backup og meta

ကလေးများကို အနိုင်ကျင့်ချင်စိတ်ဖြစ်လာအောင် ဘယ်အရာတွေက တွန်းအားပေးနေသလဲ

ကလေးတိုင်း မဟုတ်ပေမယ့် အချို့ကလေးတွေက အနိုင်ကျင့်လိုစိတ် ရှိကြပါတယ်။ ဒီလိုမျိုး ကလေးများကို အနိုင်ကျင့်ချင်စိတ်ဖြစ်လာအောင် ဘယ်အရာတွေက တွန်းအားပေးနေသလဲ ဆိုတာကို မေမေတို့ သိပါရဲ့လား …..

ကလေးများကို အနိုင်ကျင့်ချင်စိတ်ဖြစ်လာအောင် ဘယ်အရာတွေက တွန်းအားပေးနေသလဲ

အခြားကလေးတွေကို အနိုင်ကျင့်ချင်စိတ်ဖြစ်လာအောင် ဘယ်အကြောင်းအရာများက လှုံ့ဆော်ပေးပါသလဲ။ ဖြစ်နိုင်တဲ့ အကြောင်းရင်းများစွာရှိပါတယ်။ ဒီဆောင်းပါးမှာ ကလေးများကို အနိုင်ကျင့်ချင်စိတ်ဖြစ်လာအောင် ဘယ်အရာတွေက တွန်းအားပေးနေသလဲ ဆိုတာကို ပြောပြသွားမှာ ဖြစ်ပါတယ်။

ကလေးများကို အနိုင်ကျင့်ချင်စိတ်ဖြစ်လာအောင် ဘယ်အရာတွေက တွန်းအားပေးနေသလဲ

ကလေးများကို အနိုင်ကျင့်ချင်စိတ်ဖြစ်လာအောင် ဘယ်အရာတွေက တွန်းအားပေးနေသလဲဆိုတော့

  • မိသားစုဘဝ

ပထမအချက် အနေနဲ့ မိသားစုဘဝက အနိုင်ကျင့်ရခြင်းရဲ့ ပထမဆုံးအကြောင်းအရင်း ဖြစ်ပါတယ်။ အိမ်မှာ မိဘများအချင်းချင်း၊ မိသားစုဝင်များ၊ မောင်နှမများအကြား အနိုင်ကျင့်မှုများကို ကလေးတွေက မြင်နေရခြင်းကြောင့် အတူယူပြီး အဲ့အတိုင်း ပြုမူခြင်းဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ မိဘတွေသူတို့ အပေါ် ဘယ်လိုဆက်ဆံသလဲဆိုတာပေါ် မူတည်ပြီး သူတို့ကလည်း အခြားကလေးများကို ဆက်ဆံပုံ ကွာသွားခြင်းဖြစ်ပါတယ်။

  • အမူအကျင့်များ ပုံမှန်မဟုတ်ခြင်း

ကလေးတွေက သူတို့စိတ်ရဲ့ လှုံ့ဆော်မှုများနဲ့ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တဲ့ စိတ်ရောဂါများကို ခံစားနေရရင် အနိုင်ကျင့်ခြင်းကို ပြုလုပ်မိဖို့ ပိုလွယ်ပါတယ်။ ဒီလို ကလေးတွေက စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ စိတ်ရှိရာ ပြုလုပ်ခြင်း၊ တပါးသူရဲ့ စိတ်ခံစားချက်ကို ကိုယ်ချင်းမစာဘဲ ပြုလုပ်ခြင်း စသည့် မူမမှန်တဲ့ အမူအကျင့်များရှိတတ်ကြပါတယ်။

ဒီလို မူမမှန်တဲ့ စိတ်အခြေအနေကို မိဘများက တတ်နိုင်သလောက် စောစော သတိမပြုမိဘဲ ကလေး အရွယ်ရောက်လာချိန်မှ သိရင် ကုရခက်နိုင်ပါတယ်။

ဒီလိုမဟုတ်ဘဲ မိဘများက သူတို့ကလေးက စိတ်ရောဂါခံစားနေရလို့ အနိုင်ကျင့်တာဆိုပြီး စိတ်ရောဂါကို အပြစ်ပုံချပြီး လွှတ်ပေးထားခြင်းမျိုးဆိုရင်တော့ ကလေးကို အနိုင်ကျင့်ခွင့်ပေးသလို ဖြစ်သွားပါလိမ့်မယ်။

  • လူအများကြားတွင် အစွမ်းပြလိုခြင်း

ဟော်လန်နိုင်ငံ Groningen တက္ကသိုလ် ပါမောက္ခ Rene Veenstra ၏ပြောကြားချက်အရ အနိုင်ကျင့်ခြင်းများပြုလုပ်ခြင်းသည် အချစ်ခံချင်သောကြောင့် မဟုတ်ပါ။ သူတို့ကို သတိထားမိလာအောင်ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုပါသည်။

အနိုင်ကျင့်လိုက်လျှင် သူတို့သည် နာမည်ကြီးသွားမည်ဟု ခံယူထားကြသည်။ ကျောင်းတွင် အနိုင်ကျင့်နိုင်သူသည် ခွန်အားကြီးသည်ဟု အများက သတိထားမိပြီး နာမည်ကြီးမှုကို သူတို့လိုချင်ကြပါသည်။

ထို့ပြင် ထိုသို့အနိုင်ကျင့်ခြင်းဖြင့် သူတို့သည် ပြသနာ အတော်အများကို ဖြေရှင်းတတ်ကြသည်။ စိတ်ခံစားမှုများကို ထိန်းချုပ်ပြီး အခြားသူများကို လေးစားမှုဖြင့် ဆက်ဆံမည့်အစား အကြမ်းဖက်လိုက်ခြင်းဖြင့် ပြသနာတစ်ခုကို အလွယ်တကူ အနိုင်ယူလိုက်ကြပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် သူတို့သည် ဘဝတွင် ပြသနာများကို မည်သို့ ဆီလျော်စွာဖြေရှင်းရမည်ကို မလေ့လာဖူးခဲ့သောကြောင့် ဖြစ်သည်။ အနိုင်ကျင့်သူများသည် အခြေအနေတရပ်ကို သေချာစွာ စဉ်းစားတွေးခေါ်ပြီး ချဉ်းကပ်ခြင်းမပြုဘဲ အနိုင်ကျင့်ခြင်းဖြင့်သာ အဆုံးသတ်လိုက်ကြပါသည်။

  • သားကောင်ကို အနိုင်ကျင့်ခြင်း

အနိုင်ကျင့်သောသူသည် သူကိုယ်တိုင်အနိုင်ကျင့် ခံနေရသောကြောင့် သူတပါးကို အနိုင်ကျင့်ခြင်းဖြစ်နိုင်ပါသည်။ သူနာကျင်သလို သူများကိုလည်း နာကျင်အောင်ပြုလုပ်ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် သူ့ကို အနိုင်ကျင့်သောသူကို ပြန်အနိုင်ကျင့်ခြင်း သိုကမဟုတ် အခြားသော သူ့ထက်အားနည်းသော သားကောင်အပေါ် အနိုင်ကျင့်ခြင်တို့ ပြုလုပ်ခြင်းဖြစ်ပါသည်။

  • ဖျော်ဖြေမှုများမှ လေ့လာခြင်း

ယနေ့ခေတ်တွင် အင်တာနက်ကွန်ယက်များ ကျယ်ပြန့်လာသည်နှင့်အမျှ ရုပ်ရှင်များ၊ ကာတွန်းများ သည် ကလေးများနှင့် လက်တကမ်းအနေအထားဖြစ်ပါသည်။ သို့သော် မကောင်းသော အချက်ကလေးမျာမှာ ကလေးများသည် ထိုရုပ်ရှင်များထဲမှ အနိုင်ကျင့်ခြင်း၊ တိုက်ခိုက်ခြင်း ၊ အကြမ်းဖက်ခြင်းများကို အတုမြင် အတတ်သင်လာကြခြင်းဖြစ်ပါသည်။

ထိုသို့သော အနိုင်ကျင့်တတ်သည့် အမူအကျင့်များကို ပျောက်သွားစေရန် မိဘများက ပညာပေးခြင်း၊ စောင့်ရှောက်ခြင်းများပြုလုပ်ပေးသင့်ပါသည်။ အချို့သော ကလေးများသည် သူတို့ကိုယ်သူတို့ အနိုင်ကျင့်သော အမူအရာများပြုလုပ်နေကြောင်း ရှင်းပြ၍ မရလောက်အောင် အသက်ငယ်ရွယ်နေတတ်ကြပါသည်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What motivates kids who are bullies? http://www.webmd.com/parenting/news/20100325/what-motivates-kids-who-are-bullies#1. Accessed April 9, 2017
What motivates someone to become bully? http://ofsbullybusters.weebly.com/what-motivates-a-bully.html. Accessed April 9, 2017
The secret life of bullies: why they do it and how to stop them?
https://www.empoweringparents.com/article/the-secret-life-of-bullies-why-they-do-it-and-how-to-stop-them/. Accessed April 9, 2017

ယခုပုံစံ

18/10/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးက ရိုးရိုးဖျားတာလား သွေးလွန်တုပ်ကွေးလား

ကလေးကြီးထွားမှုကို နှောင့်ယှက်နေတဲ့ ခေတ်သစ်ရန်သူများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/10/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ