ဝိုက်မှာ သန့်စင်ပေးပါ။

    ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ကိုယ်အလေးချိန် ဘယ်လောက်တိုးလာသင့်သလဲ။

    ကိုယ်ဝန်ဆောင်စဉ်မှာ အလေးချိန်တိုးလာတယ်ဆိုတာ ဗိုက်ထဲက ကလေးဟာ သူတို့ရဲ့ ဖွံ့ဖြိုးမှုအတွက် အာဟာရပြည့်ပြည့်ဝဝရရှိဖို့ အရေးကြီးလှပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လောက် အလေးချိန်တိုးလာနိုင်တယ်ဆိုတာကတော့ သင်ကိုယ်ဝန်မဆောင်မီက သင့်ရဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို မူတည် တွက်ချက်ထားတဲ့ BMI ကို အသုံးပြုလို့ တွက်ချက်ကြပါတယ်။ ဒီမှာတော့ သင်ကိုယ်ဝန်ဆောင်ချိန်မှာ ရှိသင့်တဲ့ စံပြုညွှန်းကိန်းတွေကို ဖော်ပြပေးထားပါတယ်။

    ကျန်းမာတဲ့ အလေးချိန် ( BMI – 18.5 မှ 24.9): ၁၀ကီလို ကနေ ၁၅ကီလိုထိ အလေးချိန် တိုးလာသင့်ပါတယ်။

    ကိုယ်အလေးချိန်နည်းသူ ( BMI 18.5အောက် ): ၁၂ကီလိုကနေ ၁၈ကီလိုထိ အလေးချိန်တိုးလာသင့်ပါတယ်။

    အလေးချိန်များနေသူ (BMI 25.0မှ 29.9) : ၆ကီလိုမှ ၁၀ကီလိုထိ အလေးချိန်တိုးလာသင့်ပါတယ်။

    အဝလွန်နေသူ (BMI ≥ 30.0) : သင်ကတော့ ၄ကီလိုမှ ၈ကီလိုထိ အလေးချိန်တိုးလာသင့်ပါတယ်။

    အမြွှာကိုယ်ဝန်ဆောင်ခြင်း

    သင်ဟာ-

    – တကယ်လို့များ သင်က သင့်လျော်တဲ့အလေးချိန်ရှိနေတယ်ဆိုရင် ၁၅ကီလိုမှ ၂၄ကီလို

    – အလေးချိန်များတယ်ဆိုရင် ၁၄ကီလိုမှ ၂၂ကီလိုထိ

    – အဝလွန်နေတယ်ဆိုရင်တော့ ၁၀ကီလိုကနေ ၂၀ကိလိုထိ အလေးချိန်တိုးလာသင့်ပါတယ်။

    ခုမှ မိဘဖြစ်မယ့်သူတွေ မေးနိုင်မယ့် မေးခွန်းတွေ အများကြီးရှိနေပါသေးတယ်။ ဒါကြောင့် တကယ်လို့များ သင့်မှာ မသေချာ မရေရာဲ့ မေးခွန်းတွေရှိနေတယ်ဆိုရင် ပိုပြီးဆွေးနွေးနိုင်ဖို့အတွက် ကလေးအထူးကု ဒါမှမဟုတ် အတွေ့အကြုံရှိတဲ့ မိခင်ကို မေးမြန်းဆွေးနွေးနိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement