backup og meta

အသက်လေးနှစ်မတိုင်ခင် မေ့ဆေး၊ထုံဆေး အသုံးပြုခြင်းက ကျောင်းပညာရေးအဆင့်ကိုကျဆင်းစေသည်။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက်လေးနှစ်မတိုင်ခင် မေ့ဆေး၊ထုံဆေး အသုံးပြုခြင်းက ကျောင်းပညာရေးအဆင့်ကိုကျဆင်းစေသည်။

    Swedish study အသစ်တစ်ခုက ခွဲစိတ်ဖို့အတွက် မေ့ဆေး (သို့) ထုံဆေးကို အသက် ၄ နှစ်အောက် ကလေးငယ်တွေမှာ အသုံးပြုခြင်းဟာ ကလေးငယ်တွေရဲ့ ကျောင်းအဆင့် ကို နည်းစေပြီး ဆယ်ကျော်သက်အရွယ်ရဲ့ နောက်ပိုင်း နှစ်တွေမှာ IQ scores ကို နိမ့်စေတယ်လို့ဆိုပါတယ်။

    မေ့ဆေး၊ ထုံဆေး အသုံးပြုခြင်းဟာ မှတ်ဉာဏ်ကို ထိခိုက်နိုင်ပါတယ်။

    ကျွမ်းကျင်သူတွေက Swedin မှာ ၁၉၇၃ ကနေ ၁၉၉၃ အတွင်း မွေးခဲ့တဲ့ ကလေးငယ် ၂ သန်းရဲ့ အချက်အလက်တွေကို စစ်ဆေးကြည့်ခဲ့ကြပါတယ်။

    သုတေသီတွေက ခွဲစိတ်မှု တစ်ခု ပြုလုပ်ဖူးပြီး အသက် ၄ နှစ်အရွယ်အထိ မေ့ဆေး၊ ထုံဆေး အသုံးပြုဖူးကာ နောက်ထပ်အသက် ၁၆ နှစ်အရွယ်အထိ ဆေးရုံတက်ခြင်း (သို့) ခွဲစိတ်ခြင်း ထပ်မံမပြုလုပ်ခဲ့တဲ့ ကလေးငယ် ၃၃၅၀၀ လောက်ကို အဓိက ထား မေးမြန်းခဲ့ကြတာဖြစ်ပါတယ်။

    ဒီကလေးငယ်တွေကို အသက် ၁၆ နှစ်အထိ မေ့ဆေး၊ ထုံဆေး အသုံးမပြုဖူးတဲ့ ကလေးငယ် ၁၆၀၀၀၀ နဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။ သုတေသီတွေက မေ့ဆေး၊ ထုံဆေး တစ်ခါထပ်ပိုပြီး ခွဲစိတ်ခံရဖူးတဲ့ ကလေးငယ် ၃၆၄၀ ကိုလည်း လေ့လာခဲ့ပါတယ်။ မေ့ဆေး၊ ထုံဆေးတွေကို အသက် ၄ နှစ်မတိုင်မီ အသုံးပြုဖူးတဲ့ကလေးတွေဟာ အသက် ၁၆ နှစ်အထိ မေ့ဆေး၊ ထုံဆေးအသုံးမပြုဖူးတဲ့ ကလေးငယ်တွေနဲ့ ယှဉ်ရင် အတန်းအဆင့်တွေမှာ ဝ.၄၁% လျော့နည်းတာကို တွေ့ရပါတယ်။

    သူတို့ရဲ့ IQ scores တွေဟာ အသက် ၁၈ နှစ်အရွယ်မှာ ဝ.၉၇% ပိုမိုလျော့နည်းတာကို တွေ့ရပါတယ်။

    လေ့လာမှုအရ အသက် ၄ နှစ်မတိုင်ခင် ခွဲစိတ်မှုလုပ်ထားတဲ့ ကလေးငယ်တွေမှာ ပျမ်းမျှ ကျောင်းအဆင့်ဟာ ၁.၄၁% လျော့နည်းတာကို တွေ့ရပါတယ်။ မေ့ဆေး၊ ထုံဆေး ကို သုံးကြိမ် (သို့) သုံးကြိမ်ထက်မနည်း အသုံးပြုဖူးသူတွေမှာတော့ ၁.၈၂% လျော့နည်းတာကို တွေ့ရပါတယ်။

    ပိုမို ဆိုးတဲ့ အဆင့်ရတဲ့ ကလေးအုပ်စုတွေ ရှိနေနိုင်ပေမယ့် အသက်ငယ်စဉ် ခွဲစိတ်မှုခံယူရတဲ့ကလေးငယ်တွေမှာ ပညာရေးပိုင်းဆိုင်ရာ ကွာခြားမှုတွေ ရှိတယ်ဆိုတဲ့ အချက်ကတော့ သိသာနေပါတယ်။

    ကလေးငယ်တွေမှာ အသုံးပြုတဲ့ မေ့ဆေး၊ ထုံဆေးတွေကို စိတ်ချရတယ်လို့ ယူဆရပါတယ်။

    အသက် ၄ နှစ်အောက် မေ့ဆေး၊ ထုံဆေး အသုံးပြုပြီး ခွဲစိတ်ခံရတဲ့ ကလေးတွေဟာ အခြားကလေးတွေနဲ့ ယှဉ်ရင် အဆင့်ကျပေမယ့် ကွာခြားမှုဟာ အလွန်နည်းပါးတာကြောင့် မိဘတွေ ဟာ ဒါကို စိတ်မပူသင့်ပါဘူး။ JAMA Pediatrics မှာ လုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုက ကလေးငယ်တွေမှာ မေ့ဆေး၊ ထုံဆေးနဲ့ ခွဲစိတ်ဖူးခြင်းကြောင့် ပညာရေးပိုင်းဆိုင်ရာ အဆင့်ကျဆင်းခြင်းဟာ စိတ်ပူဖွယ်မရှိပါဘူး လို့ ဆိုပါတယ

    ခွဲစိတ်စဉ် အသုံးပြုတဲ့မေ့ဆေးရဲ့ ဆိုးကျိုးတွေဟာ ကလေးရဲ့ ဉာဏ်ရည်ပေါ်သက်ရောက်မှုရှိတဲ့ မိခင်ရဲ့ ပညာရေး၊ လိင်၊ မွေးလ အစရှိတာတွေနဲ့ ယှဉ်ရင် အလွန်နည်းပါးတယ်လို့ ယုံကြည်ကြပါတယ်။

    သုတေသန ပြုလုပ်သူတွေက တွေ့ရှိချက်တွေဟာ ကြောက်စရာမကောင်းတာကြောင့် လိုအပ်တဲ့ ခွဲစိတ်မှုကို ပြုလုပ်ဖို့ မိဘတွေကို အားပေးသင့်တယ်လို့ ယုံကြည်ကြပါတယ်။

    တိရိစ္ဆာန်တွေမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ မေ့ဆေး၊ ထုံဆေးနဲ့ ထိတွေ့ခြင်းဟာ ဦးနှောက် ဖွံ့ဖြိုးမှုကို ပြောင်းလဲမှုတွေ ရှိစေနိုင်ပါတယ်။ ဒါပေမယ့် ကလေးငယ်တွေမှာ အသုံးပြုတဲ့ ပမာဏနဲ့ ကြာမြင့်ချိန်တွေဟာ ဒီလိုပြောင်းလဲမှုတွေကို မဖြစ်စေနိုင်ပါဘူး။

    မေ့ဆေး၊ ထုံဆေးတွေဟာ အသက် ၄ နှစ်အောက် ခွဲစိတ်မှု ခံယူရတဲ့ကလေးတွေမှာ တစ်ကြိမ်တည်းနဲ့ ပြောင်းလဲမှုတွေကို မတွေ့ရ (သို့) အလွန်နည်းတယ်လို့ ဆိုပါတယ်။ ဒီလိုပဲ ခွဲစိတ်စဉ် မေ့ဆေး၊ ထုံဆေး နဲ့ ထိတွေ့ခြင်းဟာ ဉာဏ်ပညာပိုင်းဆိုင်ရာ ပညာရေးပိုင်းဆိုင်ရာ ထူးချွန်မှုတွေအပေါ် အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement